ေမာင္ေလးေတြ ကိုကိုေတြ ကိုယ့္ထက္အသက္ႀကီးတဲ့ မမေတြကိုပဲ လက္တြဲၾကေနာ္..။

ကိုယ့္ထက္ အသက္ၾကီးတဲ့ မမေတြနဲ႕ တြဲသင့္တဲ့အေၾကာင္းအရင္း (၇) ခ်က္

လူမႈအသိုင္းအ၀ုိင္းမွာ အမ်ားစုလက္ခံထားတာက ေယာက္်ားတစ္ေယာက္ဟာ မိန္းမတစ္ေယာက္ထက္ အသက္ပိုႀကီးမွ လုိက္ဖက္တယ္လုိ႕ေပါ့။ အသက္ေလးဆယ္ အရြယ္ေလာက္ရွိတဲ့ အမ်ိဳးသားတစ္ေယာက္က သူ႕အသက္ ထက္၀က္ေလာက္ရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႕ တြဲတာ ၊ ယူတာကို လက္ခံေပးတတ္ၾကေပမယ့္ အမ်ိဳးသားေတြ အတြက္ေတာ့ သူ႕ထက္ တစ္ႏွစ္ေလာက္ပိုႀကီးတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႕ တြဲရင္ေတာင္ အထူးအဆန္းလုိ႕ ျမင္ၾကပါတယ္။ ခုလိုေခတ္မွာ ဒီလိုအေတြးအေခၚ မ်ိဳးေတြ နည္းလာေပမယ့္ စံုတြဲတစ္တြဲမွာ အမ်ိဳးသမီးက အသက္ၾကီးေနရင္ ေျပာခ်င္ဆိုခ်င္တတ္ၾကတဲ့ ပတ္၀န္းက်င္အသိုင္းအ၀ိုင္းကို ခုေျပာျပမယ့္ အခ်က္ကေလးေတြ ေျပာျပေပးလိုက္ပါ။ သူတုိ႕သေဘာေပါက္သြားပါလိမ့္မယ္။

(၁)ႏွစ္ဦးၾကားမွာပုဂၢိဳလ္ေရးစည္းရွိျခင္း
 ပတ္သက္မႈမရွိခင္ေရာ ရွိၿပီးေနာက္မွာပါ သင့္အတြက္ေရာ သူမအတြက္ပါ ကိုယ္ေရးကိုယ္တာ ကိစၥေတြဟာ ဘယ္ေလာက္ အေရးႀကီးမွန္း သူမသိပါတယ္။ သူမ အနားမွာ အခ်ိန္ျပည့္ရွိေနဖုိ႕ မေတာင္းဆုိသလို သင့္ရဲ႕ ကိုယ္ပိုင္ကိစၥေတြ ကိုလည္း ေလးစားတတ္ပါတယ္။ ခပ္ခၽြဲခၽြဲ ေကာင္မေလးေတြလုိေတာ့ သင့္အနားမွာ ေကာ္လိုလုိက္ကပ္ေနမွာ မဟုတ္ပါဘူး။

(၂) ပိုၿပီး ျပတ္သားျခင္း
ဆက္ဆံေရးတစ္ေလွ်ာက္ ဘာဆံုးျဖတ္စရာပဲ ရွိရွိ သင့္ကိုခ်ည္း လဲႊခ်ၿပီး သင့္ဆီက အရာအားလံုး ေမွ်ာ္လင့္ေနသူ မိန္းကေလးမ်ိဳးကိုေတာ့ သင္လုိခ်င္မွာ မဟုတ္ပါဘူး။ ထက္ျမတ္ ျပတ္သားတဲ့ မိန္းမတစ္ေယာက္အေနနဲ႕ သူမဘယ္သူဆုိတာနဲ႕ သူမလုိခ်င္တာ ဘာဆုိတာကို ေသခ်ာသိပါတယ္။ ဒီလို မိန္းမသားမ်ိဳးဟာ သင္တုိ႕ခ်စ္ခရီးလမ္းမွာ အပိုအလုပ္ေတြကို ျဖတ္ေတာက္ပစ္မွာျဖစ္ၿပီး လုိရင္းကိုသာ တုိက္ရိုက္သြားပါလိမ့္မယ္။

(၃)  ပညာဥာဏ္ျပည့္၀သူ ျဖစ္ႏုိင္ျခင္း
သင့္အေနနဲ႕ သင့္အမ်ိဳးသမီးဆီက သင္ခန္းစာေတြ ျပန္သင္ယူတာမ်ိဳး မလုပ္ခ်င္မွာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ ဒီလို ပညာရည္ျပည္၀တဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႕အတူ ရွိရတာက ဘ၀ကို အရာရာအဆုိးျမင္သူ တစ္ေယာက္နဲ႕ အတူ ေနရတာထက္စာရင္ေတာ့ အမ်ားႀကီးေကာင္းပါတယ္။ အသက္ပိုႀကီးတာနဲ႕အမွ် သူမမွာ သင္မသိႏုိင္တဲ့ ဘ၀ရဲ႕ အေတြ႕အႀကံဳ ၊  ပညာဥာဏ္ႀကီးမားမႈနဲ႕ ဆင္ျခင္တံုတရားေတြ ပိုရွိႏုိင္ပါတယ္။

(၄) ေငြေၾကး ပိုရွိျခင္း
ဟုတ္တာေပါ့။ သူမအေနနဲ႕ သင့္ထက္အသက္ႀကီးတာေၾကာင့္ ဘ၀ကို တည္ၿငိမ္စြာ တည္ေဆာက္ၿပီးေန ေလာက္ပါၿပီ။ သင့္ထက္မေကာင္းရင္ေတာင္ သင့္ေအာက္ေတာ့ မက်တဲ့ ၀င္ေငြနဲ႕ ဘ၀ကို ရပ္တည္ၿပီးေနေလာက္ပါၿပီ။ ဒီေတာ့ သူမအတြက္ သင္ကုန္က်ရမႈေတြလည္း နည္းပါးသြားႏုိင္ပါတယ္။

(၅) ပိုေကာင္းတဲ့ လက္တြဲေဖာ္ျဖစ္ျခင္း
သူမဟာ အပ်ိဳေဖာ္၀င္စဆုိပါစို႕။ တစ္ခါတစ္ေလ သင့္ရဲ႕ဒီအရြယ္ေကာင္မေလးက အရမ္းကို ကေလးဆန္လြန္းတဲ့ အရိုင္းအစိုင္းေလး ျဖစ္ေနတာမ်ိဳး ခံစားဖူးမွာပါ။ ဒီအခ်ိန္မွာ သင့္အေနနဲ႕ သင့္ရဲ႕ အေတြးေတြကို မွန္မွန္ကန္ကန္ ဆင္ျခင္သံုးသပ္ႏုိင္ၿပီး ပိုရင့္သန္ျပည့္စံုတဲ့ ခ်စ္ျခင္းတစ္ခုကို လုိလုိလားလား တည္ေဆာက္ခ်င္လာပါလိမ့္မယ္။ ဒီလုိအခါမ်ိဳးမွာ အရြယ္ေရာက္ၿပီးသား အမ်ိဳးသမီး တစ္ေယာက္က သင့္ဘ၀ထဲကို ပိုၿပီးတည္ၿငိမ္တဲ့ အေျပာင္းအလဲတစ္ခ်ိဳ႕ ယူေဆာင္ေပးလာ ပါလိမ့္မယ္။

(၆) ေရွ႕ေရးကို ႀကိဳေတြးထားႏုိင္ျခင္း
ဘ၀ကို သင့္ထက္ပိုၿပီး ႀကိဳျမင္ႏုိင္ပါလိမ့္မယ္။ ဘယ္အရာက ဘ၀မွာ အေရးႀကီးၿပီး ဘယ္အရာကေတာ့ အေရးမပါဘူးဆုိတာမ်ိဳး သူမ သိႏုိင္ပါလိမ့္မယ္။ သင္နားမလည္ႏုိင္တဲ့ တစ္ခ်ိဳ႕အခ်က္ေတြကို သူမက ႀကိဳတင္သိျမင္ နားလည္ထားႏုိင္တဲ့အတြက္ သင့္ကို လမ္းျပေပးႏုိင္ ပါလိမ့္မယ္။

(၇) အေတြ႕အႀကံဳ ပိုရွိျခင္း
ဒီအခ်က္ကေတာ့ ဘ၀ထဲမွာသာမက ေန႕စဥ္ေရွာင္လႊဲမရတဲ့ လင္မယားဘ၀ကိုပါ သူမက ဦးေဆာင္ႏုိင္ပါလိမ့္မယ္။ သူမအေနနဲ႕ သင့္ကို အဖက္ဖက္က စည္းစိမ္ရွိေအာင္ ျပဳစုေပးႏုိင္တဲ့ ကၽြမ္းက်င္သူတစ္ေယာက္ ျဖစ္ႏုိင္ပါလိမ့္မယ္။ သင္က ခ်စ္ခ်င္းတစ္ခု ပ်က္ျပယ္ျခင္းက ဘ၀အဆံုးသတ္ျခင္းလုိ႕ ေတြးေနခ်ိန္မွာ သူမကေတာ့ ေယာက်္ားတစ္ေယာက္ရဲ႕ လုိအင္ကို ကၽြမ္းက်င္စြာ မျဖည့္ဆည္းေပးႏုိင္တဲ့ အခ်ိန္ဟာ သင္တုိ႕ အိမ္ေထာင္ေရး အဆံုးသတ္ဆုိတာ သိေနပါလိမ့္မယ္။ ဘယ္ေလာက္ ဟန္က်လုိက္သလဲေနာ္။

Sources; mensxp Trend Myanmar
=================
ကိုယ့်ထက် အသက်ကြီးတဲ့ မမတွေနဲ့ တွဲသင့်တဲ့အကြောင်းအရင်း (၇) ချက်

လူမှုအသိုင်းအဝိုင်းမှာ အများစုလက်ခံထားတာက ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ထက် အသက်ပိုကြီးမှ လိုက်ဖက်တယ်လို့ပေါ့။ အသက်လေးဆယ် အရွယ်လောက်ရှိတဲ့ အမျိုးသားတစ်ယောက်က သူ့အသက် ထက်ဝက်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲတာ ၊ ယူတာကို လက်ခံပေးတတ်ကြပေမယ့် အမျိုးသားတွေ အတွက်တော့ သူ့ထက် တစ်နှစ်လောက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲရင်တောင် အထူးအဆန်းလို့ မြင်ကြပါတယ်။ ခုလိုခေတ်မှာ ဒီလိုအတွေးအခေါ် မျိုးတွေ နည်းလာပေမယ့် စုံတွဲတစ်တွဲမှာ အမျိုးသမီးက အသက်ကြီးနေရင် ပြောချင်ဆိုချင်တတ်ကြတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ခုပြောပြမယ့် အချက်ကလေးတွေ ပြောပြပေးလိုက်ပါ။ သူတို့သဘောပေါက်သွားပါလိမ့်မယ်။

(၁)နှစ်ဦးကြားမှာပုဂ္ဂိုလ်ရေးစည်းရှိခြင်း
 ပတ်သက်မှုမရှိခင်ရော ရှိပြီးနောက်မှာပါ သင့်အတွက်ရော သူမအတွက်ပါ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဟာ ဘယ်လောက် အရေးကြီးမှန်း သူမသိပါတယ်။ သူမ အနားမှာ အချိန်ပြည့်ရှိနေဖို့ မတောင်းဆိုသလို သင့်ရဲ့ ကိုယ်ပိုင်ကိစ္စတွေ ကိုလည်း လေးစားတတ်ပါတယ်။ ခပ်ချွဲချွဲ ကောင်မလေးတွေလိုတော့ သင့်အနားမှာ ကော်လိုလိုက်ကပ်နေမှာ မဟုတ်ပါဘူး။

(၂) ပိုပြီး ပြတ်သားခြင်း
ဆက်ဆံရေးတစ်လျှောက် ဘာဆုံးဖြတ်စရာပဲ ရှိရှိ သင့်ကိုချည်း လွှဲချပြီး သင့်ဆီက အရာအားလုံး မျှော်လင့်နေသူ မိန်းကလေးမျိုးကိုတော့ သင်လိုချင်မှာ မဟုတ်ပါဘူး။ ထက်မြတ် ပြတ်သားတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူမဘယ်သူဆိုတာနဲ့ သူမလိုချင်တာ ဘာဆိုတာကို သေချာသိပါတယ်။ ဒီလို မိန်းမသားမျိုးဟာ သင်တို့ချစ်ခရီးလမ်းမှာ အပိုအလုပ်တွေကို ဖြတ်တောက်ပစ်မှာဖြစ်ပြီး လိုရင်းကိုသာ တိုက်ရိုက်သွားပါလိမ့်မယ်။

(၃)  ပညာဉာဏ်ပြည့်ဝသူ ဖြစ်နိုင်ခြင်း
သင့်အနေနဲ့ သင့်အမျိုးသမီးဆီက သင်ခန်းစာတွေ ပြန်သင်ယူတာမျိုး မလုပ်ချင်မှာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဒီလို ပညာရည်ပြည်ဝတဲ့ အမျိုးသမီးတစ်ယောက်နဲ့အတူ ရှိရတာက ဘဝကို အရာရာအဆိုးမြင်သူ တစ်ယောက်နဲ့ အတူ နေရတာထက်စာရင်တော့ အများကြီးကောင်းပါတယ်။ အသက်ပိုကြီးတာနဲ့အမျှ သူမမှာ သင်မသိနိုင်တဲ့ ဘဝရဲ့ အတွေ့အကြုံ ၊  ပညာဉာဏ်ကြီးမားမှုနဲ့ ဆင်ခြင်တုံတရားတွေ ပိုရှိနိုင်ပါတယ်။

(၄) ငွေကြေး ပိုရှိခြင်း
ဟုတ်တာပေါ့။ သူမအနေနဲ့ သင့်ထက်အသက်ကြီးတာကြောင့် ဘဝကို တည်ငြိမ်စွာ တည်ဆောက်ပြီးနေ လောက်ပါပြီ။ သင့်ထက်မကောင်းရင်တောင် သင့်အောက်တော့ မကျတဲ့ ဝင်ငွေနဲ့ ဘဝကို ရပ်တည်ပြီးနေလောက်ပါပြီ။ ဒီတော့ သူမအတွက် သင်ကုန်ကျရမှုတွေလည်း နည်းပါးသွားနိုင်ပါတယ်။

(၅) ပိုကောင်းတဲ့ လက်တွဲဖော်ဖြစ်ခြင်း
သူမဟာ အပျိုဖော်ဝင်စဆိုပါစို့။ တစ်ခါတစ်လေ သင့်ရဲ့ဒီအရွယ်ကောင်မလေးက အရမ်းကို ကလေးဆန်လွန်းတဲ့ အရိုင်းအစိုင်းလေး ဖြစ်နေတာမျိုး ခံစားဖူးမှာပါ။ ဒီအချိန်မှာ သင့်အနေနဲ့ သင့်ရဲ့ အတွေးတွေကို မှန်မှန်ကန်ကန် ဆင်ခြင်သုံးသပ်နိုင်ပြီး ပိုရင့်သန်ပြည့်စုံတဲ့ ချစ်ခြင်းတစ်ခုကို လိုလိုလားလား တည်ဆောက်ချင်လာပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်က သင့်ဘဝထဲကို ပိုပြီးတည်ငြိမ်တဲ့ အပြောင်းအလဲတစ်ချို့ ယူဆောင်ပေးလာ ပါလိမ့်မယ်။

(၆) ရှေ့ရေးကို ကြိုတွေးထားနိုင်ခြင်း
ဘဝကို သင့်ထက်ပိုပြီး ကြိုမြင်နိုင်ပါလိမ့်မယ်။ ဘယ်အရာက ဘဝမှာ အရေးကြီးပြီး ဘယ်အရာကတော့ အရေးမပါဘူးဆိုတာမျိုး သူမ သိနိုင်ပါလိမ့်မယ်။ သင်နားမလည်နိုင်တဲ့ တစ်ချို့အချက်တွေကို သူမက ကြိုတင်သိမြင် နားလည်ထားနိုင်တဲ့အတွက် သင့်ကို လမ်းပြပေးနိုင် ပါလိမ့်မယ်။

(၇) အတွေ့အကြုံ ပိုရှိခြင်း
ဒီအချက်ကတော့ ဘဝထဲမှာသာမက နေ့စဉ်ရှောင်လွှဲမရတဲ့ လင်မယားဘဝကိုပါ သူမက ဦးဆောင်နိုင်ပါလိမ့်မယ်။ သူမအနေနဲ့ သင့်ကို အဖက်ဖက်က စည်းစိမ်ရှိအောင် ပြုစုပေးနိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။ သင်က ချစ်ချင်းတစ်ခု ပျက်ပြယ်ခြင်းက ဘဝအဆုံးသတ်ခြင်းလို့ တွေးနေချိန်မှာ သူမကတော့ ယောကျ်ားတစ်ယောက်ရဲ့ လိုအင်ကို ကျွမ်းကျင်စွာ မဖြည့်ဆည်းပေးနိုင်တဲ့ အချိန်ဟာ သင်တို့ အိမ်ထောင်ရေး အဆုံးသတ်ဆိုတာ သိနေပါလိမ့်မယ်။ ဘယ်လောက် ဟန်ကျလိုက်သလဲနော်။

Sources; mensxp Trend Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...