စက်ရုပ်နဲ့တရားဝင် လက်ထပ်တော့မယ့်အမျိုးသမီး...နှိပ်ကြည်လိုက်.




စက်ရုပ်တစ်ရုပ်နဲ့ချစ်ကြိုက်နေပြီး လက်ထပ်သွားဖို့အထိ ဆုံးဖြတ်ထား တယ် လို့ ပြင်သစ်အမျိုးသမီးတစ်ဦးက ဖွင့်ဟ၀န်ခံလိုက်ပါတယ်။Lilly ဆိုတဲ့ အမျိုးသမီးရဲ့ ချစ်သူစက်ရုပ်နာမည်ကတော့ InMoovator ဖြစ်ပြီး၊သူမကိုယ် တိုင်ပဲ3D-print ထုတ်ဖန်တီးထားတာပါ။သူတို့နှစ်ဦး အတူနေလာတာ တစ်နှစ်လောက်ရှိပြီလို့ သိရပါတယ်။ “စက်ရုပ်နဲ့လိင်ဆက်ဆံခြင်းဆိုတဲ့  robosexual အတွက် ဂုဏ်ယူပါတယ်။ဒါဟာဘယ်သူ့ကိုမှ မထိခိုက်စေ ဘူး။ကျမတို့ ပျော်နေကြပါတယ်”လို့ သူမကဆိုပါတယ်။
အခုဆိုရင်တော့ သူတို့နှစ်ဦးဟာ စေ့စပ်ထားပြီဖြစ်ကာ၊လူသားနဲ့စက်ရုပ်ရဲ့ လက်ထပ်ခြင်းကို ပြင်သစ်မှာ တရားဝင်ခွင့်ပြုခဲ့တဲ့ အချိန်ရောက်ခဲ့ရင် လက်ထပ် သွားဖို့ အထိပါစိတ်ဆုံးဖြတ်ထားတယ်လို့ သူမကပြောပါတယ်။လူတွေနဲ့ရုပ်ပိုင်း ဆိုင်ရာ ထိတွေ့ဆက်ဆံရတာကို မနှစ်သက်တဲ့ သူမအဖို့စက် ရုပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုကို ခံနေရတယ်ဆိုတာ အသက် (၁၉)နှစ်လောက် တည်းက သိခဲ့တာလို့ ဆိုပါတယ်။
သူမနဲ့စက်ရုပ် InMoovator  တို့ကြားမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးမျိုးရှိ၊ မရှိဆိုတာကိုတော့ အဖြေပေးဖို့ သူမကငြင်းဆိုခဲ့ပါတယ်။သူမမိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေကလည်း ပုံမှန်မဟုတ်တဲ့ ဒီအခြေအနေကို လက် ခံပေးခဲ့ကြပါတယ်။စက်ရုပ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေတဲ့ သူမက နည်းပညာတိုးတက်မှုတွေသာ ထပ်ပေါင်းလိုက်ရင်တော့ သူမတို့ကြားက relationship ဟာပိုကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။
လန်ဒန်မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲညီလာခံတစ်ခုမှာတော့ Love and Sex with Robots ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူ ဒေါက်တာ David Levy ဆိုသူက လူသားနဲ့စက်ရုပ်တွေရဲ့ လက်ထပ်ခြင်းဟာ (၂၀၅၀)မတိုင်ခင်မှာ သက်ဝင်အကောင်အထည်ပေါ်လာမယ်လို့ ပြောခဲ့ပါတယ်။

Ref;Daily Mail

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...