ပထွေးဖြစ်သူရဲ့အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ခံရလို့ တိုက်ရိုက် Live လွှင့်ပြီး မိမိကိုယ်ကို သတ်သေတဲ့မိန်းကလေး

Katelyn Nichole Davis လို့ အမည်ရတဲ့ ကလေးမလေးဟာ မိမိကိုယ်ကို သေကြောင်းကြံစည်တဲ့ ဗွီဒီယိုဖိုင်ကို ကိုယ်တိုင် ရိုက်ကူးပြီး Facebook မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ သူမဟာ အမေရိကန် Polk County, Georgia မှာ နေထိုင်သူ ဖြစ်ပြီး၊ 42 မိနစ်အထိ ကြာမြင့်တဲ့ အဆိုပါ ဗွီဒီယိုကို ကိုယ်တိုင် ရိုက်ကူးခဲ့ပါတယ်။ Nichole ရဲ့ ရုပ်အလောင်းကို ၎င်းတို့အိမ်နဲ့ မနီးမဝေးမှာ 2016 ခုနှစ် ဒီဇင်ဘာ 30 ရက် ရှာဖွေတွေ့ရှိခဲ့ပြီး၊ သူမကိုယ် သူမ ပြန်ညှင်းဆဲထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

YouTube မှာ ကနဦးပျံ့နှံ့လာခဲ့တဲ့ ဗွီဒီဖိုင်ဟာ ဖယ်ရှားခံခဲ့ရပြီး၊ နောက်ပိုင်းမှာတော့ အသက်အရွယ် အတည်ပြုပြီး ၀င်ရောက်ကြည့်ရှုရတဲ့ ဆက်စပ်ဗွီဒီယိုဖိုင်တွေ ဆက်တိုက် ပွားလာခဲ့ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်စဉ်တုန်းကလည်း ဗွီဒီယိုကို လူဘယ်နှစ်ယောက် ၀င်ကြည့်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒီကလေးမလေးဟာ ပြင်ပလောကမှာ အနိုင်ကျင့်နှိက်စက်ခံရလို့ သေကြောင်း ကြံ စည်တာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

READ ဒေါက်တာက မျက်ခမ်းစပ်ကို ကော်နဲ့ကပ်သလိုဖြစ်သွားလို့ မျက်လုံးကန်းမတတ် ဖြစ်ခဲ့ရတဲ့ကလေး ဒါပေမယ့် Nichole ရဲ့ မိဘတွေက သမီးဖြစ်သူ ရေးထားခဲ့တဲ့ မှတ်စုစာအုပ်နဲ့၊ ဆေးမှတ်တမ်းတွေ တွေ့ရှိခဲ့ပါတယ်။ မှတ်စုစာအုပ်ထဲမှာ သူမဟာ ပထွေးဖြစ်သူရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ရန် ကြိုစားမှု ခဏခဏခံခဲ့ရကြောင်း၊ သူမကိုလည်း ခဏခဏ ရိုက်နှက်ကြောင်း ရေးသားထားပါတယ်။ ဆေးမှတ်တမ်းမှာလည်း Nichole ဟာ စိတ်ကျရောဂါ ခံစားနေရသူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...