ညဘက်တစ်ယောက်တည်း ဖြစ်နေတတ်သူတွေအတွက်...နှိပ်ကြည့်လိုက်နော်

ညဘက်တွေမှာ တစ်ကိုယ်တည်းဖြစ်နေတယ်၊ အထီးကျန်တယ်လို့ ခံစားရတဲ့အခါမျိုးတွေမှာ ဖြေဖျောက်နိုင်မယ့်နည်းဖြစ်ပါတယ်။

၁ – အစီစဉ်ချထားပါ
ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ နေ့စဉ်ပုံမှန်အစီစဉ်ရှိထားပါ။ ဒီလိုမှ မဟုတ်ရင်တော့ ဘာလုပ်ရမှန်းမသိဘဲ အထီးကျန်မှုက ပိုပြင်းထန်လာပါလိမ့်မယ်။

၂ – ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေ
ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေနိုင်မယ့် နည်းလမ်းတွေကို အရင် စစဉ်းစားပါ။ စာဖတ်တာ၊ တီဗွီကြည့်တာ၊ သီချင်းနားထောင်တာ ဒါတွေ အရင်လုပ်ကြည့်ပါ။

၃ – ကိုယ်တိုင်ချက်စားပါ
တစ်ကိုယ်တည်းဖြစ်နေတာကြောင့် ဖြစ်သလို စားတတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ကိုယ့်ဘာကိုယ်ချက်စားတာက သင့်ရဲ့အထီးကျန်မှုကို သက်သာစေပါတယ်။

၎ – အွန်လိုင်းသုံးပါ
အွန်လိုင်းသုံးပေးပါ။ ဒါပေမဲ့ အပျော်သက်သက်ပဲ ဖြစ်ပါတယ်။

၅ – အိမ်မွေးတိရစ္ဆာန်
ခွေးဖြစ်ဖြစ်၊ ကြောင်လေးတစ်ကောင်ဖြစ်ဖြစ် မွေးထားပါ။ သူတို့ကို ချစ်နေရတာနဲ့ပဲ အချိန်တွေကုန်လို့ ကုန်မှန်းတောင် သိမှာ မဟုတ်ပါဘူး။

၆ – ဒါတွေမလုပ်နဲ့
တစ်ကိုယ်တည်း အထီးကျန်နေတယ်ဆိုပြီး လျှောက်မလုပ်သင့်တာတွေ ရှိပါတယ်။ အရက်သောက်တာ၊ ကော်ဖီတွေ တအားသောက်တာ။ ညဥ့်နက်တဲ့ထိ မုန့်တွေ ထိုင်စားတာမျိုးပါ။

Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...