ေဖ့ဘုတ္ေပၚကေန ဖ်ားေယာင္းေသြးေဆာင္ၿပီး အုပ္စုဖြဲ႔လုယက္တဲ့ အသက္ 19 နွစ္အရြယ္ မိန္းကေလး

အသက္ 19 နွစ္သာ ရွိေသးၿပီး၊ ကေလးတစ္ေယာက္မိခင္ျဖစ္တဲ့ Nicole Cairns လုိ႔ အမည္ရတဲ့ အမ်ိဳးသမီးေလးဟာ Facebook ေပၚကေန အမ်ိဳးသားႏွစ္ေယာက္ကို ဖ်ားေယာင္းေသြးေဆာင္ၿပီး၊ ၎ေနတဲ့ အခန္းကို ဖိတ္ကာ ဓားေထာက္လုယက္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါတယ္။

ပထဦးဆုံးအေနနဲ႔ Nicole ဟာ Decklin Law လုိ႔ အမည္ရတဲ့ အသက္ 20 အရြယ္ ေကာင္ေလးကို ခင္မင္ရင္းနီးေအာင္၊ ခ်စ္ခင္စုံမက္လာေအာင္ လွည့္ပတ္ေျပာဆုိၿပီး ” ကၽြန္မအခန္းကို လာလည္ပါလား “ဆုိၿပီး ေရလာေျမာင္းေပး လုပ္ခဲ့ပါ
တယ္။ Law ဟာ Nicole ေနထိုင္ရာ ကေနဒါႏုိင္ငံ Hamilton ၿမိဳ႕ကို သြားခဲ့ပါတယ္။


တကယ္ေတာ့ Law ဟာ စေကာ့တလန္ လန္ကာ႐ႈိင္းယား East Kilbride မွာေနထုိင္သူ ျဖစ္ပါတယ္။ ဒါေပမယ့္ Nicole ေနထို္င္တဲ့ ကေနဒါ Hamilton မွာလည္း သူရဲ႕သူငယ္ခ်င္း Connor Mather လည္း ရွိေနလုိ႔ ဖိတ္ေခၚတဲ့ဆီကို သြားျဖစ္ေအာင္ သြားခဲ့ပါတယ္။


Nicole ေနထုိင္ရာကို ေရာက္ေတာ့ ထင္ထားတဲ့ အေျခအေနနဲ႔ တစ္ျခားဆီ ျဖစ္ခဲ့ပါတယ္။ Law နဲ႔ Connor တုိ႔ဟာ အခန္းထဲမွာ ဓားသမား Jordan Richardson (20)ႏွစ္နဲ႔ ရင္ဆုိင္ခဲ့ရၿပီး၊ အခန္းပိုင္ရွင္ Nicole ဟာ ဓားသမား Jordan ေရာက္လာေတာ့ အခန္းျပင္ကို ေျပးထြက္ကာ သစ္သားစားပြဲေျခေထာက္ေတြကို လက္နက္အျဖစ္ အသုံးျပဳဖုိ႔ အခန္းထဲကို ျပန္ေရာက္လာပါတယ္။


Jordan က ဓားကို Law တုိ႔ မ်က္ႏွာေရွ႕မွာ တရမ္းရမ္းေ၀့ယမ္းၿပီး၊ ” မင္းတုိ႔ပုိက္ဆံေတြ အကုန္ထုတ္စမ္း … ေသာက္စရာရွိတာ ေသာက္ “လုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ Law နဲ႔ Connor တုိ႔ကလည္း တစ္ေယာက္ကိုတစ္ေယာက္ အခ်က္ျပၿပီး၊ ႐ုတ္တရက္ တန္ျပန္တုိက္ခိုက္ခဲ့ပါတယ္။


Law ဟာ ႏႈတ္ခမ္းကို ဓားနဲ႔ျခစ္တဲ့ ဒဏ္ရာ ရခဲ့သလုိ၊ Connor ကလည္း ေျပးရင္းလႊားရင္းနဲ႔ Law နဲ႔ လူစုကြဲသြားခဲ့ပါတယ္။ အဲဒီေနာက္ သူငယ္ခ်င္းႏွစ္ေယာက္ ျပန္လည္အဆက္အသြယ္ရကာ အမႈဖြင့္ခဲ့ပါတယ္။ ရဲစခန္းဟာ ျပစ္မႈက်ဴးလြန္သူ Jordan အပါအ၀င္ Nicole နဲ႔ အေပါင္းအပါေတြကို ဖမ္းဆီးခဲ့ၿပီး ရုံးတင္စစ္ေဆးခဲ့ေပမယ့္ ၎တုိ႔ကေတာ့ ျပစ္မႈက်ဴးလြန္ျခင္း မရွိေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။

တရား႐ုံးက ျပစ္မႈထင္ရွားတဲ့အတြက္ Nicole နဲ႔ အေပါင္းအပါေတြကို နာရီေပါင္း 200 လူမႈေရးလုပ္ငန္းေတြ လုပ္ေဆာင္ဖုိ႔၊ အမိန္႔ခ်မွတ္ခဲ့ပါတယ္။ ေနာက္တစ္ပတ္မွာ ဓားသမား Jordan ကုိ အမိန္႔ခ်မွတ္ဖုိ႔ရွိပါတယ္။

လင္းေဇာ္ကို (Shwemom)

source : thesun.co.uk


အသက် 19 နှစ်သာ ရှိသေးပြီး၊ ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ Nicole Cairns လို့ အမည်ရတဲ့ အမျိုးသမီးလေးဟာ Facebook ပေါ်ကနေ အမျိုးသားနှစ်ယောက်ကို ဖျားယောင်းသွေးဆောင်ပြီး၊ ၎င်းနေတဲ့ အခန်းကို ဖိတ်ကာ ဓားထောက်လုယက်မှုတွေ ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ပထဦးဆုံးအနေနဲ့ Nicole ဟာ Decklin Law လို့ အမည်ရတဲ့ အသက် 20 အရွယ် ကောင်လေးကို ခင်မင်ရင်းနီးအောင်၊ ချစ်ခင်စုံမက်လာအောင် လှည့်ပတ်ပြောဆိုပြီး ” ကျွန်မအခန်းကို လာလည်ပါလား “ဆိုပြီး ရေလာမြောင်းပေး လုပ်ခဲ့ပါ
တယ်။ Law ဟာ Nicole နေထိုင်ရာ ကနေဒါနိုင်ငံ Hamilton မြို့ကို သွားခဲ့ပါတယ်။


တကယ်တော့ Law ဟာ စကော့တလန် လန်ကာရှိုင်းယား East Kilbride မှာနေထိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် Nicole နေထို်င်တဲ့ ကနေဒါ Hamilton မှာလည်း သူရဲ့သူငယ်ချင်း Connor Mather လည်း ရှိနေလို့ ဖိတ်ခေါ်တဲ့ဆီကို သွားဖြစ်အောင် သွားခဲ့ပါတယ်။


Nicole နေထိုင်ရာကို ရောက်တော့ ထင်ထားတဲ့ အခြေအနေနဲ့ တစ်ခြားဆီ ဖြစ်ခဲ့ပါတယ်။ Law နဲ့ Connor တို့ဟာ အခန်းထဲမှာ ဓားသမား Jordan Richardson (20)နှစ်နဲ့ ရင်ဆိုင်ခဲ့ရပြီး၊ အခန်းပိုင်ရှင် Nicole ဟာ ဓားသမား Jordan ရောက်လာတော့ အခန်းပြင်ကို ပြေးထွက်ကာ သစ်သားစားပွဲခြေထောက်တွေကို လက်နက်အဖြစ် အသုံးပြုဖို့ အခန်းထဲကို ပြန်ရောက်လာပါတယ်။


Jordan က ဓားကို Law တို့ မျက်နှာရှေ့မှာ တရမ်းရမ်းဝေ့ယမ်းပြီး၊ ” မင်းတို့ပိုက်ဆံတွေ အကုန်ထုတ်စမ်း … သောက်စရာရှိတာ သောက် “လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် Law နဲ့ Connor တို့ကလည်း တစ်ယောက်ကိုတစ်ယောက် အချက်ပြပြီး၊ ရုတ်တရက် တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။


Law ဟာ နှုတ်ခမ်းကို ဓားနဲ့ခြစ်တဲ့ ဒဏ်ရာ ရခဲ့သလို၊ Connor ကလည်း ပြေးရင်းလွှားရင်းနဲ့ Law နဲ့ လူစုကွဲသွားခဲ့ပါတယ်။ အဲဒီနောက် သူငယ်ချင်းနှစ်ယောက် ပြန်လည်အဆက်အသွယ်ရကာ အမှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းဟာ ပြစ်မှုကျူးလွန်သူ Jordan အပါအဝင် Nicole နဲ့ အပေါင်းအပါတွေကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးခဲ့ပေမယ့် ၎င်းတို့ကတော့ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ငြင်းပယ်ခဲ့ပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားတဲ့အတွက် Nicole နဲ့ အပေါင်းအပါတွေကို နာရီပေါင်း 200 လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့၊ အမိန့်ချမှတ်ခဲ့ပါတယ်။ နောက်တစ်ပတ်မှာ ဓားသမား Jordan ကို အမိန့်ချမှတ်ဖို့ရှိပါတယ်။

လင်းဇော်ကို (Shwemom)

source : thesun.co.uk

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...