ဆံသားကျွတ်စေတဲ့ ဆံပင်ပြင်ဆင်ပုံ (၄) ခု

ကပြဖျော်ဖြေမယ်ပွဲမှာ ၁ - အပူပေးခြင်း

ဆံသားကို ကာကွယ်ပေးမယ့် ပစ္စည်းတစ်မျိုးမျိုးကို မလိမ်းဘဲ အပူချောင်းနဲ့ဆံပင်ကောက်တာ၊ ဖြောင့်တာတွေဟာ ဆံပင်ကျွတ်ရုံတင်မကဘဲ ဆံသားကို ပျက်စီးစေပါတယ်။ မွှေးညှင်းပေါက်တွေကို ခြောက်သွေ့သွားရုံတင်မကဘဲ ဆံသားလုံးတွေပါ ပါးစေပါတယ်။

၂ - ဘီးဖြီးခြင်း

ဘီးဖြီးတာ ကောင်းပေမဲ့ ဘီးအလွန်အကျွံဖြီးရင်လည်း ဆံသားကျိုးတာ၊ ဆံသားကျွတ်တာတွေ ဖြစ်ပါတယ်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ဖြီးရင် လုံလောက်ပါတယ်။

၃ - စည်းခြင်း

ဆံပင် အနောက်ကိုလှန်ပြီး အမြဲတမ်း တင်းကြပ်အောင် စည်းနှောင်ခြင်း ဖြစ်ပါတယ်။ ဆံပင်တွေကို အမြစ်ကနေ ဆွဲထုတ်သလို ဖြစ်နေပါတယ်။ ဆံပင်စည်းတဲ့အခါ မျက်နှာတင်းကြပ်သလိုပါ ခံစားနေရရင် အဆိုပါစည်းနှောင်မှုဟာ အလွန်တင်းကြပ်တဲ့ စည်းနှောင်မှု ဖြစ်ပါတယ်။

၎ - ဆေးဆိုး
ဆံပင်ကို အဆက်မပြတ် အရောင်အမျိုးမျိုး ပြောင်းဆိုးနေတာ ဖြစ်ပါတယ်။ ဆံပင်ဆိုးတဲ့အခါ အိမ်မှာ ဘယ်တော့မှ မဆိုးပါနဲ့။ ကျွမ်းကျင်သူဆီမှာပဲ ဆေးကောင်းကောင်းနဲ့ ဆိုးသင့်ပါတယ်။


Credit : duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...