အမျိုးသမီးအင်္ဂါကို ဘယ်တော့မှ မပြုလုပ်သင့်သည့် အရာများ ...(အမျိုးသမီးများ ကျန်းမာရေးအတွက် အလွန် အရေးကြီးပါသည်)

(၁) ပြွတ်နဲ့ထိုးသွင်းပြီး ရေမဆေးရ။

တစ်ချို့က Douching Advice (ရေပြွတ်ကဲ့သို့သော)အရာများသုံးပြီး ယောနိအတွင်းပိုင်းကို ထိုးသွင်းကာ သန့်ရှင်းရေးလုပ်ကြပါတယ်။ ပိုးသတ်သန့်စင်ထားကြောင်း ကြေငြာထားရင်လည်း အသုံးပြုဖို့ မသင့်ပါဘူး။ သားအိမ်အတွင်းပိုင်းဟာအရမ်းနူးညံပြီး pH ပမာဏလွန်ကဲတဲ့ ရေနဲ့ တွေ့ရင် ပျက်ဆီးတတ်သလိုအခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။

(၂) လက်ဖြစ်ဆေးဝါးများ မသုံးရ။

တစ်ချို့တွေက ရာသီလာတဲ့အခါမျိုးမှာ အင်္ဂါရောင်ရမ်းမှုကို သက်သာစေဖို့ ပေါင်းမြက်နဲ့ အုံခြင်း၊
လက်ဖက်ခြောက်အဖန်ရည်နဲ့ ဆေးခြင်း၊ ရေခဲသွင်းခြင်းများ လုပ်တတ်ကြပါတယ်။ ဒါတွေကို လုံးဝ
 ရှောင်ရှားရမယ်ဆိုတာာ အမျိုးသမီးတိုင်း သိစေချင်ပါတယ်။

(၃) အရာဝတ္ထုများနဲ့ ကျဉ်းမြောင်းအောင် မပြုလုပ်ရ။

လင်ယောက်ျားရဲ့ အလိုကိုလိုက်ပြီး အရာဝတ္ထု၊ ဖော့၊ စက္ကူအစရှိတဲ့ ပစ္စည်းတွေသုံးပြီး လမ်းကြောင်း
ကျဉ်းမြောင်းအောင်လုပ်ခြင်း၊ ကျောက်ချဉ်ကဲ့သို့သော အရာများ လိမ်းခြင်းဟာ သားအိမ် ခေါင်းကင်ဆာ
ကိုတောင် ဖြစ်စေနိုင်သည်အထိ ဖြစ်စေပါတယ်။

(၄) ပရဆေးများ မသုံးရ။

ပရဆေးတွေနဲ့ ဟုတ်နိုးနိုးဖြင့် အင်္ဂါကို လိမ်းခြင်း၊ မိမိဘာသာ တက်သလောက် မှတ်သလောက်
လုပ်ခြင်းတွေကို ရှောင်ရပါမယ်။ ရောဂါဆိုးတွေ ပေးတဲ့အရာတွေ ဖြစ်ပါတယ်။

(၅) လိင်ဆက်ဆံပြီး ချက်ချင်းအပေါ့သွားခြင်းမပြုရ။

လိင်ဆက်ဆံပြီးတာနဲ့ ချက်ချင်းအပေါ့သွားတာကို ရှောင်ရှားရပါမယ်။ အကြောင်းကတော့ ဆီးထဲမှာ
 အန္တရာယ်ပေးနိုင်တဲ့ရောဂါပိုးတွေ ပါဝင်လို့ လက်လက်ဆက်ဆက် ပွန်းပဲ့ဒဏ်ရာရထားတဲ့
 လမ်းကြောင်းကြွက်သားနဲ့ ထိတွေ့ရင် ရောဂါရစေနိုင်ပါတယ်။

ဘယ်လို …  သန့်ရှင်းရေးလုပ်ရမလဲ … ?

(၁) pH ပမာဏ 3.5 – 4.5 ထက် မပိုတဲ့ သန့်ရှင်းရေးရေသန့်ကို သုံးပါ။

အချို့ စံညွှန်းနဲ့ မကိုက်ညီတဲ့ pH Care Product တွေကို ကိုယ့်အသိဉာဏ်နဲ့ ချိန်ပြီး ၀ယ်ပါ။ ဒီလို
 အလှကုန်ပစ္စည်းတွေမ၀ယ်နိုင်ဘူးဆိုရင်လည်း ရေနွေးကို ဆူအောင်ပြုတ်ပြီး အအေးခံကာ အနံ့ဆိုးမထွက်ဘူးဆိုရင် အပေါ်ယံသန့်ရှင်းရေးလုပ်နဲ့ လုံလောက်ပါတယ်။ အနံဆိုးထွက်တယ်ဆိုရင်တော့ ပိုးသတ်ထားတဲ့ ၀ါဂွမ်းတံကို တစ်ခါသုံးအဖြစ်သုံးပါ။


(၂) ရေနွေးနဲ့ ဆေးပါ။

ရေနွေးနဲ့ အပြင်ကနေ သန့်ရှင်းအောင် ဆေးနိုင်ပါတယ်။ ရေပန်းနဲ့ ခပ်ပြင်းပြင်းလေး ပန်းပြီးပေါ့။
လက်နဲ့မပွတ်ရင်တောင်အဲဒီနည်းက သန့်ရှင်းစင်ကြယ်စေပါတယ်။

(၃) ကျန်းမာရေးညွှန်းကိန်းနဲ့ လျှော်ညီသော လစဉ်သုံးပစ္စည်းကို သုံးပါ။

အချို့ပစ္စည်းတွေဟာ ရောင်းကောင်းဖို့ အဓိကထား ထုတ်ပိုးထားတာဖြစ်ပါတယ်။ ဘယ်ကျန်းမာရေးဌာနကမှ ထောက်ခံထားတာမျိုး မရှိပါဘူး။ ဒီလိုမျိုးပစ္စည်းမျိုးကို မိမိတို့ဘာသာ ဆန်းစစ်ဖို့ လိုပါတယ်။


(၄) ပိုးသတ်ထားတဲ့ အ၀တ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးပါ။

ရေမွေး၊ ဓာတုဓာတ်ပေါင်းတွေ ပါဝင်တဲ့ တစ်ရှူး/စက္ကူ စတာတွေ လုံးဝ မသုံးရပါ။ ပိုးသတ်ထားတဲ့
အ၀တ်နဲ့ ရှေ့နောက်အပေါ်အောက် သုတ်ပေးနိုင်ပါတယ်။

(၅)၀ါချည်စစ်စစ်နဲ့ပြုလုပ်ထားတဲ့အတွင်းခံအထည်များကို ရွေးချယ်ဝတ်ဆင်ပါ။

ဝါချည်နဲ့ပြုလုပ်ထားခြင်းကြောင့် အခြား ဓာတုဆေးတွေ မပါဝင်ပါဘူး။ အခြား စွပ်ကျယ်ကဲ့သို့သော
 ကုန်ကြမ်းတွေနဲ့ထုတ်လုပ်ထားတဲ့ အတွင်းခံတွေမှာ ဓာတုပစ္စည်း အမြောက်အများပါဝင်လို့ ဆိုးကျိုးကို ဖြစ်စေကြောင်း သတိပေးလိုက်ပါရစေ။

Credit:Mp4You

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...