လမ်းမပေါ်မှာ Happy New Year စာတန်းရေးနေတုန်း ဖြစ်သွားတာပါတဲ့

လမ်းမပေါ်မှာ Happy New Year စာတန်း တတ်ရေးတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး နှစ်သစ်ကူးအကြို ညမှာသေဆုံးခဲ့တယ်လို့ ထောက်ကြံ့ရဲစခန်းမှတာဝန်ရှိသူကပြောပါတယ်။

ဇန်န၀ါရီ (၁) ရက်နေ့ နံနက် (၀၀း၀၀)အချိန်ခန့်က အဆိုပါအမျိုးသားဟာ မင်္ဂလာဒုံမြို.နယ် ရခိုင်ကျောင်းမှတ်တိုင်အနီး လမ်းမပေါ်တွင်Happy New Year စာတန်းတတ်ရေးနေတဲ့ အချိန်မှာ ကားတိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရကာ မြောက်ဥက္ကလာမေဓါဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပုလဲမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းတာဝန်ခံဒုတပ်ဖွဲ့မှူးထင်လင်းအောင်ကပြောပါတယ်။ 
အဆိုပါကားတိုက်ခံရသူအမျိုးသားမှာအရက်သေစာသောက်ထားကာ ဆေးရုံရောက်ပြီးခဏအကြာမှာသေဆုံးသွားတယ်လို့ သိရပါတယ်။ယာဉ်တိုက်မှုဖြစ်စဉ်မှ မောင်းနှင်ထွက်ပြေးသွားတဲ့ယာဉ်မောင်းကို ထောက်ကြံ့ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၀၂ ပေါ့ဆမှုကြောင့်လူသေဆုံးမှုဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေတယ်လို့ ထောက်ကြံ့ရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတဦးကပြောပါတယ်။ 
ထင်လင်းထက် 
kumudranews

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...