မွေးစားသမီး အဓမ္မပြုကျင်ခံရပြီး အသတ်ခံရသည်ကို ထိုင်ကြည့်နေခဲ့သည့် မိခင်

အပြည့်အစုံ ကြည့်ရန်နှိပ်ပါ။။



 
မိခင်ဖြစ်သူရဲ့ချစ်သူက ဒီအတိုင်း ထိုင်ကြည့်နေခဲ့တာဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ မွေးစားမိခင်ချစ်သူအမျိုးသားရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်တွေဟာ မွေးစားမိခင်ရဲ့ရှေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူကလည်း ဘယ်သူ့ကိုမှအကူအညီမတောင်းပဲ ဒီအတိုင်း ကြည့်နေခဲ့တယ်လို့ သိရပါတယ်။ ဂရေ့စ်ပက်ကာဆိုတဲ့ ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ဟာ မွေးစားမိခင် ဆာရာပက်ကာနဲ့ ဆာရာရဲ့ချစ်သူဖြစ်တဲ့ ဆူလီဗန်တို့ရဲ့လက်ထဲမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဂရေ့စ်မသေဆုံးခင်ခင်မှာ ဆူလီဗန်က ဆာရာရဲ့ရှေ့မှာ ဂရေ့စ်ကို ရိုက်နှက်အဓမ္မကျင့်ခဲ့တယ်လို့ သိရပါတယ်။ မွေးစားမိခင်ဖြစ်သူ ဆူလီဗန်ဟာ စိတ်သာယာမှုယူဖို့အတွက် မွေးစားသမီးကို ချစ်သူက အဓမ္မကျင့်နေတာကို ထိုင်ကြည့်နေခဲ့ကြောင်း အမေရိကန်ပြည်တွင်းသတင်းအချို့က ဖော်ပြပါတယ်။
ပန်နီဆာလ်ဗေးနီးယားပြည်နယ်က ဘက်ခ်စ်ခရိုင်မှာ ၂၀၁၆ ခုနှစ်အတွင်း အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ဆာရာပက်ကာနဲ့ သူမရဲ့ချစ်သူ ဆူလီဗန်တို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီဖြစ်ပြီါ် ဆာရာဂရေ့စ်ဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပဲ ဆေးရုံမှာ ဆေးကုသမှု ခဲ့ယူခဲ့ရပါသေးတယ်။ အခုတော့ အဆိုပါစုံတွဲကို လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။
အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရပြီးတဲ့နောက်မှာ ဂရေ့စ်သောက်မယ့် အရည်ထဲကို ဆေးတွေထည့်တိုက်ခံခဲ့ရပြီး အဲဒီဆေးတွေကြောင့် ဆေးလွန်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဂရေ့စ်ဟာ ဆေးလွန်သွားခဲ့ပြီး နောက်တစ်နေ့မနက်အထိ အသက်ရှုနေသေးပေမယ့် မိခင်ဖြစ်သူက ဒီအတိုင်းပစ်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

Source : Daily Mail
Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...