နေတိုး နဲ့ ရိုက်ကူးထားတဲ့ အိမ့်ချစ်ရဲ့ “OH MY CRUSH”



အိမ့်ချစ် ရဲ့ “oh My Crush” ဗီဒီယို
အိမ့်ချစ်ကတော့ ပရိသတ်တွေအတွက် ဇန်နဝါရီ (၆) ရက်နေ့မှာ အွန်လိုင်းကနေသီချင်းတစ်ပုဒ်ဖြန့်ချိပေးသွားပေးထားပါတယ်။အဲ့ဒီသီချင်းနာမည်ကိုတော့ “Oh my Crush” လို့ နာမည်ပေးထားပြီး သူမအပြင်မှာ တစ်ကယ်ကို Crush ရတဲ့ သရုပ်ဆောင်နေတိုးနဲ့အတူ ရိုက်ကူးထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။
ယင်းသီချင်းလေးကို V7 Entertainment ကနေ တင်ပေးထားတာဖြစ်ပါတယ်။ တစ်ကယ်ကို Crush ရသူ တစ်ဦးနဲ့ ရိုက်ကူးထားတဲ့ အိမ့်ချစ်ရဲ့ သီချင်းကတော့ ပရိသတ်တွေကြိုက်နှစ်သက်ကြတာကို တွေ့ရပါတယ်။သူမကိုယ်တိုင်အပြင်မှာ Crush ရတဲ့ နေတိုးနဲ့ အတူ ရိုက်ကူးရတာကြောင့်အရမ်းကို ပျော်ရွှင်နေတယ်လို့လည်း သူမရဲ့ ပရိသတ်တွေကို ပြောပြထားဖူးပါတယ်။ အဲ့ဒီသီချင်းကို အိမ့်ချစ်ကိုယ်တိုင် ရေးသားထားပြီး သူမကိုယ်တိုင် သရုပ်ဆောင်နေတိုးနဲ့အတူ သရုပ်ဆောင်ထားကာ ဒါရိုက်တာ သီဟ(Dyno) က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ နောက်ထပ်မှာလည်း သူမရဲ့ “အိမ့်ချစ်ဟုခေါ်သည်” စီးရီးအတွက် ပြင်ဆင်နေပြီး သူမရဲ့ မိန်းကလေး ပရိသတ်တွေ အတွက် အိမ့်ချစ်နာမည်နဲ့ Brand တစ်ခုထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။အိမ့်ချစ်ကတော့ ဂီတလောကထဲကို ငယ်စဉ်ကတည်းက ရောက်ရှိလာပြီး ဖခင်နဲ့အတူ သီဆိုထားတဲ့ “ရေစီးကြောင်းသံယောဇဉ်” သီချင်းနဲ့ ပရိသတ်တွေကို သိစေခဲ့သူ လည်း ဖြစ်ပါတယ်။

Photo : Eint Chit Facebook
Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...