သမၼတေဟာင္းဦးသိန္းစိန္ကို လူငယ္မ်ား ဂါရဝျပဳမည္
ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ကို လူငယ္မ်ား စုေပါင္း၍ လာမည့္မတ္လ ၅ ရက္တြင္ ေနျပည္ေတာ္၌ ဂါရဝျပဳေတြ႔႔႔ဆံုသြားမည္ျဖစ္ေၾကာင္း ေရႊျပည္ေတာ္သို႔ ပရဟိတဆံုမွတ္အဖြဲ႔ အတြင္းေရးမွဴး ကိုေအာင္ပိုင္မင္းက ေျပာသည္။
“မႏွစ္က သမၼတရာထူးက အနားယူတယ္။ အဲဒီအခ်ိန္တုန္းက ကြ်န္ေတာ္တို႔ အားလံုးက ႏႈတ္ဆက္ဂါရဝ ျပဳၾကတယ္။ အဲဒီမွာ သမၼတက ဆံုးမစကား ေျပာခဲ့တာရွိတယ္။ အဲဒီစကားအတိုင္း ကြ်န္ေတာ္တို႔လူငယ္ေတြက ပရဟိတအဖြဲ႔ေတြ ထူေထာင္တယ္။ တိုင္းျပည္အတြက္ ဝိုင္းဝန္းလုပ္ေဆာင္ခဲ့ၾကတယ္။ လြန္ခဲ့တဲ့ႏွစ္က ဆံုးမခဲ့တဲ့အတိုင္း လူငယ္ေတြက ဘာေတြလုပ္ၿပီး ၿပီဆိုတာေတြကို ျပန္ၿပီး ျမင္ေစ့ခ်င္တယ္။ ဒီအတြက္ ခြင့္ေတာင္းၿပီး ဂါရဝျပဳပြဲလုပ္ဖို႔ စီစဥ္တာပါ”ဟု ၎က ဆိုသည္။
အဆိုပါ ဂါရဝျပဳေတြ႔ဆံုပြဲကို ေရႊျပည္ေတာ္သို႔ ပရဟိတ ဆံုမွတ္အဖြဲ႔က ဦးေဆာင္ ၿပီး သမၼတႀကီးဦးသိန္းစိန္ ခ်စ္ခင္ေလးစား သူမ်ားအဖြဲ႔၊ ရင္ထဲကအမိေျမ စသည့္ ပရဟိတအဖြဲ႔မ်ားမွ လူငယ္မ်ားႏွင့္ ဂါရဝ ျပဳလိုေသာလူငယ္မ်ား ပါဝင္မည္ျဖစ္ေၾကာင္း ေရႊျပည္ေတာ္သို႔ ပရဟိတဆံုမွတ္အဖြဲ႔ထံမွ သိရသည္။
အလားတူ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ကို ဂါရဝျပဳေတြ႔ဆံုလိုသူမ်ားအေနျဖင့္ ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔ ေနာက္ဆံုးထားကာ ေရႊျပည္ေတာ္သို႔ ပရဟိတ ဆံုမွတ္အဖြဲ႔သို႔ စာရင္းေပးသြင္းရမည္ျဖစ္ၿပီး လက္ရွိတြင္ လူငယ္ တစ္ေထာင္ေက်ာ္ တက္ေရာက္ဂါရဝျပဳရန္ စာရင္း ေပးသြင္းထားေၾကာင္း ေရႊျပည္ေတာ္သို႔ ပရဟိတ ဆံုမွတ္အဖြဲ႔ထံမွ သိရသည္။
သမၼတေဟာင္း ဦးသိန္းစိန္ကို လူငယ္မ်ားက ပထမအႀကိမ္ ေတြ႔ဆံုဂါရဝျပဳပြဲကို ၂၀၁၆ ခုႏွစ္ မတ္လ ၅ ရက္က ေနျပည္ေတာ္ သမၼတ အိမ္ေတာ္ဝင့္ေရႊလႊာခန္းမ၌ ျပဳလုပ္ခဲ့သည္။
The Voice
==========
Unicode>>>
သမ္မတဟောင်းဦးသိန်းစိန်ကို လူငယ်များ ဂါရဝပြုမည်
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို လူငယ်များ စုပေါင်း၍ လာမည့်မတ်လ ၅ ရက်တွင် နေပြည်တော်၌ ဂါရဝပြုတွေ့့့ဆုံသွားမည်ဖြစ်ကြောင်း ရွှေပြည်တော်သို့ ပရဟိတဆုံမှတ်အဖွဲ့ အတွင်းရေးမှူး ကိုအောင်ပိုင်မင်းက ပြောသည်။
“မနှစ်က သမ္မတရာထူးက အနားယူတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အားလုံးက နှုတ်ဆက်ဂါရဝ ပြုကြတယ်။ အဲဒီမှာ သမ္မတက ဆုံးမစကား ပြောခဲ့တာရှိတယ်။ အဲဒီစကားအတိုင်း ကျွန်တော်တို့လူငယ်တွေက ပရဟိတအဖွဲ့တွေ ထူထောင်တယ်။ တိုင်းပြည်အတွက် ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်က ဆုံးမခဲ့တဲ့အတိုင်း လူငယ်တွေက ဘာတွေလုပ်ပြီး ပြီဆိုတာတွေကို ပြန်ပြီး မြင်စေ့ချင်တယ်။ ဒီအတွက် ခွင့်တောင်းပြီး ဂါရဝပြုပွဲလုပ်ဖို့ စီစဉ်တာပါ”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဂါရဝပြုတွေ့ဆုံပွဲကို ရွှေပြည်တော်သို့ ပရဟိတ ဆုံမှတ်အဖွဲ့က ဦးဆောင် ပြီး သမ္မတကြီးဦးသိန်းစိန် ချစ်ခင်လေးစား သူများအဖွဲ့၊ ရင်ထဲကအမိမြေ စသည့် ပရဟိတအဖွဲ့များမှ လူငယ်များနှင့် ဂါရဝ ပြုလိုသောလူငယ်များ ပါဝင်မည်ဖြစ်ကြောင်း ရွှေပြည်တော်သို့ ပရဟိတဆုံမှတ်အဖွဲ့ထံမှ သိရသည်။
အလားတူ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ဂါရဝပြုတွေ့ဆုံလိုသူများအနေဖြင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နောက်ဆုံးထားကာ ရွှေပြည်တော်သို့ ပရဟိတ ဆုံမှတ်အဖွဲ့သို့ စာရင်းပေးသွင်းရမည်ဖြစ်ပြီး လက်ရှိတွင် လူငယ် တစ်ထောင်ကျော် တက်ရောက်ဂါရဝပြုရန် စာရင်း ပေးသွင်းထားကြောင်း ရွှေပြည်တော်သို့ ပရဟိတ ဆုံမှတ်အဖွဲ့ထံမှ သိရသည်။
သမ္မတဟောင်း ဦးသိန်းစိန်ကို လူငယ်များက ပထမအကြိမ် တွေ့ဆုံဂါရဝပြုပွဲကို ၂၀၁၆ ခုနှစ် မတ်လ ၅ ရက်က နေပြည်တော် သမ္မတ အိမ်တော်ဝင့်ရွှေလွှာခန်းမ၌ ပြုလုပ်ခဲ့သည်။
The Voice
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment