Facebook CEO - Mark Zuckerberg ဟာ ယခင်ကလို ဘာသာမဲ့တစ်ဦး မဟုတ်တော့ကြောင်း သိရှိခဲ့ရ။

ယခင်က Facebook CEO - Mark Zuckerbergကို ဘာသာမဲ့တစ်ဦးအဖြစ် သိခဲ့ရပေမယ့် ယခုအခါ Mark Zuckerbergမှာ ဘာသာတရားဟာ အလွန်အရေးကြီးကြောင်း ပြောဆိုခဲ့သည်။တစ်ချိန်က Mark Zuckerbergက သူ့ကိုယ်သူ ဘာသာတရားမဲ့သူ တစ်ဦးဟု ပြောဆိုခဲ့ပေမယ့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့တွင် Mark Zuckerbergမှ “ပျော်ရွှင်ဖွယ် ခရစ္စမတ် နှင့် မင်္ဂလာ Hanukkahဟု Priscilla (ဇနီး), Max (သမီး), Beast (ခွေး) နှင့် ကျွန်တော်တို့မှာ ဆုမွန်ကောင်း ကောင်းပေးလိုက်ပါတယ်”ဟု Facebook postတွင် ရေးသားခဲ့သည်။ထို့နောက် တစ်စုံတစ်ယောက်က Mark Zuckerbergကို “သင်ဟာ ဘာသာမဲ့ဝါဒီ တစ်ဦး မဟုတ်လား”ဟု commentရေးသား မေးလိုက်သောအခါ Mark Zuckerbergက “မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဂျူးလူမျိုးတစ်ဦး အဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် အရာတော်တော်များများကို မေးခွန် မေးခဲ့ပါတယ်။ ယခုတော့ ကျွန်တော် ဘာသာတရားဟာ အလွန်အရေးကြီးကြောင်း ယုံကြည်ခဲ့ပါပြီ”ဟု ပြန်လည် ဖြေကြားခဲ့သည်။Mark Zuckerbergတစ်ယောက် မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်ကြောင်း တိတိကျကျ ပြောကြားခဲ့ခြင်း မရှိခဲ့ပေမယ့် သူရဲ့ ခရစ္စမတ်အားလပ်ရက်တွင် သူ့ကိုယ်ပိုင် facebook accountတွင် “ခရစ္စမတ်ပွဲကျင်းပနေကြောင်း” ရေးသားခဲ့သည်။
 Mark Zuckerbergနှင့် သူ၏ဇနီး Priscilla Chanတို့ ပြီးခဲ့သည့် နွေရာသီက Vaticanမြို့နေ ပုပ်ရဟန်းမင်းကြီး Francis ကတွေ့ဆုံခဲ့ပြီး ဆင်းရဲသော လူတွေကို ဆက်သွယ်ရေးနည်းပညာ ဘယ်လိုလုပ်ဆောင်ပေးရင် ကောင်းမလဲဟု ဆွေးနွေးတိုင်ပင်ခဲ့သည်။ Mark Zuckerbergမှ ပုပ်ရဟန်းမင်းကြီးကို အထင်ကြီး လေးစားကြောင်း ပြောဆိုခဲ့သည်။ Mark Zuckerbergက “ပုပ်ရဟန်းမင်းကြီးရဲ့ ကြင်နာနွေးထွေးမှု၊ လူသားအပေါ်ကူညီလိုသောစိတ် နှင့် နက်ရှိုင်းစွာ ဂရုစိုက်မှုတွေဟာ ကျွန်တော်အတွက်တော့ ဘယ်တော့မှ မမေ့နိုင်ပါ”ဟု facebook postတွင် ရေးသားခဲ့သည်။သူရဲ့ဇနီး ဗုဒ္ဓဘာသာဝင် သူတစ်ဦးဖြစ်ကတည်းက Mark Zuckerbergဟာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့သည်။ ၂၀၁၅ခုနှစ် သူရဲ့ တရုတ်ခရီးစဉ်တစ်ခုတွင် Goose စေတီတော်သွားရောက် လည်ပတ်ခဲ့ပြီး သူရဲ့မိသားစု နှင့် ကမ္ဘာပေါ်ရှိ လူသားများ ကျန်းမာရေးကောင်းပြီး ငြိမ်ချမ်းစွာ နေထိုင်ပါစေ”ဟု ဆုတောင်းပေးခဲ့သည်။
Mark Zuckerbergမှ ဗုဒ္ဓဘာသာဟာ အံ့သြဖွယ်ရာ ဘာသာရေးတစ်ခုဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာအကြောင်းကို အချိန်ပေး လေ့လာနေကြောင်း ပြောဆိုခဲ့သည်။ ကျွန်တော်အနေဖြင့် ဘာသာရေးကို နားလည်သဘောပေါက်ပြီး နက်ရှိုင်းစွာ ယုံကြည်နိုင်ဖို့ မျှော်လင့်ထားကြောင်း Mark Zuckerbergမှ ဆက်လက်ပြောကြားခဲ့သည်။Source: Huffington Post

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...