ေရႊတိဂုံ ဘုရားေပၚမွာ အျမင္မသင္႕ေတာ္တဲ႕ ပုံေတြ ရုိက္တဲ႕ကိစၥ

ေရႊတိဂုံ ဘုရားေပၚမွာ အျမင္မသင္႕ေတာ္တဲ႕ ပုံေတြ ရုိက္တဲ႕ကိစၥ တာ၀န္က် ၀န္ထမ္းမ်ားကုိ အေရးယူမည္
၈၊ ေဖေဖာ္၀ါရီ၊ ရန္ကုန္
-----------------------------------------------------
ေရႊတိဂုံ ဘုရားေပၚမွာ အျမင္မသင့္ေတာ္ ဓာတ္ပုံ ရိုက္သြားတဲ႕ ထိုင္း အမ်ဳိးသမီးနဲ ့ပတ္သတ္လုိ႕ ေဂါပက အဖြဲ ့ရဲ ့အျပစ္လို ့ယူဆျပီး တာ၀န္က် ၀န္ထမ္းေတြကို အေရးယူ သြားမယ္လို ့ ေရႊတိဂုံဘုရား ေဂါပက အဖြဲ ့ရုံး အဖြဲ ့ထံမွ သိရပါတယ္။
” အေနာက္ဘက္ ေစာင္းတန္းမွာေတာ့ အလွဓာတ္ပုံေတြ ရိုက္ခြင့္ ေပးထားတယ္ေလ။ ဒါေပမယ့္ ဒီေနရာမွာက အဂါရ၀ ျဖစ္ေအာင္ရိုက္တာေတာ့ ခြင့္မျပဳထားဘူး။ ေနာက္ အဲဒီအမ်ဳိးသမီးက သူကိုယ္တုိင္ ရိုက္တာ မဟုတ္ဘူး။ ေဘးက လူက ရိုက္လိုက္တာ။ နွစ္ပုံေပ့ါ။ ထိုင္ေနတုန္း ရိုက္လိုက္ေတာ့ ေပါင္ေတြေပၚသြားတာ။ အဂါရ၀ ျဖစ္သြားတာေပ့ါ။ ကြ်န္ေတာ္တို ့ေဂါပက ေပါ့ေလ်ာ့မႈပါ။ ရိုက္ျပီးတဲ့ အခ်ိန္မွာ တားလို ့မရေတာ့ဘူး။ ကြ်န္ေတာ္တို ့တာ၀န္က် ၀န္ထမ္းေတြကိုေတာ့ အေရးယူဖို ့ေတာ့ လုပ္ထားပါတယ္” လို ့ ေရႊတိဂုံဘုရား ေဂါပကအဖြဲ ့ရုံး အဖြဲ႕မွဴး ဦးထြန္းေအာင္ေငြက ေျပာပါတယ္။
အဲသည္ အမ်ဳိးသမီးဟာ အဆုိပါ ဓာတ္ပုံေတြကုိ ေရႊတိဂုံဘုရား အေနာက္ဘက္ ေစာင္းတန္းဘက္မွာ ရုိက္ကူးသြားတာ ျဖစ္တယ္လို ့သိရပါတယ္။
ေရႊတိဂုံ ဘုရားေပၚမွာ အလွဓာတ္ပုံ ရုိက္လိုသူေတြ အတြက္ သိဂုၤတၱရ ဥယ်ာဥ္နဲ ့ အေနာက္ဘက္ေစာင္း တန္းေနရာေတြမွာ ရိုက္ခြင့္ေပးထားေပမယ့္ အဂါရ၀ ျဖစ္ေစတဲ့ ဓာတ္ပုံေတြကို ရိုက္ကူးတာကိုေတာ့ ခြင့္ျပဳ မထားပါဘူး။ ဒါ့အျပင္ အျမင္မသင့္ေတာ္တဲ့ အ၀တ္စားဆင္တာေတြ ကိုလည္း ပိတ္ပင္ထားတာပါ။
” အေပၚက ၀တ္လာတာကေတာ့ လုံလုံျခဳံျခဳံပဲ။ ထိုင္မသိမ္းနဲ ့အျပင္က ထမီ ထပ္၀တ္ထားတာ။ ေအာက္က ကြဲေနတာေတာ့ မသိနိုင္ဘူးဗ်။ ၾကည့္ရင္ လုံလုံျခဳံျခဳံ ၀တ္ထားတာ။ ရင္ျပင္မွာ ေကာက္ထိုင္လိုက္ေတာ့ အဲလိုေပၚကုန္တာ။ ခြင့္ျပဳလို ့ရိုက္ထားတာေတာ့ မဟုတ္ဘူး။ ” လို ့ဦးထြန္းေအာင္ေငြ က ေျပာပါတယ္။
အဲသည္လို ရိုက္ကူးသြားတဲ့ အမ်ဳိးသမီးဟာ ဘယ္အဖြဲ ့ကလည္း၊ ဘယ္သူေတြလဲဆိုတာေတာ့ မသိရေသးလို ့ စုံစမ္းေနျပီး သိရွိတဲ့အခါ ကန္ ့ကြက္ေၾကာင္း စာေရးေပးပို ့သြားမွာ ျဖစ္တယ္လို ့သိရပါတယ္။
အဆုိပါ ထုိင္း အမ်ဳိးသမီးဟာ Nisamanee Lertvorapong လုိ႕ အမည္ရျပီး သူ႕ရဲ႕ ေဖ႕ဘုတ္ စာမ်က္ႏွာ ေဖာ္ျပထားခ်က္ အရ ဖက္ရွင္ ဒီဇုိင္းပညာနဲ႕ေက်ာင္းျပီးထားသူ တစ္ဦးျဖစ္ပါတယ္။ သူ႕ေဖ႕ဘုတ္မွာ ျမန္မာႏုိင္ငံ ကုိ လာေရာက္တဲ႕ ပုံမ်ားကုိ ေဖာ္ျပထားျပီး က်ဳိက္ထီးရုိးရွိ ကင္ပြန္းစခန္း စတဲ႕ ေရႊတိဂုံ ဘုရားေပၚမွာ ရုိက္ကူးထားတဲ႕ ပုံေတြကုိ ေ၀မွ်ခဲ႕ပါတယ္။
ေရႊတိဂုံဘုရားေပၚမွာ ရင္တပုိင္းျပတ္နဲ႕ ရုိက္ကူးထားတဲ႕ ပုံေတြ တင္ခဲ႕ျပီးေနာက္ ျမန္မာ ေဖ႕ဘုတ္ သုံးစြဲ သူေတြက ကန္႕ကြက္တဲ႕ အေနနဲ႕သူ႕ ပုံေအာက္မွာ အျမင္မသင္႕ ေတာ္ေၾကာင္း ေရႊတိဂုံဘုရားဟာ ျမန္မာတုိ႕အတြက္ အထြဋ္အျမတ္ တစ္ခု ျဖစ္ေၾကာင္း မွတ္ခ်က္ေပးခဲ႕ၾကပါတယ္။
ခ်မ္းသာ
ကုမုျဒာ
#PhotoCredit
 Unicode>>>
ရွှေတိဂုံ ဘုရားပေါ်မှာ အမြင်မသင့်တော်တဲ့ ပုံတွေ ရိုက်တဲ့ကိစ္စ တာဝန်ကျ ဝန်ထမ်းများကို အရေးယူမည်
၈၊ ဖေဖော်ဝါရီ၊ ရန်ကုန်
-----------------------------------------------------
ရွှေတိဂုံ ဘုရားပေါ်မှာ အမြင်မသင့်တော် ဓာတ်ပုံ ရိုက်သွားတဲ့ ထိုင်း အမျိုးသမီးနဲ ့ပတ်သတ်လို့ ဂေါပက အဖွဲ ့ရဲ ့အပြစ်လို ့ယူဆပြီး တာဝန်ကျ ဝန်ထမ်းတွေကို အရေးယူ သွားမယ်လို ့ ရွှေတိဂုံဘုရား ဂေါပက အဖွဲ ့ရုံး အဖွဲ ့ထံမှ သိရပါတယ်။
” အနောက်ဘက် စောင်းတန်းမှာတော့ အလှဓာတ်ပုံတွေ ရိုက်ခွင့် ပေးထားတယ်လေ။ ဒါပေမယ့် ဒီနေရာမှာက အဂါရဝ ဖြစ်အောင်ရိုက်တာတော့ ခွင့်မပြုထားဘူး။ နောက် အဲဒီအမျိုးသမီးက သူကိုယ်တိုင် ရိုက်တာ မဟုတ်ဘူး။ ဘေးက လူက ရိုက်လိုက်တာ။ နှစ်ပုံပေ့ါ။ ထိုင်နေတုန်း ရိုက်လိုက်တော့ ပေါင်တွေပေါ်သွားတာ။ အဂါရဝ ဖြစ်သွားတာပေ့ါ။ ကျွန်တော်တို ့ဂေါပက ပေါ့လျော့မှုပါ။ ရိုက်ပြီးတဲ့ အချိန်မှာ တားလို ့မရတော့ဘူး။ ကျွန်တော်တို ့တာဝန်ကျ ဝန်ထမ်းတွေကိုတော့ အရေးယူဖို ့တော့ လုပ်ထားပါတယ်” လို ့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ ့ရုံး အဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောပါတယ်။
အဲသည် အမျိုးသမီးဟာ အဆိုပါ ဓာတ်ပုံတွေကို ရွှေတိဂုံဘုရား အနောက်ဘက် စောင်းတန်းဘက်မှာ ရိုက်ကူးသွားတာ ဖြစ်တယ်လို ့သိရပါတယ်။
ရွှေတိဂုံ ဘုရားပေါ်မှာ အလှဓာတ်ပုံ ရိုက်လိုသူတွေ အတွက် သိဂုင်္တ္တရ ဥယျာဉ်နဲ ့ အနောက်ဘက်စောင်း တန်းနေရာတွေမှာ ရိုက်ခွင့်ပေးထားပေမယ့် အဂါရဝ ဖြစ်စေတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးတာကိုတော့ ခွင့်ပြု မထားပါဘူး။ ဒါ့အပြင် အမြင်မသင့်တော်တဲ့ အဝတ်စားဆင်တာတွေ ကိုလည်း ပိတ်ပင်ထားတာပါ။
” အပေါ်က ဝတ်လာတာကတော့ လုံလုံခြုံခြုံပဲ။ ထိုင်မသိမ်းနဲ ့အပြင်က ထမီ ထပ်ဝတ်ထားတာ။ အောက်က ကွဲနေတာတော့ မသိနိုင်ဘူးဗျ။ ကြည့်ရင် လုံလုံခြုံခြုံ ဝတ်ထားတာ။ ရင်ပြင်မှာ ကောက်ထိုင်လိုက်တော့ အဲလိုပေါ်ကုန်တာ။ ခွင့်ပြုလို ့ရိုက်ထားတာတော့ မဟုတ်ဘူး။ ” လို ့ဦးထွန်းအောင်ငွေ က ပြောပါတယ်။
အဲသည်လို ရိုက်ကူးသွားတဲ့ အမျိုးသမီးဟာ ဘယ်အဖွဲ ့ကလည်း၊ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးလို ့ စုံစမ်းနေပြီး သိရှိတဲ့အခါ ကန် ့ကွက်ကြောင်း စာရေးပေးပို ့သွားမှာ ဖြစ်တယ်လို ့သိရပါတယ်။
အဆိုပါ ထိုင်း အမျိုးသမီးဟာ Nisamanee Lertvorapong လို့ အမည်ရပြီး သူ့ရဲ့ ဖေ့ဘုတ် စာမျက်နှာ ဖော်ပြထားချက် အရ ဖက်ရှင် ဒီဇိုင်းပညာနဲ့ကျောင်းပြီးထားသူ တစ်ဦးဖြစ်ပါတယ်။ သူ့ဖေ့ဘုတ်မှာ မြန်မာနိုင်ငံ ကို လာရောက်တဲ့ ပုံများကို ဖော်ပြထားပြီး ကျိုက်ထီးရိုးရှိ ကင်ပွန်းစခန်း စတဲ့ ရွှေတိဂုံ ဘုရားပေါ်မှာ ရိုက်ကူးထားတဲ့ ပုံတွေကို ဝေမျှခဲ့ပါတယ်။
ရွှေတိဂုံဘုရားပေါ်မှာ ရင်တပိုင်းပြတ်နဲ့ ရိုက်ကူးထားတဲ့ ပုံတွေ တင်ခဲ့ပြီးနောက် မြန်မာ ဖေ့ဘုတ် သုံးစွဲ သူတွေက ကန့်ကွက်တဲ့ အနေနဲ့သူ့ ပုံအောက်မှာ အမြင်မသင့် တော်ကြောင်း ရွှေတိဂုံဘုရားဟာ မြန်မာတို့အတွက် အထွဋ်အမြတ် တစ်ခု ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ချမ်းသာ
ကုမုဒြာ
#PhotoCredit


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...