ဝိုင်းစုခိုင်သိန်းလည်း ပြောပြီ..



ကိုယ်ရေးကိုယ်တာထက် အနုပညာကို စိတ်ဝင်စားစေချင်တဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်များကို ဖုံးကွယ်ထားသည့် အကြောင်းအရာမရှိ သောကြောင့် ဝေဖန်မှုထွက်ပေါ် တိုင်း ဖြေရှင်းရန်မလိုဟုထင် ကြောင်း ဝိုင်းစုခိုင်သိန်းက ပြော ကြားသည်။

‘‘ပြောချင်တဲ့လူကတော့ ပြောနေမှာပဲ။ အဲဒီပြောနေတဲ့အ ပေါ်မှာ အကုန်လိုက်ပြီးဖြေရှင်းဖို့ မလိုဘူးထင်ပါတယ်’’ဟု ၎င်းက ပြောသည်။

အနုပညာရှင်ဖြစ်သော ကြောင့် ဝေဖန်မှုများ ခံရမည်ဖြစ် သကဲ့သို့ အနုပညာရှင်များဘက် က လည်း အဆိုပါဝေဖန်မှုများကို ကြံ့ကြံ့ခံနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဝိုင်းစုဘာလုပ်နေတယ်ဆို တာ လူတိုင်းကို ချပြပြီးသား။ ဘယ်အရာကိုမှ ခိုးကြောင်ခိုးဝှက် လုပ်နေတာမရှိဘူး။ နောက်ပြီး ဝိုင်းစု ဘယ်သူ့ကိုမှ မစော်ကား ထားဘူး။ ကိုယ့်ရပ်တည်မှုနဲ့ ကိုယ့်ဟာကိုယ် ကောင်းကောင်းမွန်မွန် ပဲ နေတယ်’’ဟု ဝိုင်းစုခိုင်သိန်းက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဖျော်ဖြေပွဲ များ သီဆိုရန် အစီအစဉ်ရှိသကဲ့သို့‘ဂါ’တေးစီးရီးအတွက် ဒီဗီဒီလည်း စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘အပြင်လူတွေရော၊ ပရိသတ်တွေရော၊ တခြားအနုပညာ ရှင်တွေရော ကိုယ့်ရဲ့ပါစင်နယ်ကို ဘာတွေလုပ်နေတယ်ဆိုပြီး ဘယ် သူမှဖွင့်ပြောတယ်လို့ မကြားဖူး ဘူး။ အဲဒီအတွက် ဝိုင်းစုလည်း ပြောစရာမလိုဘူးလို့ ထင်တယ်။ အဓိကကတော့ ဝိုင်းစုရဲ့ ပါစင် နယ်ထက် ဝိုင်းစုအလုပ်ကိုပဲ ဦးစားပေးစေချင်တယ်။ ဝိုင်းစု ဘာလုပ်တယ်ဆိုတာ အရေးကြီး တဲ့အရာတွေအားလုံးကို ချပြနေ ကျလေ’’ဟု ဝိုင်းစုခိုင်သိန်းက ပြောကြားသည်။
လတ်တလောတွင် ဝိုင်းစုခိုင် သိန်းနှင့် အမျိုးသားအဆိုတော် တစ်ဦးတို့သည် ၎င်းတို့၏ နာမည် များကို အပြန်အလှန်တက်တူးထိုး ထားသည့်ပုံများ လူမှုကွန်ရက် တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

Credit: 7Day
Link: http://www.7daydaily.com/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...