တစ်ရက်ကို ကော်ဖီ နှစ်ခွက်သောက်တဲ့ ယောက်ျားကို မိန်းမတွေ လက်မလွှတ်နိုင်ဘူးတဲ့..။ ဘာကြောင့်လဲ နှိပ်ကြည့်လိုက်..။

တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်ခြင်းဖြင့် အမျိုးသားတွေဟာ သူတို့ရဲ့ချစ်သူ၊ ဇနီးမယားတွေနဲ့ ကိုယ်လက်နှီးနှောတဲ့အခါ စွမ်းဆောင်ရည်ပိုမိုပြည့်ဝလာတက်ကြောင်းကို သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ လူပေါင်း လေးထောင်နီးပါးကို စမ်းသမ်ခဲ့တဲ့ဒီစမ်းသပ်မှုအရ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာ ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ ကိုယ်လက်နှီးနှောတဲ့နေရာမှာ စွမ်းဆောင်ရည် ကောင်းချင်ရင်တော့ တဖက်မှာရှိတဲ့ ကော်ဖီရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို ဂရုစိုက်နေလို့ မရပါဘူး။

 ကော်ဖီလုံးဝ မသောက်သူနဲ့ ကော်ဖီသောက်သူ အမျိုးသားအုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ရာမှာ ကော်ဖီသောက်တဲ့ အုပ်စုကအမျိုးသားတွေဟာ အရင်ထက် ၄၂ ရာခိုင်နှုန်းလောက်ပိုပြီး ကိုယ်လက်နှီးနှောမှုမှာ စွမ်းဆောင်ရည်ပြည့်ဝလာတာ တွေ့ရပါတယ်။ဒါပေမယ့်လည်း လိုအပ်တာထက်ပိုပြီး တစ်နေ့ကို ကော်ဖီလေးခွက်လောက် သောက်မယ်ဆိုရင်တော့ အစာအိမ်ရောဂါဖြစ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းအပြင် ကော်ဖီနဲ့ပတ်သတ်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားရမှာဖြစ်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ အမျိုးသားအင်္ဂါထဲကို သွေးတွေပုံမှန်စီးဆင်းပြီး သွေးလွှတ်ကြောနဲ့ ကြွက်သားတွေကို လန်းဆန်းစေတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ ယနေ့ခေတ်တွက်ချက်မှုတွေအရ အမျိုးသား အသက် ၄၀ နဲ့ ၇၀ ကြားရှိသူတွေက လိင်အင်္ဂါ မသန်စွမ်းတဲ့ ရောဂါကို ကုစားနေရပါတယ်။ ကိန်းဂဏန်းအရဆိုရင်တော့ တနေ့ကို ကဖိန်းဓါတ် ၈၅ မီလီဂရမ်ကနေ ၁၇၀ မီလီဂရမ်လောက် သုံးစွဲသင့်ပါတယ်။
Credit:Planet

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...