အသက်ကြီးလာတဲ့အခါ အမျိုးသားအင်္ဂါ မှာ မလွဲမသွေဖြစ်လာမယ့် အရာများ ကိုကိုတို့နှိပ်ကြည့်လိုက်နော့..

အပြည့်အစုံ ကြည့်ရန်နှိပ်ပါ။။

အမျိုးသားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Brian Steixner က အသက်ကြီးလာတဲ့ အမျိုးသားတွေဟာ နောက်ပိုင်း မျိုးပွားအင်္ဂါမှာ မလွဲမသွေ ကြုံတွေ့လာရမယ့်အရာတွေကို ထုတ်ပြန်ခဲ့ပါတယ်။ Brain ဟာ Institute of Men’s Health မှာ မန်နေးဂျင်း ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ၎င်းထုတ်ပြန်ခဲ့တဲ့ အချက်တွေကို Shwemomရဲ့ အမျိုးသားပရိသတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။

(၁) အရွယ်အစား ကြုံ့သွားမည်

အသက်အရွယ် ရလာတာနဲ့အမျှ မျိုးပွားအင်္ဂါကြွက်သားတွေရဲ့ တက်ကြွမှုကလည်း ပိုပြီးပိုပြီးနည်းလာမှာ ဖြစ်ပါတယ်။ ဒါဟာ အရွယ်အရ ပြောင်းလဲလာတဲ့ သဘောတရားတစ်ခုဖြစ်ပြီး၊ ကာလကြာရှည်လေ အရွယ်အစားဟာ ပိုပြီး ကြုံ့လာလေ ဖြစ်သွားမှာပါ။

(၂) မူလပုံစံနဲ့ မတူပဲ ကွေးသွားခြင်း
အသက်အရွယ် ရလာတဲ့အခါမှာ မျိုးပွားအင်္ဂါရဲ့ တည်နေပုံဟာ အရွယ်ရောက်စဉ်က အနေအထားနဲ့ မတူပဲ ခြားနားချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။ ပုံစံအနေအထားတစ်ခုမှာ ကွေးညွှတ်သွားတဲ့သဘောတွေကို တွေ့ရမှာ ဖြစ်ပြီး၊ စိတ်ဖိအားတွေ၊ ကြွက်သားပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

(၃) ညွှတ်ကျသွားမည်

အိုမင်းတဲ့အခါမျိုး ရောက်သွားပြီဆိုရင်တော့ Steixner calls တွေ လုံးဝနီးပါး အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီလိုအရွယ်မျိုးမှာ လုံးဝ ထောင်မက်နိုင်တဲ့ အနေအထားမျိုး မရှိတော့ဘဲ၊ ကွေးညွှတ်တဲ့အချိန်ကို ရောက်သွားပြီ ဖြစ်ပါတယ်။

(၄) စွမ်းဆောင်ရည် ကျဆင်းခြင်း

အချို့ အမျိုးသမီးငယ်ငယ်နဲ့ အသက်ကြီးမှ အိမ်ထောင်ကျတဲ့ အမျိုးသားတွေလည်း ရှိတတ်ပါတယ်။ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုနည်းနဲ့ လိုက်မမီပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စိတ်က သန်နေပေမယ့် Steixner calls တွေက တ
ဖြည်းဖြည်း ယိုယွင်းလာတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် စိတ်သွားတိုင်း ခန္ဓာကိုယ်က မလိုက်နိုင်တော့ပါဘူး။

Credit: လင်းဇော်ကို (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...