ငယ်ပါ ရှည်လွန်းလို့ တိုချင်သူကိုကိုနဲ့ ဖားမလေး (သက်ပြည့်မှ နှိပ်ကြည့်ပါ..)

လူတစ်ယောက် သူ့ပစ္စည်း ၂၅ လက်မခန့် ရှည်နေသဖြင့် အဆင်မပြေဖြစ်နေသောကြောင့် ဖြတ်ရန် ဆရာဝန်သွားပြသည်။
ဆရာဝန်ပြောသည်။

“ဒါမျိုးက ဖြတ်ရင် တစ်ခါတည်းသုံးမရဖြစ်သွားမယ်။ ဆေးသောက်လို့လဲ မဖြစ်နိုင်ဘူး။ အဲဒီတော့ သမားရိုးကျမဟုတ်တဲ့နည်းပေးမယ်။ ဒီနားက ရေကန်ကိုသွား၊ အဲဒီမှာ ဖားမတစ်ကောင်ရှိတယ်။ သူ့ကိုလက်ထပ်ခွင့်တောင်း။ သူငြင်းလိမ့်မယ်။ တစ်ခါငြင်းတိုင်း ခင်ဗျား ပစ္စည်းလည်းတိုသွားလိမ့်မယ်။”
သို့နှင့်ထိုလူလည်း မယုံ့တယုံဖြင့် ရေကန်နားသွားရာ ဖားတစ်ကောင်တွေ့သည်။
အရှူံးမရှိဟုတွေးကာ ဖားကိုမေးသည်။

“ဖားမကလေး ငါနဲ့လက်ထပ်ပါလား”
“ဟင့်အင်း မထပ်နိုင်ပါဘူး”
ထိုလူလည်း ဘောင်းဘီဟကြည့်ရာ ငါးလက်မတိုသွားသည်ကို တွေ့သဖြင့် သေမတတ်ပျော်သွားပြီး ထပ်မေးသည်။

“ဖားမလေး ငါနဲ့လက်ထပ်မှာလား”
“ရော် မထပ်နိုင်ပါဘူးဆို”
ထပ်ကြည့်ရာ ထပ်တိုသွားသဖြင့် ၁၅ လက်မသာကျန်တော့သည်။
၁၀ လက်မခန့်ဆိုလျှင် အကောင်းဆုံးဟု ယူဆပြီး နောက်တစ်ခါထပ်မေးလို့ ဖားမလေး တစ်ခါလောက် ထပ်ဖြေလိုက်ရင် အိုကေပြီဟုတွေးကာ နောက်ဆုံးတစ်ကြိမ်ထပ်မေးရန် ဆုံးဖြတ်လိုက်သည်။

“ဖားမလေး ငါနဲ့လက်ထပ်နော်”
“အော် တယ်ခက်တဲ့လူပါလား။ ဘယ်နှစ်ခါပြောမှနားလည်မှာလဲ။ ရှင်နဲ့ လက်မထပ်ဘူး! လက်မထပ်ဘူး!!
လက်မထပ်ဘူး!!! ရပြီလား ထပ်ပြောရအူးမလား လုံးဝ လက်မထပ်ချင်ဘူး!!!! ကဲ.... ရှင်းပြီလား..”

ကဲ…တေရောဂျာ…

Credit : Chilly Chan

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...