အိပ္ေရးမ၀ျခင္းဟာ သင့္ကို ေဒါသ ထြက္ေစရံုတင္မကပဲ အေအးမိျခင္း ကိုပါ ျဖစ္ေစႏိုင္တယ္လို႔ သုေတသီ ေတြက သတိေပးလိုက္ပါတယ္။
တစ္ေန႔ကို ၆ နာရီ ျပည့္ေအာင္ မအိပ္တဲ့သူေတြဟာ တစ္ေန႔ကို ၇ နာရီ နဲ႔ အထက္ အိပ္စက္သူေတြထက္ ၄ ဆ တိတိ အေအးမိျခင္းကို ျဖစ္ေပၚေစဖို႔ အခြင့္အေရးမ်ားေစတယ္လို႔ သုေတသီေတြက ဆိုထားပါတယ္။
အိပ္စက္ျခင္းဟာ က်န္းမာေရးအတြက္ အေရးပါတယ္ဆိုတာကို ႏွစ္ေပါင္းမ်ားစြာ လစ္လ်ဴရႈလာခဲ့ၿပီးတဲ့ ေနာက္မွာေတာ့ သိပၸံပညာရွင္ေတြက အိပ္စက္ျခင္းဟာ အစားအေသာက္ေကာင္းေတြနဲ႔ လံုေလာက္တဲ့ ေလ့က်င့္ခန္းေတြလိုပဲ က်န္းမာေရးအတြက္ အေရးပါတယ္ဆိုတာကို လက္ခံလာၾကပါတယ္။
ဒါေပမယ့္လည္း သုေတသီ ေတြယံုၾကည္ခဲ့တာကေတာ့ လူအမ်ားစုဟာ အလုပ္မ်ားတာနဲ႔ အလုပ္မၿပီးတာကို အေၾကာင္းျပၿပီး အိပ္စက္ျခင္းကို လစ္လ်ဴရႈေနၾကပါတယ္။ ထိုသုေတသန ကေတာ့ အရြယ္ေရာက္ၿပီးသူ ၁၆၄ ေယာက္ကို ၇ ရက္တိုင္တိုင္ ဟုိတယ္မွာ အိပ္စက္ျခင္း အမ်ိဳးမ်ိဳးနဲ႔ အိပ္စက္ေစကာ ေစာင့္ၾကည့္ ခဲ့ၾကပါတယ္။
ထုိ သုေတသနမွာ ပါ၀င္ခဲ့သူေတြကိုေတာ့ သာမန္ ဖ်ားနာမႈ ဗိုင္းရပ္စ္ တစ္မ်ိဳးကို ထည့္သြင္းထားတဲ့ ႏွာေခါင္းထဲထည့္တဲ့ေဆးတစ္မ်ိဳးကို သံုးစြဲေစၿပီး သိပၸံပညာရွင္ေတြက ဘယ္သူေတြ အေအးမိ ဖ်ားနာျခင္းေတြ ျဖစ္သြားၾကတယ္ဆိုတာကို စစ္ေဆးၾကည့္ခဲ့ပါတယ္။ ထိုအခါမွာေတာ့ တစ္ေန႔ကို ၅ နာရီ ၀န္းက်င္ပဲ အိပ္စက္ၾကတဲ့ အိပ္စက္မႈ အနည္းဆံုး လူေတြဟာ အျခား အိပ္ေရး၀သူေတြထက္ ၄ ဆ ခြဲတိတိ ပိုၿပီး အေအးမိဖ်ားနာ တတ္တာ ကို ေတြ႕ခဲ့ရပါတယ္။
အိပ္စက္ျခင္း ဟာ ထိုကဲ့သို႔ အေအးမိဖ်ားနာျခင္းေတြအတြက္ အဓိက ျပသနာ ျဖစ္ေနသလို အျခား ျပသနာေတြကေတာ့ လူမႈေရးေနာက္ခံ ကိစၥေတြေၾကာင့္ စိတ္ဖိစီးမႈ မ်ား ၊ စီးကရက္ နဲ႔ ယမကာ တို႔ဟာလည္း ဖ်ားနာျခင္းကို ျဖစ္ေစႏိုင္တဲ့ အျခား ျပသနာ ေတြပဲ ျဖစ္ၾကတယ္လို႔ သိပၸံပညာရွင္ေတြက ဆိုခဲ့ပါတယ္။ သိပၸံပညာရွင္ေတြ အဓိက ယံုၾကည္ခဲ့ၾကတာကေတာ့ အိပ္ေရး၀ျခင္းဟာ ကူးစက္ေရာဂါေတြကို မ၀င္ေရာက္ႏိုင္ေအာင္ ခုခံအား စနစ္ကို ကူညီေပးတယ္ဆိုတာပါပဲ။
ထို ေလ့လာမႈကိုေတာ့ ဆန္ဖရန္ဆစၥကို ေကာလိပ္က လက္ေထာက္ ပါေမာကၡ Aric Prather နဲ႔ အဖြဲ႕က ျပဳလုပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။
Credit: သစ္ထူးလြင္
====================================================
Uni
အိပ်ရေးမဝခြင်းဟာ သင့်ကို ဒေါသ ထွက်စေရုံတင်မကပဲ အအေးမိခြင်း ကိုပါ ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက သတိပေးလိုက်ပါတယ်။
တစ်နေ့ကို ၆ နာရီ ပြည့်အောင် မအိပ်တဲ့သူတွေဟာ တစ်နေ့ကို ၇ နာရီ နဲ့ အထက် အိပ်စက်သူတွေထက် ၄ ဆ တိတိ အအေးမိခြင်းကို ဖြစ်ပေါ်စေဖို့ အခွင့်အရေးများစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာကို နှစ်ပေါင်းများစွာ လစ်လျူရှုလာခဲ့ပြီးတဲ့ နောက်မှာတော့ သိပ္ပံပညာရှင်တွေက အိပ်စက်ခြင်းဟာ အစားအသောက်ကောင်းတွေနဲ့ လုံလောက်တဲ့ လေ့ကျင့်ခန်းတွေလိုပဲ ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာကို လက်ခံလာကြပါတယ်။
ဒါပေမယ့်လည်း သုတေသီ တွေယုံကြည်ခဲ့တာကတော့ လူအများစုဟာ အလုပ်များတာနဲ့ အလုပ်မပြီးတာကို အကြောင်းပြပြီး အိပ်စက်ခြင်းကို လစ်လျူရှုနေကြပါတယ်။ ထိုသုတေသန ကတော့ အရွယ်ရောက်ပြီးသူ ၁၆၄ ယောက်ကို ၇ ရက်တိုင်တိုင် ဟိုတယ်မှာ အိပ်စက်ခြင်း အမျိုးမျိုးနဲ့ အိပ်စက်စေကာ စောင့်ကြည့် ခဲ့ကြပါတယ်။
ထို သုတေသနမှာ ပါဝင်ခဲ့သူတွေကိုတော့ သာမန် ဖျားနာမှု ဗိုင်းရပ်စ် တစ်မျိုးကို ထည့်သွင်းထားတဲ့ နှာခေါင်းထဲထည့်တဲ့ဆေးတစ်မျိုးကို သုံးစွဲစေပြီး သိပ္ပံပညာရှင်တွေက ဘယ်သူတွေ အအေးမိ ဖျားနာခြင်းတွေ ဖြစ်သွားကြတယ်ဆိုတာကို စစ်ဆေးကြည့်ခဲ့ပါတယ်။ ထိုအခါမှာတော့ တစ်နေ့ကို ၅ နာရီ ဝန်းကျင်ပဲ အိပ်စက်ကြတဲ့ အိပ်စက်မှု အနည်းဆုံး လူတွေဟာ အခြား အိပ်ရေးဝသူတွေထက် ၄ ဆ ခွဲတိတိ ပိုပြီး အအေးမိဖျားနာ တတ်တာ ကို တွေ့ခဲ့ရပါတယ်။
အိပ်စက်ခြင်း ဟာ ထိုကဲ့သို့ အအေးမိဖျားနာခြင်းတွေအတွက် အဓိက ပြသနာ ဖြစ်နေသလို အခြား ပြသနာတွေကတော့ လူမှုရေးနောက်ခံ ကိစ္စတွေကြောင့် စိတ်ဖိစီးမှု များ ၊ စီးကရက် နဲ့ ယမကာ တို့ဟာလည်း ဖျားနာခြင်းကို ဖြစ်စေနိုင်တဲ့ အခြား ပြသနာ တွေပဲ ဖြစ်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေ အဓိက ယုံကြည်ခဲ့ကြတာကတော့ အိပ်ရေးဝခြင်းဟာ ကူးစက်ရောဂါတွေကို မဝင်ရောက်နိုင်အောင် ခုခံအား စနစ်ကို ကူညီပေးတယ်ဆိုတာပါပဲ။
ထို လေ့လာမှုကိုတော့ ဆန်ဖရန်ဆစ္စကို ကောလိပ်က လက်ထောက် ပါမောက္ခ Aric Prather နဲ့ အဖွဲ့က ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Credit: သစ်ထူးလွင်
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment