လမ္းခြဲ
...........
"နင္ နဲ႕ ငါ လမ္းခြဲၾကရေအာင္..ေဇာ္"
"ဟင္.....နင္ တကယ္ေျပာေနတာလား ေကခိုင္"
"ေအး..ငါဆံုးျဖတ္ျပီးသြားျပီ"
"နင့္ ဆံုးျဖတ္ခ်က္ကို....မျပင္ေတာ့ဘူးလားဟာ"
ေကာင္ေလးက စို႕စို႕နင့္နင့္ေမးလို္က္ေတာ့ ေကခိုင္မ်က္ရည္ေတြ၀ဲလာသည္.. မ်က္နွာကိုလႊဲ အံကိုၾကိတ္ျပီး ကန္ေရျပင္ကို ေငးၾကည့္သည္..။
"ငါ ဆးံုျဖတ္ခ်က္ခ်ျပီးရင္ ျပင္တတ္တဲ့ မိန္းမတစ္ေယာက္မဟုတ္ဘူးဆိုတာ နင္သိပါတယ္ ေဇာ္"
အင္းလ်ားရဲ႕ ေလညွင္းထဲတြင္ေကာင္ေလး၏ သက္ျပင္းခ်သံသဲ့သဲ့က ေမ်ာပါသြားသည္ ။
.
"နင့္ဆံုးျဖတ္ခ်က္ကို မနက္ျဖန္အထိ ေရြ႕ေပးလို႕ မရဘူးလား..ေကခိုင္"
ေကခိုင္ေတြေ၀သြား၏ ။
"နင္ ဘာေျပာတာလဲ ေဇာ္.."
"မနက္ျဖန္မွ လမ္းခြဲရေအာင္ဟာ''
''နင္ငါ့ကို ဘာမွ အခ်ိန္လာမဆြဲေနနဲ႕ေဇာ္…ေကခိုင္တို႕က ဒီေန႕ ဆို ဒီေန႕ပဲ''
''ဟာ..မလုပ္ပါနဲ႕ဟာ ဒီေန႕ နင္နဲ႕ ငါ လမ္းခြဲလို႕မျဖစ္ဘူးဟ....ငါ့မွာ အျပန္ကားခမပါလာဘူးဟ.. အဲဒါ နင္နဲ႕ ကပ္ျပန္ရမွာ.."
"မသာ သူေတာင္းစား ဖြတ္ နင္ ဘာသာ လမ္းေလွ်ာက္ျပန္.. ေနာက္ဘယ္ေတာ့မွ ငါနဲ႕ လာမပတ္သက္မိေစနဲ႕"
ဆဲဆိုသံေတြပြက္ညံျပီး ေကာင္မေလး ေျခေဆာင့္ထြက္သြားသည္ကို ေကာင္ေလးက ေငးၾကည့္ေနသည္...။
.
"ေက...ခိုင္"
ေက်ာခိုင္းသြားျပီျဖစ္ေသာ သူမေနာက္သို႕ ေကာင္ေလးက နာမည္ေခၚျပီး ေျပးလိုက္လာသည္..။
ေကခိုင္ ေျခလွမ္းတို႕ ရပ္တံ့သြားသလို စိတ္ထဲကလည္း ေတြးမိလိုက္၏။
''အဟင္း ...ဒီတစ္ခါေတာ့ ဒီအေကာင္ တကယ္ ေနာင္တရသြားျပီ။
အဟဲ မိေကခိုင္တဲ့ ။ ဘာရမလဲ ။မိန္းမ မာယာ သဲကိုးျဖာဆိုတာ အဲဒါပဲ..''
ေကခိုင္က ေအာင္ျမင္သူအျပံဳးေလးျဖင္ လမ္းဆက္မေလ်ာက္ေတာ့ပဲ ေက်ာေပးရပ္ေနလိုက္သည္ ။
သူ ေျပးလိုက္လာပါေစေလ ။ ကိုယ္ကေတာ့ လွည့္ၾကည့္စရာကို မလိုတာ..။
ကိုယ္ေတာ္ေခ်ာရဲ႕ ေျခသံက သူ႕ေနာက္တည့္တည့္မွာ ရပ္သြားတာေသခ်ာမွ မ်က္နွာကို ဆူပုပ္လ်က္ လွည့္ေမးလိုက္သည္။
"ေျပာ..ဘာလဲ.."
"ေနပါအံုး ေကခိုင္ရာ..ေဟာဟဲ..ေဟာဟဲ..ဟိုေလ... နင္ ခုနေျပာသြားတယ္.. နင္နဲ႕ ေနာက္ ဘယ္ေတာ့မွ မပတ္သက္ရဘူးဆိုတာေလ.."
ေကာင္ေလးဒူးေထာက္လာပါက လက္ေမာင္းကိုကိုင္ ဆြဲထူျပီး..ေဇာ္ရယ္ ဟု ရုပ္ရွင္ထဲကလို ေဆြးေဆြးေလးေျပာကာ ရင္ဘတ္ထဲတိုး၀င္ျပီး ဖက္ငိုလိုက္မည္ ဟု ေကခိုင္ေတြးျပီး ပီတီျဖစ္ေနသည္ ။
.
"ဟိုေလ..နင္ေျပာသလုိ မပတ္သက္နဲ႕ေတာ့ဆို.. ဟိုတစ္ပတ္က ငါနင့္ဆီက ေခ်းထားတဲ့ ပိုက္ဆံ (၅)ေထာင္လည္း မဆက္ရေတာ့ဘူးေပါ့ေနာ္..ဟီး"
"သူေတာင္းစား.....ေျဖာင္း..ေျဖာင္း"
ေကာင္ေလး ပါးနွစ္ဖက္ကို ပြတ္ရင္း က်န္ရစ္သည္။
ထို႕ေနာက္ အင္းလ်ားကန္ေဘာင္ၾကီးကို ရီေ၀ေ၀ေငးၾကည့္ရင္း တစ္လံုးခ်င္း ေရရြတ္လိုက္သည္..
"တစ္ခ်က္ နွစ္ေထာင့္ငါးရာ.အင္း..တန္ပါတယ္ေလ.."
Credit::ၿဗိတိသ်ွကိုကိုေမာင္
=====
Unicode
...........
"နင် နဲ့ ငါ လမ်းခွဲကြရအောင်..ဇော်"
"ဟင်.....နင် တကယ်ပြောနေတာလား ကေခိုင်"
"အေး..ငါဆုံးဖြတ်ပြီးသွားပြီ"
"နင့် ဆုံးဖြတ်ချက်ကို....မပြင်တော့ဘူးလားဟာ"
ကောင်လေးက စို့စို့နင့်နင့်မေးလို်က်တော့ ကေခိုင်မျက်ရည်တွေဝဲလာသည်.. မျက်နှာကိုလွှဲ အံကိုကြိတ်ပြီး ကန်ရေပြင်ကို ငေးကြည့်သည်..။
"ငါ ဆုးံဖြတ်ချက်ချပြီးရင် ပြင်တတ်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ နင်သိပါတယ် ဇော်"
အင်းလျားရဲ့ လေညှင်းထဲတွင်ကောင်လေး၏ သက်ပြင်းချသံသဲ့သဲ့က မျောပါသွားသည် ။
.
"နင့်ဆုံးဖြတ်ချက်ကို မနက်ဖြန်အထိ ရွေ့ပေးလို့ မရဘူးလား..ကေခိုင်"
ကေခိုင်တွေဝေသွား၏ ။
"နင် ဘာပြောတာလဲ ဇော်.."
"မနက်ဖြန်မှ လမ်းခွဲရအောင်ဟာ''
''နင်ငါ့ကို ဘာမှ အချိန်လာမဆွဲနေနဲ့ဇော်…ကေခိုင်တို့က ဒီနေ့ ဆို ဒီနေ့ပဲ''
''ဟာ..မလုပ်ပါနဲ့ဟာ ဒီနေ့ နင်နဲ့ ငါ လမ်းခွဲလို့မဖြစ်ဘူးဟ....ငါ့မှာ အပြန်ကားခမပါလာဘူးဟ.. အဲဒါ နင်နဲ့ ကပ်ပြန်ရမှာ.."
"မသာ သူတောင်းစား ဖွတ် နင် ဘာသာ လမ်းလျှောက်ပြန်.. နောက်ဘယ်တော့မှ ငါနဲ့ လာမပတ်သက်မိစေနဲ့"
ဆဲဆိုသံတွေပွက်ညံပြီး ကောင်မလေး ခြေဆောင့်ထွက်သွားသည်ကို ကောင်လေးက ငေးကြည့်နေသည်...။
.
"ကေ...ခိုင်"
ကျောခိုင်းသွားပြီဖြစ်သော သူမနောက်သို့ ကောင်လေးက နာမည်ခေါ်ပြီး ပြေးလိုက်လာသည်..။
ကေခိုင် ခြေလှမ်းတို့ ရပ်တံ့သွားသလို စိတ်ထဲကလည်း တွေးမိလိုက်၏။
''အဟင်း ...ဒီတစ်ခါတော့ ဒီအကောင် တကယ် နောင်တရသွားပြီ။
အဟဲ မိကေခိုင်တဲ့ ။ ဘာရမလဲ ။မိန်းမ မာယာ သဲကိုးဖြာဆိုတာ အဲဒါပဲ..''
ကေခိုင်က အောင်မြင်သူအပြုံးလေးဖြင် လမ်းဆက်မလျောက်တော့ပဲ ကျောပေးရပ်နေလိုက်သည် ။
သူ ပြေးလိုက်လာပါစေလေ ။ ကိုယ်ကတော့ လှည့်ကြည့်စရာကို မလိုတာ..။
ကိုယ်တော်ချောရဲ့ ခြေသံက သူ့နောက်တည့်တည့်မှာ ရပ်သွားတာသေချာမှ မျက်နှာကို ဆူပုပ်လျက် လှည့်မေးလိုက်သည်။
"ပြော..ဘာလဲ.."
"နေပါအုံး ကေခိုင်ရာ..ဟောဟဲ..ဟောဟဲ..ဟိုလေ... နင် ခုနပြောသွားတယ်.. နင်နဲ့ နောက် ဘယ်တော့မှ မပတ်သက်ရဘူးဆိုတာလေ.."
ကောင်လေးဒူးထောက်လာပါက လက်မောင်းကိုကိုင် ဆွဲထူပြီး..ဇော်ရယ် ဟု ရုပ်ရှင်ထဲကလို ဆွေးဆွေးလေးပြောကာ ရင်ဘတ်ထဲတိုးဝင်ပြီး ဖက်ငိုလိုက်မည် ဟု ကေခိုင်တွေးပြီး ပီတီဖြစ်နေသည် ။
.
"ဟိုလေ..နင်ပြောသလို မပတ်သက်နဲ့တော့ဆို.. ဟိုတစ်ပတ်က ငါနင့်ဆီက ချေးထားတဲ့ ပိုက်ဆံ (၅)ထောင်လည်း မဆက်ရတော့ဘူးပေါ့နော်..ဟီး"
"သူတောင်းစား.....ဖြောင်း..ဖြောင်း"
ကောင်လေး ပါးနှစ်ဖက်ကို ပွတ်ရင်း ကျန်ရစ်သည်။
ထို့နောက် အင်းလျားကန်ဘောင်ကြီးကို ရီဝေဝေငေးကြည့်ရင်း တစ်လုံးချင်း ရေရွတ်လိုက်သည်..
"တစ်ချက် နှစ်ထောင့်ငါးရာ.အင်း..တန်ပါတယ်လေ.."
Credit::ဗြိတိသျှကိုကိုမောင်
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment