ဂုိ႐ွယ္ေလးတင္ထားတဲ့ပုိ႔စ္ကုိျပန္တင္ေပးထားတာပါ
...................
CCTV ရဲ႕ မွတ္တမ္းထဲမွာ ဒီလုပ္ၾကံမႈနဲ႔ ပါဝင္ပါတ္သက္ေနတဲ့ ၾကံရာပါေတြကို ေဖာ္ထုတ္ဖို႔ အမ်ားႀကီးအေထာက္အကူျပဳပါလိမ့္မယ္။ CCTV မွတ္တမ္းကို သိရဖို႔ အေရးႀကီးတာ။
(SPY CABLE) သို႔ ၀င္လာတဲ႔ လုပ္ၿကံမွဳ ပံုရိပ္ပါ သံဳးသပ္မွဳ
ဦးကိုနီကို သတ္ျဖတ္အၾကမ္းဖက္ပံု ဓါတ္ပံုသံုးပံုကို အၾကမ္းဖက္ သတ္ျဖတ္အျပီးမွာ
ေစခိုင္းသူေတြကို သတင္းပို႔တဲ႔ အေနနဲ႔ ဓါတ္ပံုရိုက္သူက အြန္လိုင္းတင္တယ္လို႔
ယူဆၾကပါတယ္။
ေနာက္တစ္ခု အယူဆကေတာ႔ ေစခိုင္းခံရသူ တကယ္မသတ္ျဖတ္ခင္မွာ
အေသခ်ာ ဓါတ္ပံုကို ရိုက္ယူတာ ျဖစ္ပါတယ္။
ဆိုလုိခ်င္တာက တကယ္ ေငြယူျပီး တကယ္သတ္ျဖတ္လိုက္တာကို မွတ္တမ္းအျဖစ္ ရိုက္ယူတဲ႔ ဓါတ္ပံု အမ်ိဳးစားလို႔ ေကာက္ခ်က္ ဆြဲၾကပါတယ္။
(၁) ဓါတ္ပံု ရိုက္ယူသူရဲ႔ အရပ္သည္ ( ၅ေပ ေလး သို႔မဟုတ္ ၅ ေပ ၆ လကၼေလာက္ထိကို ) ရိွတဲ႔ အရပ္မ်ိဳး ျဖစ္ႏိုင္ပါတယ္ သူရိုက္ယူတဲ႔ ဓါတ္ပံု ကင္မရာ အနိမ္႔ျမင္႔အရ အဆိုပါ အရပ္မ်ိဳးေလာက္နဲ႔ ရိုက္ယူတယ္လို႔ ယူဆရပါတယ္။
(၂) အိုင္ဖုန္းနဲ႔ ရိုက္ယူတဲ႔ ပံုထြက္မ်ိဳး မဟုတ္သလို ဆမ္ေဆာင္း ဖုန္းအမ်ိဳးစားနဲ႔ ရိုက္ယူတဲ႔ အေရာင္အေနထားမ်ိဳး လည္း မဟုတ္ပါဘူး …သူရဲ႔ရိုက္ယူတဲ႔ ဖုန္းအမ်ိဳးစားမွာ ဟာေ၀ (Hawai) တရုတ္လုပ္ ရိုးရိုးရွင္းရွင္း ဖုန္းအမ်ိဳးစား ျဖစ္ပါတယ္။
(၃) ဓါတ္ပံု ရိုက္ယူမည္႔သူနဲ႔ အေသခ်ာ စကားေျပာျပီးမွ ဓါတ္ပံုရိုက္ယူသူမွ အဲဒီခေလးခ်ီထားသူကို မင္းသြားပစ္လိုက္ေတာ႔ ငါလွမ္းရိုက္ျပီး ပို႔ေပးလိုက္မယ္ဆိုတဲ႔သေဘာနဲ႔ ဓါတ္ပံုရိုက္ယူတာျဖစ္ပါတယ္။
(၄) ဓါတ္ပံုရိုက္ယူသူဟာ အေရွ႔တည္႔တည္႔မွ မ၇ိုက္ပါဘူး ဦးကိုနီကလည္း အေရွ႕ဘက္ကို ၾကည္႔ျပီး ရပ္ေနတဲ႔ အေနထားမို႔ သူ႔ကို ျမင္မွာ သူသိပုံရပါတယ္ ..သို႔ေၾကာင္႔ ေဘးဘက္ကပဲ ဓါတ္ပံုကို ရိုက္ယူတာ ျဖစ္ပါတယ္။
(၆) ဓါတ္ပံုရိုက္ယူသူမွ သြားေရာက္ ပစ္ခတ္ အၾကမ္းဖက္သူကို အမ်ားဆံုး ေပ (၂၀) အနည္းဆံုး ၁၅ ေပေလာက္ကေန လွမ္းရိုက္တဲ႔ ေဒါင္လိုက္ ျမင္ကြင္းက်ယ္ ဓါတ္ပံုေတြ အျဖစ္ ထြက္လာတာ ေတြ႔ရပါတယ္။
(၇) ဓါတ္ပံုရိုက္သူဟာ ပစ္ခတ္သတ္ျဖတ္မွဳ မတိုင္ခင္ ေသနတ္ကိုင္ျပီး လက္ကို ခ်ိန္ရြယ္လိုက္တဲ႔ စကၠန္႔ပိုင္း အခ်ိန္အၾကာနဲ႔ ဦးကိုနီလဲက်သြားျပီး ေျမျပင္ေပၚေရာက္သြားတဲ႔ ပံုေတြ အျပင္ ေျပးလာျပီး အနားေရာက္လာသူမ်ားကိုပါ ေနာက္ဆံုး ႏွစ္ပံု ထပ္မံရိုက္ယူခဲ႔ျခင္းဟာ သူတို႔ ပစ္မွတ္ အေသခ်ာ ပစ္ခတ္ခဲ႔ေၾကာင္းကို အရမ္းေသြးေအးေအးအေနထားနဲ႔ တည္တည္ျငိမ္ျငိမ္ မလွဳပ္ရွားပဲ ယာဥ္ကား သို႔မဟုတ္ တိုင္တခုခု သို႔မဟုတ္ လူအခ်ိဳ႔ နားမွ မ်က္ကြယ္ေနရာယူျပီး ရိုက္ခဲ႔တာျဖစ္ပါတယ္။ အေၾကာင္းကေတာ႔ ဓါတ္ပံုထဲမွာ မွဳံ၀ါးျခင္း မလိုအပ္ေသာ အေရာင္ စြက္ဖက္ ေႏွာက္ရွက္မသဲကြဲတဲ႔ ပံုမ်ိဳးမဟုတ္ျခင္းေၾကာင္႔ပါ။
(၈) ဓါတ္ပံုရိုက္ျပီးျပီးခ်င္းမွာပဲ အဆိုပါ ဓါတ္ပံုမွတ္တမ္းသမားဟာ ယာဥ္တစ္စီးေပၚကိုတက္ျပီး သိုမဟုတ္ တေနရာသို႔ အကာကြယ္ယူဖိုထြက္သြားျပီး အင္တာနက္ လိုင္းကို အမိရ အခ်ိန္ယူျပီး သတင္းပို႔ တင္ျပျခင္းျပဳတဲ႔ အခ်ိန္ဟာ ဦးကိုနီ ျဖစ္စဥ္နဲ႔ ၁၅ မိနစ္ေလာက္အကြာမွာ ထြက္လာတဲ႔ ဓါတ္ပံုေတြ ျဖစ္တာမို႔ သူကေတာ႔ ေလဆိပ္၀င္း အျပင္ဘက္ကို ေရာက္ရိွသြားေလာက္တဲ႔အေနထားမ်ိဳးမဟုတ္ပါဘူး။
(၉) ဓါတ္ပံုတင္ျပသူမွာ ရည္ရြယ္ခ်က္ ႏွစ္ခုရိွႏိုင္ပါတယ္။
အေစားက ေျပာခဲ႔သလို သူတို႔ (BOSS) ကို ကိစၥခိုင္မာေၾကာင္း အတည္ျပဳခ်က္ ျပသျခင္း ျဖစ္သလို
ေနာက္တခ်က္ကေတာ႔ အမ်ားျပည္သူမ်ားကို ငါတို႔ ဒီလိုလုပ္ျပီး သတ္ျဖတ္ေျဖရွင္း အျပတ္ရွင္းလို႔ရေၾကာင္း အေျခေနမ်ိဳးကို ျပသတယ္လို႔ ေျပာႏိုင္ပါတယ္။
(၁၀) ဓါတ္ပံုရိုက္ယူသူသာလ်င္ ဒီေနရာမွာ သတ္ျဖတ္သူကို တဆင္႔ျခင္း ေစခိုင္းသြားတဲ႔ အေျခေနမ်ိဳးရိွေနတာကေတာ႔ …. ဦးကိုနီ ေလယာဥ္ခရီးဆိုက္ေရာက္သတင္း ၀င္ေရာက္လာပံု ၀င္ေရာက္လာသည္႔ ဂိတ္ အ၀င္ အထြက္ အားလံုး ေနာက္ထပ္ တစ္ေယာက္က ေတာက္ေလ်ာက္ လွမ္းသတင္းေပးေနတဲ႔ ပံုေပါက္ျပီး သူတို႔အားလံုးကို ကားတစ္စီးနဲ႔လာခ်ေပးျပီး ကားေမာင္းသမားက ခ်ေပးျပီးျပီးခ်င္းမွာပဲ ျပန္ထြက္သြားပံု ေပါက္ေနပါတယ္။ (စီစီတီဗြီကင္မရာက သက္ေသခံပါလိမ္႔မယ္)
အဆံုးဆိုရေသာ္ အားလံုး ( ၄)ဦးအဖြဲ႔ဆိုတာ ေသခ်ာေလာက္ပါတယ္လို႔ ယူဆႏိုင္ပါတယ္။
***သတင္းေတာက္ေလ်ာက္ေပးသူ
****ကားေမာင္းလာပို႔ေပးသူ
***ဓါတ္ပံုရိုက္မွတ္တမ္းတင္သူ
****အၾကမ္းဖက္ ပစ္ခတ္သတ္ျဖတ္သူ တို႔ ျဖစ္ပါတယ္။
ဦးကိုနီနဲ႔ ျပန္ၾကားေရး၀န္ၾကီးအဖြဲ႔ ျပည္ပသြားေရာက္ေသာ ခရီးလမ္း အေသးစိတ္အစီစဥ္ကေတာ႔
လက္ရိွ သမၼတရံုး ျပန္ၾကားေရး ႏိုင္ငံေတာ္ အတိုင္ပင္ခံ ျပန္ၾကားေရး ကိစၥေတြကို တစ္ဦးတည္းေဆာင္ရြက္ေနသူျဖစ္တဲ႔ ဦးေဇာ္ေဌးကပဲ အေသးစိတ္ စီစဥ္ေပးတဲ႔ ခရီးစဥ္ျဖစ္ေၾကာင္း သိရျပီး အားလံုး အေသးစိတ္ လုပ္ငန္းစဥ္မ်ားကိုလည္း ဦးေဇာ္ေဌးႏွင္႔ ျပန္ၾကားေရး တို႔ အေသခ်ာ တိုင္ပင္ျပီးမွ ျပည္ပခရီးစဥ္ စတင္ထြက္ခြာခဲ႔ေၾကာင္းသိရသည္။
သို႔ေသာ္ က်ေနာ္တို႔ေမ်ွာ္လင္႔ခ်က္ကေတာ႔ ယခု ဖမ္းဆီးထားေသာ တရားခံ က်န္းမာေနေကာင္းျပီး အမွန္တရား ျဖစ္စဥ္ လုပ္ၾကံမွဳ အားလံုး အခိုင္မာကို ဖြင္႔ခ် ၀န္ခံခြင္႔ ရမွသာလ်င္ အမွန္ျဖစ္စဥ္ကို က်ေနာ္တို႔ တိတိပပ သိရိွရမယ္လို႔ ယူဆရေၾကာင္းပါ။
ဂိုလ္ရွယ္ေလး
==============
Unicode>>>
ဂိုရှယ်လေးတင်ထားတဲ့ပို့စ်ကိုပြန်တင်ပေးထားတာပါ
...................
CCTV ရဲ့ မှတ်တမ်းထဲမှာ ဒီလုပ်ကြံမှုနဲ့ ပါဝင်ပါတ်သက်နေတဲ့ ကြံရာပါတွေကို ဖော်ထုတ်ဖို့ အများကြီးအထောက်အကူပြုပါလိမ့်မယ်။ CCTV မှတ်တမ်းကို သိရဖို့ အရေးကြီးတာ။
(SPY CABLE) သို့ ဝင်လာတဲ့ လုပ်ကြံမှု ပုံရိပ်ပါ သုံးသပ်မှု
ဦးကိုနီကို သတ်ဖြတ်အကြမ်းဖက်ပုံ ဓါတ်ပုံသုံးပုံကို အကြမ်းဖက် သတ်ဖြတ်အပြီးမှာ
စေခိုင်းသူတွေကို သတင်းပို့တဲ့ အနေနဲ့ ဓါတ်ပုံရိုက်သူက အွန်လိုင်းတင်တယ်လို့
ယူဆကြပါတယ်။
နောက်တစ်ခု အယူဆကတော့ စေခိုင်းခံရသူ တကယ်မသတ်ဖြတ်ခင်မှာ
အသေချာ ဓါတ်ပုံကို ရိုက်ယူတာ ဖြစ်ပါတယ်။
ဆိုလိုချင်တာက တကယ် ငွေယူပြီး တကယ်သတ်ဖြတ်လိုက်တာကို မှတ်တမ်းအဖြစ် ရိုက်ယူတဲ့ ဓါတ်ပုံ အမျိုးစားလို့ ကောက်ချက် ဆွဲကြပါတယ်။
(၁) ဓါတ်ပုံ ရိုက်ယူသူရဲ့ အရပ်သည် ( ၅ပေ လေး သို့မဟုတ် ၅ ပေ ၆ လက္မလောက်ထိကို ) ရှိတဲ့ အရပ်မျိုး ဖြစ်နိုင်ပါတယ် သူရိုက်ယူတဲ့ ဓါတ်ပုံ ကင်မရာ အနိမ့်မြင့်အရ အဆိုပါ အရပ်မျိုးလောက်နဲ့ ရိုက်ယူတယ်လို့ ယူဆရပါတယ်။
(၂) အိုင်ဖုန်းနဲ့ ရိုက်ယူတဲ့ ပုံထွက်မျိုး မဟုတ်သလို ဆမ်ဆောင်း ဖုန်းအမျိုးစားနဲ့ ရိုက်ယူတဲ့ အရောင်အနေထားမျိုး လည်း မဟုတ်ပါဘူး …သူရဲ့ရိုက်ယူတဲ့ ဖုန်းအမျိုးစားမှာ ဟာဝေ (Hawai) တရုတ်လုပ် ရိုးရိုးရှင်းရှင်း ဖုန်းအမျိုးစား ဖြစ်ပါတယ်။
(၃) ဓါတ်ပုံ ရိုက်ယူမည့်သူနဲ့ အသေချာ စကားပြောပြီးမှ ဓါတ်ပုံရိုက်ယူသူမှ အဲဒီခလေးချီထားသူကို မင်းသွားပစ်လိုက်တော့ ငါလှမ်းရိုက်ပြီး ပို့ပေးလိုက်မယ်ဆိုတဲ့သဘောနဲ့ ဓါတ်ပုံရိုက်ယူတာဖြစ်ပါတယ်။
(၄) ဓါတ်ပုံရိုက်ယူသူဟာ အရှေ့တည့်တည့်မှ မရိုက်ပါဘူး ဦးကိုနီကလည်း အရှေ့ဘက်ကို ကြည့်ပြီး ရပ်နေတဲ့ အနေထားမို့ သူ့ကို မြင်မှာ သူသိပုံရပါတယ် ..သို့ကြောင့် ဘေးဘက်ကပဲ ဓါတ်ပုံကို ရိုက်ယူတာ ဖြစ်ပါတယ်။
(၆) ဓါတ်ပုံရိုက်ယူသူမှ သွားရောက် ပစ်ခတ် အကြမ်းဖက်သူကို အများဆုံး ပေ (၂၀) အနည်းဆုံး ၁၅ ပေလောက်ကနေ လှမ်းရိုက်တဲ့ ဒေါင်လိုက် မြင်ကွင်းကျယ် ဓါတ်ပုံတွေ အဖြစ် ထွက်လာတာ တွေ့ရပါတယ်။
(၇) ဓါတ်ပုံရိုက်သူဟာ ပစ်ခတ်သတ်ဖြတ်မှု မတိုင်ခင် သေနတ်ကိုင်ပြီး လက်ကို ချိန်ရွယ်လိုက်တဲ့ စက္ကန့်ပိုင်း အချိန်အကြာနဲ့ ဦးကိုနီလဲကျသွားပြီး မြေပြင်ပေါ်ရောက်သွားတဲ့ ပုံတွေ အပြင် ပြေးလာပြီး အနားရောက်လာသူများကိုပါ နောက်ဆုံး နှစ်ပုံ ထပ်မံရိုက်ယူခဲ့ခြင်းဟာ သူတို့ ပစ်မှတ် အသေချာ ပစ်ခတ်ခဲ့ကြောင်းကို အရမ်းသွေးအေးအေးအနေထားနဲ့ တည်တည်ငြိမ်ငြိမ် မလှုပ်ရှားပဲ ယာဉ်ကား သို့မဟုတ် တိုင်တခုခု သို့မဟုတ် လူအချို့ နားမှ မျက်ကွယ်နေရာယူပြီး ရိုက်ခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ ဓါတ်ပုံထဲမှာ မှုံဝါးခြင်း မလိုအပ်သော အရောင် စွက်ဖက် နှောက်ရှက်မသဲကွဲတဲ့ ပုံမျိုးမဟုတ်ခြင်းကြောင့်ပါ။
(၈) ဓါတ်ပုံရိုက်ပြီးပြီးချင်းမှာပဲ အဆိုပါ ဓါတ်ပုံမှတ်တမ်းသမားဟာ ယာဉ်တစ်စီးပေါ်ကိုတက်ပြီး သိုမဟုတ် တနေရာသို့ အကာကွယ်ယူဖိုထွက်သွားပြီး အင်တာနက် လိုင်းကို အမိရ အချိန်ယူပြီး သတင်းပို့ တင်ပြခြင်းပြုတဲ့ အချိန်ဟာ ဦးကိုနီ ဖြစ်စဉ်နဲ့ ၁၅ မိနစ်လောက်အကွာမှာ ထွက်လာတဲ့ ဓါတ်ပုံတွေ ဖြစ်တာမို့ သူကတော့ လေဆိပ်ဝင်း အပြင်ဘက်ကို ရောက်ရှိသွားလောက်တဲ့အနေထားမျိုးမဟုတ်ပါဘူး။
(၉) ဓါတ်ပုံတင်ပြသူမှာ ရည်ရွယ်ချက် နှစ်ခုရှိနိုင်ပါတယ်။
အစေားက ပြောခဲ့သလို သူတို့ (BOSS) ကို ကိစ္စခိုင်မာကြောင်း အတည်ပြုချက် ပြသခြင်း ဖြစ်သလို
နောက်တချက်ကတော့ အများပြည်သူများကို ငါတို့ ဒီလိုလုပ်ပြီး သတ်ဖြတ်ဖြေရှင်း အပြတ်ရှင်းလို့ရကြောင်း အခြေနေမျိုးကို ပြသတယ်လို့ ပြောနိုင်ပါတယ်။
(၁၀) ဓါတ်ပုံရိုက်ယူသူသာလျင် ဒီနေရာမှာ သတ်ဖြတ်သူကို တဆင့်ခြင်း စေခိုင်းသွားတဲ့ အခြေနေမျိုးရှိနေတာကတော့ …. ဦးကိုနီ လေယာဉ်ခရီးဆိုက်ရောက်သတင်း ဝင်ရောက်လာပုံ ဝင်ရောက်လာသည့် ဂိတ် အဝင် အထွက် အားလုံး နောက်ထပ် တစ်ယောက်က တောက်လျောက် လှမ်းသတင်းပေးနေတဲ့ ပုံပေါက်ပြီး သူတို့အားလုံးကို ကားတစ်စီးနဲ့လာချပေးပြီး ကားမောင်းသမားက ချပေးပြီးပြီးချင်းမှာပဲ ပြန်ထွက်သွားပုံ ပေါက်နေပါတယ်။ (စီစီတီဗွီကင်မရာက သက်သေခံပါလိမ့်မယ်)
အဆုံးဆိုရသော် အားလုံး ( ၄)ဦးအဖွဲ့ဆိုတာ သေချာလောက်ပါတယ်လို့ ယူဆနိုင်ပါတယ်။
***သတင်းတောက်လျောက်ပေးသူ
****ကားမောင်းလာပို့ပေးသူ
***ဓါတ်ပုံရိုက်မှတ်တမ်းတင်သူ
****အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်သူ တို့ ဖြစ်ပါတယ်။
ဦးကိုနီနဲ့ ပြန်ကြားရေးဝန်ကြီးအဖွဲ့ ပြည်ပသွားရောက်သော ခရီးလမ်း အသေးစိတ်အစီစဉ်ကတော့
လက်ရှိ သမ္မတရုံး ပြန်ကြားရေး နိုင်ငံတော် အတိုင်ပင်ခံ ပြန်ကြားရေး ကိစ္စတွေကို တစ်ဦးတည်းဆောင်ရွက်နေသူဖြစ်တဲ့ ဦးဇော်ဌေးကပဲ အသေးစိတ် စီစဉ်ပေးတဲ့ ခရီးစဉ်ဖြစ်ကြောင်း သိရပြီး အားလုံး အသေးစိတ် လုပ်ငန်းစဉ်များကိုလည်း ဦးဇော်ဌေးနှင့် ပြန်ကြားရေး တို့ အသေချာ တိုင်ပင်ပြီးမှ ပြည်ပခရီးစဉ် စတင်ထွက်ခွာခဲ့ကြောင်းသိရသည်။
သို့သော် ကျနော်တို့မျှော်လင့်ချက်ကတော့ ယခု ဖမ်းဆီးထားသော တရားခံ ကျန်းမာနေကောင်းပြီး အမှန်တရား ဖြစ်စဉ် လုပ်ကြံမှု အားလုံး အခိုင်မာကို ဖွင့်ချ ဝန်ခံခွင့် ရမှသာလျင် အမှန်ဖြစ်စဉ်ကို ကျနော်တို့ တိတိပပ သိရှိရမယ်လို့ ယူဆရကြောင်းပါ။
ဂိုလ်ရှယ်လေး
Home
/
ျပည္တြင္းသတင္း
/
ျဖစ္ရပ္မွန္
/
ေစခိုင္းခံရသူ တကယ္မသတ္ျဖတ္ခင္မွာ အေသခ်ာ ဓါတ္ပံုကို ရိုက္ယူတာ ျဖစ္ပါတယ္။
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment