ေယာကၤ်ားတုိင္းက ဒီလိုပဲလား....

၀ုန္း... ကၽြန္ေတာ့္ အခန္းတံခါးကို ေဆာင့္ကန္ ဖြင့္လိုက္ေသာ အသံေၾကာင့္ ကၽြန္ေတာ္ေရာ ကၽြန္ေတာ့္ ခ်စ္သူပါ လန့္သြားျပီး။ အခန္း တံခါးေပါက္ကို လွမ္းၾကည့္လိုက္ေတာ့ မီး၀င္း၀င္း ေတာက္ေနေသာ မ်က္လံုးမ်ားနွင့္ ၾကည့္ေနေသာ ကၽြန္ေတာ့္ အေဖ။ ကၽြန္ေတာ့္ခ်စ္သူက မ်က္နွာ လႊဲေနလိုက္ပါတယ္။ နွစ္ေယာက္စလံုး ဧည့္ခန္းထဲကိုလာခဲ့ ။ အေဖ ကေျပာျပီး အျပင္ကို ထြက္သြားပါေတာ့သည္။
ခ်စ္သူကို အခြင့္အေရးယူရန္ ၾကိဳးစားေနေသာ ကၽြန္ေတာ္။ အေဖ ကိုယ္တိုင္ မိသြားသျဖင့္ ရွက္စိတ္ မြန္ျပီး ဘာလုပ္လို ့ဘာကိုင္ရမွန္း မသိေတာ့ ကၽြန္ေတာ့္ ခ်စ္သူလက္ကို လွမ္းအဆြဲ ေနဦးေလ ကိုေမာင္ရဲ ့ ၾကည့္ေကာင္းေအာင္ လုပ္ပါရေစဦး။ ကၽြန္ေတာ္တို ့ နွစ္ေယာက္ ဧည့္ခန္းကိုေရာက္ေတာ့။
 အေဖက ကၽြန္ေတာ့္ခ်စ္သူအား။ သမီးကို ဒီေကာင္ တစ္ခုခု လုပ္လိုက္ျပီလား။ ဘာ ဘာမွ မလုပ္ပါဘူးဦး သမီးသမီးတို ့ဘာမွ မျဖစ္ၾကပါဘူး။ ကၽြန္ေတာ့္ခ်စ္သူက ေၾကာက္အား လန္ ့အားနဲ ့အထစ္ထစ္ ေငါ့ေငါ့ ျပန္ေျဖသည္။ အေဖက ကၽြန္ေတာ့္ကိုၾကည့္ျပီး။ မင္းသူ့ကို ျပန္လိုက္ပို ့ေပးလိုက္။
ကၽြန္ေတာ္ ခ်စ္သူလက္ကို ဆြဲျပီး ဘတ္စကား မွတ္တိုင္မွ ကားေပၚ တင္ေပးလိုက္ပါတယ္။ အိမ္သို ့ျပန္ေရာက္သည္နွင့္ အေဖက ဒီမွာထိုင္ ဒါလားကြ ေယာက်ၤား ။။ မင္းကို ငါတို ့က တစ္ေယာက္ထဲ ေမြးထားတာ မင္းမွာ ညီမ မရွိဘူးဆိုျပီး နွမခ်င္း မစာနာပဲ ဒီလို လုပ္္တာလား။ မဟုတ္ပါဘူး အေဖရာ သားတို ့ခုလဲ ဘာမွ မျဖစ္ၾကပါဘူး။ သူလဲ ေျပာသြားတယ္ေလ။ ျဖစ္ျဖစ္ မျဖစ္ျဖစ္ မင္း အခြင့္အေရး ယူဖို ့ၾကိဳးစားတယ္ မဟုတ္လား မလိမ္နဲ ့ငါ့ကို မွန္မွန္ေျပာ။ ဟုတ္ပါတယ္ အေဖ သား ၀န္ခံပါတယ္။ သား ၾကိဳးစားမိပါတယ္ သား မွားပါတယ္။ ငါအိမ္ျပန္ေရာက္တာ ျမန္ေပလို ့ေပါ့ကြာ။ ဒီမွာ ေမာင္ေမာင္ မင္းကို အေဖ ငယ္ငယ္ေလးကတည္းက ဘုရား ရွစ္ခိုးတိုင္း ငါးပါးသီလ ခံျပီး ရွစ္ခိုးခိုင္းတာ မင္းစိ္တ္ထဲမွာ ကဗ်ာရြတ္တာ သီခ်င္းဆိုတာလိုမ်ိဳး သေဘာထားခဲ့တာလား။ မထားပါဘူးအေဖရာ ကံငါးပါးကို မက်ဴးလြန္ေအာင္ အဓိပၸါယ္ပါ အေဖရွင္းျပျပီးမွ ရွစ္ခိုးခိုင္းခဲ့တာပါ။ ဒါဆို ဘာေၾကာင့္ ခုလို လုပ္ရသလဲ ကဲေျပာ။
ဒါ ကာေမသု မိစၧာစာရကံေလ။ ဟုတ္ပါတယ္အေဖ သားကလဲ လူငယ္ဆိုေတာ့ စိတ္အလိုလိုက္ျပီး ခုလို ျဖစ္ခဲ့ရတာပါ။ သားေတာင္းပန္ပါတယ္္အေဖ။ တကယ္ေျပာတာပါ ေနာက္ဒီလို ဘယ္ေတာ့မွ မျဖစ္ေစရဘူးလို ့ဂတိေပးပါတယ္။ ပထမဆံုးနဲ ့ေနာက္ဆံုး အၾကိမ္အျဖစ္ ခြင့္လႊတ္ေပးပါ။ ေအးမွတ္ထား ေယာက်ၤားဆိုတာ ခႏၼာကိုယ္က ေယာက်ၤား ျဖစ္ေနတိုင္း ေယာက်ၤားလို ့ေျပာလို ့မရဘူး။ စိတ္ဓါတ္ကအစ တကယ္ေယာက်ၤား ပီသတဲ့စိတ္မ်ိဳး ထားနိုင္မွ ေယာက်ၤားကြ။ ကိုယ္လက္ထပ္ မယူနိုင္ေသးတဲ့ ကိုယ့္ခ်စ္သူကို ဘယ္ေတာ့မွ ဒီလို မလုပ္နဲ ့။ သူက ကိုယ့္ကို ခ်စ္လို ့ အလို လိုက္မယ္ ဆိုရင္ေတာင္မွ ကိုယ္က အခြင့္အေရး မယူသင့္ဘူး။ မွတ္ထား ကိုယ္ကလဲ ခ်စ္သူဘ၀မွာ ဒီလိုမ်ိဳး အခြင့္အေရး မေတာင္း အပ္ဘူး။
ဟုတ္ကဲ့ပါအေဖ သားမွတ္ထားပါ့မယ္ ။ သားခ်စ္သူကိုလဲ ေတြ ့ရင္ ေတာင္းပန္လိုက္ပါ့မယ္ အေဖ။ ေအး ဒါက လုပ္သင့္တဲ့ အလုပ္ပဲ။ ေယာက်ၤားေကာင္းမွန္ရင္ မွားတာကိုလဲ ရဲရဲ ရင့္ရင့္ ၀န္ခံရဲတဲ့ သတၱိ ရွိရမယ္။ ေအး ေနာက္ထပ္ ဒါမ်ိဳး အေဖ မေတြ ့ခ်င္ဘူး။ မင္းဂတိကိုလဲ မင္းမွတ္ထား။ သြားေတာ့။ ဒီလိုနဲ ့ ၂ ရက္ေလာက္ အၾကာ ညေနဖက္ အေဖ့ရဲ ့ညီ ဦးခ်စ္ခင္ရဲ ့အိမ္ကို ကၽြန္ေတာ္ ေရာက္သြားပါတယ္။ ဟာ လာေဟ့ ငါ့တူ ေမာင္ေမာင္ ဘယ္လိုလဲ ေပ်ာက္ခ်က္သား ေကာင္းေနပါလား။ မင္းကိုၾကည့္ရတာ မ်က္နွာလဲ မေကာင္းပါလား။ ဟုတ္တယ္ ေလးေလးခ်စ္ေရ အိမ္မွာ ဟိုေန ့က ျပႆနာ အၾကီးၾကီး တက္လို ့။ ကၽြန္ေတာ္က အေဖ့ညီ ဦးခ်စ္ခင္ကို ဦးေလးခ်စ္ဟု မေခၚပဲ ေလးေလးခ်စ္ဟုေခၚပါသည္ ။ ဘယ္လို ျဖစ္တာလဲ မင္းအေဖနဲ ့လား။ ဟုတ္တယ္ေလးေလးခ်စ္ အေဖနဲ ့ကၽြန္ေတာ္နဲ ့။ ဘယ္လိုျဖစ္တာလဲကြ ေျပာစမ္းပါဦး။ ကၽြန္ေတာ္က ဟိုတေန ့က အေၾကာင္းကို ျပန္ေျပာျပလိုက္ပါတယ္ ။။
 အင္း..မင္းကလဲ မင္းပဲ ေအးေလ မင္းက လူငယ္ပဲ။ ဒါေပမဲ့ ငါ့အကိုၾကီး အေၾကာင္းကို ငါသိတယ္။ သူက ဒါမ်ိဳး မရဘူးကြ။ သူနဲ ့ငါနဲ ့က ၁၀ နွစ္ေလာက္ ကြာေတာ့ ငါငယ္ငယ္ ကလဲ မင္းလိုပဲ သူ ့ကိုေၾကာက္ခဲ့ရတာကြ။ ဘုရားရွစ္ခိုးတိုင္းလဲ ငါးပါးသီလ ခံျပီး ရွစ္ခိုးရတာ အင္း ခုထိပါပဲကြာ။ အဲဒီ အက်င့္ေကာင္းေလးကေတာ့ ခုထိကို စြဲေနေတာ့တာပါပဲ။ မင္းအန္တီေလးနဲ ့ေလးေလးနဲ ့အိမ္ေထာင္ မက်ခင္ ခ်စ္သူဘ၀မွာလဲ မင္းအေဖ က ေလးေလးကို မင္းကို အခုေျပာသလိုပဲ ဆံုးမခဲ့တာကြ။ ငါနဲ ့မင္းအန္တီေလး ခ်စ္ဘူျဖစ္ျပီး ၂ နွစ္ေလာက္ၾကာမွ သူကိုယ္တိုင္ပဲ မင္းအန္တီေလးမိဘ ေတြဆီလိုက္ေတာင္းျပီး ေပးစားခဲ့တာကြ။ ဟုတ္လား အန္တီေလး။ ကၽြန္ေတာ္က ေလးေလးခ်စ္ ေဘးနားတြင္ ထိုင္ေနေသာ ေလးေလးခ်စ္ မိန္းမ အန္တီ မိုးမိုး ကိုလွမ္းေမးလိုက္ပါတယ္။ အမေလး မင္းအေဖကေတာ့ မေျပာပါနဲ ့ေတာ့ ေမာင္ေမာင္ ေရ ့။ မင္းေလးေလးနဲ ့ခ်စ္သူျဖစ္တာ မင္းအေဖ သိသြားေတာ့ အန္တီေလးကို ေတြ ့ခ်င္တယ္ ေခၚခဲ့လို ့ေျပာတယ္။ အန္တီေလးလဲ ေၾကာက္ေၾကာက္နဲ ့လိုက္ျပီး ေတြ ့ခဲ့ရတယ္။ ေျပာတာမ်ား စံုေနတာပဲ။
လက္မထပ္ခင္မွာ ကိုယ့္စည္းကမ္းနဲ ့ကိုယ္ေနဖို ့။ တစ္ေယာက္ကို တစ္ေယာက္ သစၥာရွိဖို ့စိတ္အလို မလိုက္ၾကဖို ့ ၂ ေယာက္စလံုးကို ေျပာဆို ဆံုးမျပီး ဂတိေတာင္းတယ္ေလ။ ေနာက္ေတာ့လဲ မင္းအေဖ ကိုယ္တိုင္ပဲ လက္ထပ္ေပးခဲ့တယ္။ မင္းအေဖက ကိုယ္က်င့္သီလကို အရမ္း တန္ဖိုးထားတဲ့လူ။ မင္းလဲ မင္းအေဖ စကားကို နားေထာင္ပါ ငါ့တူရယ္။ ဟုတ္ကဲ့ပါ အန္တီေလးရယ္ ကၽြန္ေတာ္လဲ ေနာက္မျဖစ္ေအာင္ သတိထားပါေတာ့မယ္ ဂတိေပးပါတယ္။ မင္းကိုေတာ့ ေလးေလးခ်စ္ အျပစ္ မတင္ခ်င္ပါဘူးကြာ ဒါေပမဲ့ ေနာက္ထပ္ ဒီလုိမ်ိဳး မျဖစ္ေစနဲ ့ကြာ။ ဒီေခတ္မွာ မင္းတို ့အရြယ္ လူငယ္ေလးေတြ အေတြးအေခၚ မွားေနတာေလးေတြေတာ့ ေလးေလးခ်စ္ ေျပာျပခ်င္တယ္ ။
 ဒါေပမဲ့ ေခတ္ေရစီးေၾကာင္းကို အျပစ္ပံုခ်မယ္ဆိုရင္ေတာ့ ရတာေပါ့ ကြာ။ ဟိုတစ္ေန ့က မနက္ပိုင္းေလးေလး ထိုင္ေနၾက လက္ဖက္ရည္ဆိုင္မွာ ထိုင္ေနတုန္း ေလးေလးနားက၀ိုင္းမွာ ငါ့တူအရြယ္ လူငယ္ ၃ ေယာက္ စကားေျပာ ေနတာမ်ားကြာ ေလးေလး ၾကားရတာနဲ ့တင္ ေဒါသျဖစ္မိတယ္။ မိန္းကေလးေတြကို ဟင္းရြက္ကန္စြန္းမ်ား ေအာက္ေမ့ေနသလား မသိပါဘူးကြာ။ ဘယ္မိန္းကေလးနဲ ့ဘယ္လို စြံေနတာ သူ ့ကိုဘယ္လို အခြင့္အေရးေပးတာ သူေျပာသမွ် အားလုံး လိုက္ေလ်ာတာ သူ ့ကို ဘယ္ေလာက္ခ်စ္တာ စံုေနတာပါပဲကြာ။ တစ္ေယာက္နဲ ့တစ္ေယာက္ ေကာင္မေလးေတြနဲ ့ပတ္သက္လို ့ ဂုဏ္ေဖၚေျပာေနၾကတာ... ေလးေလးက သူတို ့စကားေတြၾကားရေတာ့ သူတို ့အေၾကာင္း မသိပဲ ခ်စ္ေနၾကတဲ့ မိန္းကေလးေတြကို သနားမိသလို ကိုယ္က်ငိ့တရား ေကာင္းေအာင္ မဆံုးမခဲ့ၾကတဲ့ သူတို ့မိ ဘေတြကိုပဲ အျပစ္တင္ခ်င္ေနမိေတာ့တယ္။
 ဒီလိုသာဆိုရင္ ငါတို ့တိုင္းျပည္မွာ ကိုယ္က်င့္ သီလကို တန္ဖိုးထားတဲ့ ေယာက်ၤားေကာင္းေတြ တျဖည္းျဖည္း ရွားပါးလာျပီး ေနာက္ဆံုး ေယာက်ၤား ခႏၼာကိုယ္ ရွိတဲ့ ေယာက်ၤားယုတ္ေတြပဲ မ်ားလာေတာ့မယ္။ ကိုယ္ရည္ကိုယ္ေသြးျမင့္မားတဲ့ ေယာက်ၤားေတြေတာင္ ေပ်ာက္ကုတ္မွာစိုးရိမ္ရတယ္ ။ ပတ္၀န္းက်င္မွာလဲ ျမင္ေနရတာပဲ။ စိတ္ကို မနိုင္ၾကလို ့ငယ္ငယ္ ရြယ္ရြယ္နဲ ့ မျဖစ္သင့္ တာေတြျဖစ္ျပီး လက္ထပ္ၾက မၾကာပါဘူး ျပန္ကြဲသြားၾက နဲ ့ မင္းလဲ ျမင္ေနရတာပဲ။ ဒီလို ငယ္ငယ္ ရြယ္ရြယ္နဲ ့အိမ္ေထာင္ကြဲေလးေတြျဖစ္ သြားၾကေတာ့ မပ်က္စီးသင့္တဲ့ မိန္းကေလးေတြ အမ်ားၾကီး ပ်က္စီးသြားရတာေပါ့ကြာ ။ ဒီလို ကိစၥေတြဟာ ဘယ္သူ ့ကိုမွလဲ အျပစ္ေျပာလို ့မရျပန္ဘူးကြ။ ခုေခတ္ သူတို ့ေလးေတြ ပတ္၀န္းက်င္ မွာလဲ နိုင္ငံျခား ရုပ္ရွင္ေတြ ဗြီဒီယိုေတြ သတင္းေတြ စာေပေတြကလဲ အတုယူမွားေလာက္ေအာင္ တနည္းတဖံုအားျဖင့္ ဆြဲေဆာင္ သလို ျဖစ္ေနၾကတာလဲ ပါတယ္။ ဒါေပမဲ ့ဘာပဲျဖစ္ျဖစ္ေပါ့ အဓိကအေနနဲ ့ မိန္းကေလးေတြ ကလည္း စိတ္အလို မလိုက္ပဲ စည္းတဲ ့ကမ္းနဲ ့ေနထိုင္ျပီး ကိုယ့္ခ်စ္သူကို ေလ့လာရမယ္ အကဲခတ္ရမယ္ အလိုမလိုက္သင့္တာကို အလို မလိုက္ရဘူး။
 ေယာက်ၤားေလးေတြကလည္း ငါဟာ ေယာက်ၤားဆိုတဲ့စိတ္ကို ေမြးျပီး သူ ့ႏွမ ကိုယ့္ႏွမ စာနာတဲ့စိတ္နဲ ့ ကိုယ့္ခ်စ္သူကို ျမင့္ျမတ္တဲ့ မိန္းကေလး တစ္ေယာက္အျဖစ္ သေဘာထားနိုင္ရမယ္ အေခ်ာင္ရတာပဲ ဘာပဲျဖစ္ျဖစ္ ေနာင္ခါလာ ေနာင္ခါေစ်းဆိုတဲ့ ေယာက်ၤားယုတ္ေတြရဲ ့စိတ္မ်ိဳး မထားအပ္ဘူး။ ဘာျဖစ္လို ့ဒီလို ေျပာရသလဲဆိုရင္ ေနာက္ဆံုး ျဖစ္ခ်င္တာ ျဖစ္လိုက္လို ့တကယ္ နစ္နာသြားတာက မိန္းကေလးေတြ ျဖစ္ေနလို ့ပဲ။ ဒါေၾကာင့္ မိန္းကေလးေတြထက္ ေယာက်ၤားေလးေတြကပိုျပီး အေရးၾကီးတယ္လို ့ေျပာခ်င္တာ။ ေနာက္ဆံုး ေျပာခ်င္တာကေတာ့ မိဘေတြပဲ ငယ္ငယ္ ကတည္းက ကိုယ္က်င့္သီလနဲ ့ပတ္သက္ျပီး သားသမီးေလးေတြကို သြန္သင္ျပသ ဆံုးမ ေပးခဲ့ၾကရမယ္။
ဒါမွ ကိုယ္က်င့္တရားကို တန္ဖိုးထားတဲ့ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္တဲ့ သားသမီးေလးေတြ ျဖစ္လာၾကမွာ။ အခုလို ျဖစ္ခ်င္တာ ျဖစ္ကုန္ၾကတာကလည္း ကိုယ့္ကိုယ္ကို တန္ဖိုးထားတဲ့စိတ္မ်ိဳး မရွိၾကလို ့ပဲ။ အဲဒီလိုစိတ္မ်ိဳးရွိလာေအာင္လည္း သြန္သင္ ဆံုးမမခံခဲ့ၾကရလို ့ပဲ။ ဒါေၾကာင့္ ယေန ့လူငယ္ ေနာင္၀ယ္လူၾကီး ဆိုသလို အနာဂတ္ တို ့တိုင္းျပည္ကို လႊဲေျပာင္းယူမဲ့ ယေန ့လူငယ္ေလးေတြဟာ ကိုယ္က်င့္သီလကို တန္ဖိုးထားတဲ့ ကိုယ့္ကိုယ္ကို တန္ဖိုးထားတဲ့ ကိုယ္ရည္ကိုယ္ေသြး ျမင့္မားတဲ့ လူငယ္လူရြယ္ေလးေတြ မ်ားမ်ား ေပၚေပါက္လာပါေစလို ့ပဲ ေလးေလး ဆုေတာင္းေနမိပါေတာ့တယ္ငါ့တူရယ္......။

Credit:Yo Yar Lay
====================

ဝုန်း... ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။ အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။
ချစ်သူကို အခွင့်အရေးယူရန် ကြိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို ့ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ ့ ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို ့ နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။
 အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။ ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို ့ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန် ့အားနဲ ့အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။ အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို ့ပေးလိုက်။
ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို ့ပြန်ရောက်သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောကျင်္ား ။။ မင်းကို ငါတို ့က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ််တာလား။ မဟုတ်ပါဘူး အဖေရာ သားတို ့ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။ ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို ့ကြိုးစားတယ် မဟုတ်လား မလိမ်နဲ ့ငါ့ကို မှန်မှန်ပြော။ ဟုတ်ပါတယ် အဖေ သား ဝန်ခံပါတယ်။ သား ကြိုးစားမိပါတယ် သား မှားပါတယ်။ ငါအိမ်ပြန်ရောက်တာ မြန်ပေလို ့ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိ်တ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘောထားခဲ့တာလား။ မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ္ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။ ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။
ဒါ ကာမေသု မိစ္ဆာစာရကံလေ။ ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါတယ််အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို ့ဂတိပေးပါတယ်။ ပထမဆုံးနဲ ့နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။ အေးမှတ်ထား ယောကျင်္ားဆိုတာ ခန္မာကိုယ်က ယောကျင်္ား ဖြစ်နေတိုင်း ယောကျင်္ားလို ့ပြောလို ့မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောကျင်္ား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောကျင်္ားကွ။ ကိုယ်လက်ထပ် မယူနိုင်သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ ့။ သူက ကိုယ့်ကို ချစ်လို ့ အလို လိုက်မယ် ဆိုရင်တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘဝမှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။
ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ ့ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။ အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောကျင်္ားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ဝန်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ ့ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။ ဒီလိုနဲ ့ ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ ့ညီ ဦးချစ်ခင်ရဲ ့အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။ ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။ ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ ့က ပြဿနာ အကြီးကြီး တက်လို ့။ ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။ ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ ့လား။ ဟုတ်တယ်လေးလေးချစ် အဖေနဲ ့ကျွန်တော်နဲ ့။ ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။ ကျွန်တော်က ဟိုတနေ ့က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။
 အင်း..မင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ ့ငါနဲ ့က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ ့ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ ့လေးလေးနဲ ့အိမ်ထောင် မကျခင် ချစ်သူဘဝမှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ ့မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။ ဟုတ်လား အန်တီလေး။ ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေးလိုက်ပါတယ်။ အမလေး မင်းအဖေကတော့ မပြောပါနဲ ့တော့ မောင်မောင် ရေ ့။ မင်းလေးလေးနဲ ့ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ ့ချင်တယ် ခေါ်ခဲ့လို ့ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ ့လိုက်ပြီး တွေ ့ခဲ့ရတယ်။ ပြောတာများ စုံနေတာပဲ။
လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ ့ကိုယ်နေဖို ့။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို ့စိတ်အလို မလိုက်ကြဖို ့ ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက်တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုးထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။ ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။ မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ ့ကွာ။ ဒီခေတ်မှာ မင်းတို ့အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြချင်တယ် ။
 ဒါပေမဲ့ ခေတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။ ဟိုတစ်နေ ့က မနက်ပိုင်းလေးလေး ထိုင်နေကြ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း လေးလေးနားကဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ ့တင် ဒေါသဖြစ်မိတယ်။ မိန်းကလေးတွေကို ဟင်းရွက်ကန်စွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ ့ဘယ်လို စွံနေတာ သူ ့ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ ့ကို ဘယ်လောက်ချစ်တာ စုံနေတာပါပဲကွာ။ တစ်ယောက်နဲ ့တစ်ယောက် ကောင်မလေးတွေနဲ ့ပတ်သက်လို ့ ဂုဏ်ဖေါ်ပြောနေကြတာ... လေးလေးက သူတို ့စကားတွေကြားရတော့ သူတို ့အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို ့မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။
 ဒီလိုသာဆိုရင် ငါတို ့တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောကျင်္ားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောကျင်္ား ခန္မာကိုယ် ရှိတဲ့ ယောကျင်္ားယုတ်တွေပဲ များလာတော့မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောကျင်္ားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင်မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို ့ငယ်ငယ် ရွယ်ရွယ်နဲ ့ မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ ့ မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ ့အိမ်ထောင်ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။ ဒီလို ကိစ္စတွေဟာ ဘယ်သူ ့ကိုမှလဲ အပြစ်ပြောလို ့မရပြန်ဘူးကွ။ ခုခေတ် သူတို ့လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်းတဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ ့ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ ့ မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ ့ကမ်းနဲ ့နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။
 ယောကျင်္ားလေးတွေကလည်း ငါဟာ ယောကျင်္ားဆိုတဲ့စိတ်ကို မွေးပြီး သူ ့နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ ့ ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါစျေးဆိုတဲ့ ယောကျင်္ားယုတ်တွေရဲ ့စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို ့ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို ့တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို ့ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောကျင်္ားလေးတွေကပိုပြီး အရေးကြီးတယ်လို ့ပြောချင်တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ ့ပတ်သက်ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။
ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြတာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို ့ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို ့ပဲ။ ဒါကြောင့် ယနေ ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို ့တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ ့လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို ့ပဲ လေးလေး ဆုတောင်းနေမိပါတော့တယ်ငါ့တူရယ်......။

Credit:Yo Yar Lay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...