သဇင် ပွင့်ပွင့်လင်းလင်း ပြောပြထားတဲ့ ဖာရုပ်သီချင်းအကြောင်း

မြေအောက် ဂီတလောကမှာ အထင်ကရ ဟစ်ဟော့ပ် အဆိုတော်တဦးဖြစ်တဲ့ YAK  သဇင် ရဲ့ သီချင်းတပုဒ် နာမည်က ဖာရုပ် ဖြစ်ပါတယ်။

ဒီသီချင်းက ဘာကို ရည်ရွယ်တာလဲ။

 “ကျမတို့ကို ဝေဖန်ထားတဲ့ သူတွေက စပွန်ဆာ ယူထားတဲ့သူတွေချည်းပဲ ဖြစ်နေတယ်။ ဒါ သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာပဲလေ။
 ကြိုက်တဲ့သူနဲ့ ကြိုက်သလို နေလို့ရတယ်။ ဒါပေမယ့် ကျန်တဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားနေတဲ့ သူတွေကို မနှိမ်သင့်ဘူး၊ .....
အဲဒီမှာ ကျမ အိုင်ဒီယာတခု ရသွားတာ။ ..... သူတို့ရဲ့ မှားနေတာတွေကို ပြန်ပြီးတော့ မြင်စေချင်တာ။ အဲဒီလိုမျိုးနဲ့ ပတ်သက်ပြီးတော့ ဒီသီချင်းကို ကျမတို့ ဆိုဖြစ်တာပါ” လို့ ပြောပြပါတယ်။

YAK  သဇင် က ဧရာဝတီကို အဲဒီလို ပြောပြပါတယ်။

“တည့်ပဲ ဆော်မယ်ကွာ၊ တည့်မှ ထိတာ ဆိုပြီးတော့ ရေးလိုက်တာပါ။ ဒီသီချင်းနဲ့ ပတ်သက်ပြီး YAK က ရိုင်းရင် ရိုင်းသွားမယ်ပေါ့နော်။ ဒါပေမယ့် ဒါတွေဟာ တကယ့် အဖြစ်အမှန်တွေပါလို့ ပရိသတ်ကြီးကို သိစေချင်ပါတယ်” လို့ သဇင်က   ပြောပါတယ်။

ဒီသဇင်က YAK  သဇင် ဖြစ်ပါတယ်။
No အဖွဲ့ဝင်ဟောင်း သဇင် မဟုတ်ပါ။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...