မန္မာလူမ်ိဳးမွန္ရင္ေတာ့ လြယ္ကူစြာ ကာမစပ္ယွက္ျခင္းက
အမဂၤလာတပါး ပါ လို႔ ေျပာလိုက္တဲ့ အဆိုေတာ္ ခ်မ္းခ်မ္း
" တခါတရံ လူငယ္ေတြက လိင္ပိုင္းဆိုင္ရာအထိအေတြ႕ကို အခ်စ္စစ္လို႔ထင္ၾကတယ္။ ေတာ္ေတာ္မ်ားမ်ားက ရည္းစားစထားပီဆိုရင္ မထိမေတြ႕ပဲေနရင္ ကိုယ့္ကိုမခ်စ္ဘူးလို႔ ထင္ၾကတယ္။ ဒါက ေတာ္ေတာ္မွားယြင္းတ့ဲအယူအဆပါ။ မိန္းမေကာင္းျဖစ္ဖို႔အတြက္ စည္းကမ္းခ်က္ေတြ အမ်ားႀကီးထားၿပီးေနဖို႔ေတာ့ မလိုပါဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို တန္ဖိုးထားမွ တဖက္ကလူကလဲ ဘဝအတြက္ အိမ္ေထာင္ဘက္ေရြးခ်ယ္တ့ဲအခါ စဥ္းစားဥာဏ္႐ွိၿပီး လြယ္လြယ္မရႏိုင္ဘူးဆိုတ့ဲ မိန္းကေလးေတြကိုသာ တန္ဖိုးထား ခ်စ္ၾကတာကို တခ်ိန္မွာ သိလာၾကမွာပါ။
Living together ဆိုတာ အေနာက္ႏိုင္ငံေတြမွာ အဆန္းမဟုတ္ေတာ့ေပမ့ဲ ျမန္မာလူမ်ိဳးမွန္ရင္ေတာ့ ဒီလို လြယ္ကူစြာ ကာမစပ္ယွက္ျခင္းက အမဂၤလာတပါး ဆိုတာ မိန္းကေလးတိုင္း ေယာက်ၤားေလးတိုင္း သိထားသင့္ပါတယ္။ တကယ္ဆို ကိုယ္ခ်စ္တ့ဲသူန႔ဲ ေန႔တိုင္းေတြ႕ေနျခင္းဟာလဲ ခံယူႏိုင္ရင္ ေန႔တိုင္း valentine ပါပဲလို႔ ေျပာခ်င္ပါတယ္ "
ရတု
https://www.facebook.com/mhmmyanmar/posts/1651971598442420
==========
Unicode>>>
မန်မာလူမျိုးမှန်ရင်တော့ လွယ်ကူစွာ ကာမစပ်ယှက်ခြင်းက
အမင်္ဂလာတပါး ပါ လို့ ပြောလိုက်တဲ့ အဆိုတော် ချမ်းချမ်း
" တခါတရံ လူငယ်တွေက လိင်ပိုင်းဆိုင်ရာအထိအတွေ့ကို အချစ်စစ်လို့ထင်ကြတယ်။ တော်တော်များများက ရည်းစားစထားပီဆိုရင် မထိမတွေ့ပဲနေရင် ကိုယ့်ကိုမချစ်ဘူးလို့ ထင်ကြတယ်။ ဒါက တော်တော်မှားယွင်းတဲ့အယူအဆပါ။ မိန်းမကောင်းဖြစ်ဖို့အတွက် စည်းကမ်းချက်တွေ အများကြီးထားပြီးနေဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ တဖက်ကလူကလဲ ဘဝအတွက် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါ စဉ်းစားဉာဏ်ရှိပြီး လွယ်လွယ်မရနိုင်ဘူးဆိုတဲ့ မိန်းကလေးတွေကိုသာ တန်ဖိုးထား ချစ်ကြတာကို တချိန်မှာ သိလာကြမှာပါ။
Living together ဆိုတာ အနောက်နိုင်ငံတွေမှာ အဆန်းမဟုတ်တော့ပေမဲ့ မြန်မာလူမျိုးမှန်ရင်တော့ ဒီလို လွယ်ကူစွာ ကာမစပ်ယှက်ခြင်းက အမင်္ဂလာတပါး ဆိုတာ မိန်းကလေးတိုင်း ယောကျင်္ားလေးတိုင်း သိထားသင့်ပါတယ်။ တကယ်ဆို ကိုယ်ချစ်တဲ့သူနဲ့ နေ့တိုင်းတွေ့နေခြင်းဟာလဲ ခံယူနိုင်ရင် နေ့တိုင်း valentine ပါပဲလို့ ပြောချင်ပါတယ် "
ရတု
https://www.facebook.com/mhmmyanmar/posts/1651971598442420


0 comments :
Post a Comment