အမျိုးသားရဲ့ အကူအညီမပါဘဲ ကလေးယူနိုင်တော့မည်..

အမျိုးသားရဲ့ အကူအညီမပါဘဲ ကလေးယူနိုင်တော့မည်

အမျိုးသားရဲ့ အကူအညီမပါဘဲ ကလေးကို ဖန်တီးပေးနိုင်ပြီဟု တရုတ်သိပ္ပံပညာရှင်တွေက တွေ့ရှိချက်အသစ်ကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ဓာတ်ခွဲခန်းထဲမှာ ပြုလုပ်ထားတဲ့ သုတ်ရည်ကို ကြွက်မလေးတွေရဲ့ မမျိုးဥအိမ်ထဲမှာ ထိုးသွင်းပြီး ကြွက်ငယ်လေးတွေ မွေးဖွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ၎င်းတို့ဟာ သူတို့ရဲ့ stem cell နည်းပညာနဲ့ မျိုးအောင်တဲ့သုတ်ရည် ချို့တဲ့သော အမျိုးသားများကိုလည်း ကုသမှုအသစ်တွေ ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်ပညာရှင်တွေကတော့ ဖြစ်နိုင်ချေနည်းတဲ့ တွေ့ရှိချက်လို့ ဆိုခဲ့ပါ တယ်။ ကြွက်တွေဟာ နည်းပညာအရ spermatids သုတ်ရည်ကို ထုတ်လုပ်နိုင်ပေမယ့် အဲဒီ သုတ်ကောင်တွေမှာ အမြှီးမပါ သလို၊ သုတ်ရေကြည်ထဲမှာ ကူးခတ်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Icsi (intracytoplasmic sperm injection) လို့ ခေါ်တဲ့ သုတ်ရည်ကို ကြွက်မတွေထဲကို IVF နည်းပညာနဲ့ ထိုးထည့်လိုက်တဲ့အခါမှာတော့ အဲဒီ ကြွက်မလေးတွေဟာ အားရစရာကောင်းတဲ့ သန္ဓေသားတွေက တစ်ဆင့် ကျန်းမာတဲ့ ကြွယ်ငယ်လေးတွေကို မွေးဖွားနိုင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ spermatids သုတ်ရည်ထိုးထည့်ပြီး ကလေးရယူရအောင် ပြုလုပ်ခြင်းကို ဥပဒေအရ တားမြစ်ထား ပါတယ်။

Nanjing Medical University မှ လက်ထောက်ဓာတ်ခွဲခန်းမှူး ဒေါက်တာ Jiahao Sha ဟာ Cell Stem Cell ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ သူက “ လူတွေအတွက် ဘေးကင်းမှု ရှိမရှိ သက်သေပြရရင်တော့ ကျွန်တော်တို့ရဲ့ စမ်းသပ် ချက်တွေဟာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ သုတ်ရည်ကို ထုတ်လုပ်နိုင်ဖို့ ဖန်ပြွန်သန္ဓေသားနည်းပညာ သို့မဟုတ် အတုပြု လုပ်ထားတဲ့ မျိုးဗီဇအတွက်တော့ အခြေအနေ ကောင်းနေပါတယ် … ”လို့ ပြောဆိုခဲ့ပါတယ်။ stem cell ထုတ်လုပ်ပုံ ကတော့ ကြက်ဆီကနေ သန္ဓေသားကို ယူပြီး ဓာတုဗေဒနဲ့ရောစပ်ထားတဲ့ ကော့တေးကို ဂရုတစိုက်ရောစပ်ရခြင်း ဖြစ်ပါတယ်။ 2011 ခုနှစ်မှာ ဂျပန်ပညာရှင်တွေဟာ Stem Cell မှ ကြွက်မျိုးရိုးဗီဇ Cell အသစ်တွေကို တီထွင်နိုင်ခဲ့ပေမယ် အဆိုပါ ဗီဇဟာ ကြွက်ထီးရဲ့ မျိုးပွားဥအိမ်ထဲကို ထိုးထည့်ရတာ ဖြစ်ပါတယ်။ တရုတ်သုတေသန ပညာရှင်အဖွဲ့မှ ဒေါက်တာ Sha က “ ကျွန်တော်တို့အဖွဲ့ဟာ မျိုးဗီဇဖန်တီးရေဇီဝဗေဒပညာရှင်တွေနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်းဖြစ်ပြီး စံသတ်မှက် ချက်တွေကိုလည်း တိတိကျကျ လိုက်နာပါတယ် … ဒါကြောင့်မို့ ဒီ တီထွင်မှုဟာ မျိုးမအောင်တဲ့ အမျိုးသားတွေအတွက် တော့ ထိရောက်တဲ့ကုသမှုအဖြစ် အာမခံချက် ပေးနိုင်ပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...