ေျမာက္ဥကၠလာေဆးရုံမွာ ကေလးေမြးျပီးစ အမ်ဳိးသမီးတစ္ဦး သားဖြားေဆာင္ကေန ခုန္ခ်

၁၉၊ေဖေဖာ္၀ါရီ၊ရန္ကုန္။ ။ဒီကေန႕ မနက္ပုိင္းက ေျမာက္ဥကၠလာ(ေမဓာ၀ီ) ေဆးရုံၾကီးမွာ ကေလးေမြးျပီးစ ေသြးႏုသားႏု အသက္ ၃၈ ႏွစ္အရြယ္ အမ်ဳိးသမီးဟာ သားဖြားေဆာင္ ဒုတိယ အထပ္ကေန ခုန္ခ်ခဲ႕တယ္လုိ႕ေျမာက္ဥကၠလာ ရဲစခန္းကေန သိရပါတယ္။
“အဲဒီအမ်ိဳးသမီးက ကေလးေမြးျပီးစ အခ်ိန္ျဖစ္ေတာ့ သားဆိပ္တက္တဲ႕စိတ္ေၾကာင့္ ဂေယာင္ေခ်ာက္ခ်ားျဖစ္ျပီး ခုန္ခ်တာျဖစ္တယ္။ ခုန္ခ်တဲ့အမ်ိဳးသမီးက အသက္အႏၲရာယ္မရွိပါဘူး။ေျခေထာက္က်ိဳးသြားတယ္။ တျခားပြန္းပဲ့ဒဏ္ရာေတြရခဲ့တယ္”လို့ေျမာက္ဥကၠလာရဲစခန္းက တာဝန္ရွိသူတဦးကေျပာပါတယ္။
အဆုိပါအမ်ဳိးသမီး ခုန္ခ်ခဲ႕တဲ႕ဒုတိယထပ္ သားဖြားေဆာင္ဟာ ၁၅ ေပေလာက္ အျမင္႕ရွိတယ္လုိ႕သိရပါတယ္။
ျဖစ္စဥ္ဟာ ဒီေန့မနက္ ၈နာရီခဲြေလာက္ကျဖစ္ပြားခဲ႕တာျဖစ္ျပီး အမ်ဳိးသမီးဟာ လက္ရွိေျမာက္ဥကၠလာ ေဆးရံုမွာပဲ ျပန္ျပီးေဆးကုသမႈခံယူေနတယ္လုိ႕သိရပါတယ္။
ျဖစ္စဥ္နဲ႕ပတ္သတ္ျပီး ေျမာက္ဥကၠလာ (ေမဓာ၀ီ) ေဆးရုံကုိ ဆက္သြယ္ေမးျမန္းခဲ႕ေပမယ္႕ ျပန္လည္ေျဖၾကားျခင္းမရွိပါဘူး။
ေမသက္

Kumudra
=============
၁၉၊ဖေဖော်ဝါရီ၊ရန်ကုန်။ ။ဒီကနေ့ မနက်ပိုင်းက မြောက်ဥက္ကလာ(မေဓာဝီ) ဆေးရုံကြီးမှာ ကလေးမွေးပြီးစ သွေးနုသားနု အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဟာ သားဖွားဆောင် ဒုတိယ အထပ်ကနေ ခုန်ချခဲ့တယ်လို့မြောက်ဥက္ကလာ ရဲစခန်းကနေ သိရပါတယ်။
“အဲဒီအမျိုးသမီးက ကလေးမွေးပြီးစ အချိန်ဖြစ်တော့ သားဆိပ်တက်တဲ့စိတ်ကြောင့် ဂယောင်ချောက်ချားဖြစ်ပြီး ခုန်ချတာဖြစ်တယ်။ ခုန်ချတဲ့အမျိုးသမီးက အသက်အန္တရာယ်မရှိပါဘူး။ခြေထောက်ကျိုးသွားတယ်။ တခြားပွန်းပဲ့ဒဏ်ရာတွေရခဲ့တယ်”လို့မြောက်ဥက္ကလာရဲစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။
အဆိုပါအမျိုးသမီး ခုန်ချခဲ့တဲ့ဒုတိယထပ် သားဖွားဆောင်ဟာ ၁၅ ပေလောက် အမြင့်ရှိတယ်လို့သိရပါတယ်။
ဖြစ်စဉ်ဟာ ဒီနေ့မနက် ၈နာရီခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ လက်ရှိမြောက်ဥက္ကလာ ဆေးရုံမှာပဲ ပြန်ပြီးဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သတ်ပြီး မြောက်ဥက္ကလာ (မေဓာဝီ) ဆေးရုံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
မေသက်

Kumudra

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...