အချစ်ကြောင်းမသိပဲ မကစားကြပါနဲ့
အချစ်က ရန်သူတပါးလို ကြောက်ရတယ်
ပျက်အစဉ် ပြင်ခဏတဲ့ ဒီစကားကမှန်သောစကားပါ ဒါပေမယ့်
အချစ်အတွက်တော့ မှန်သောစကား မဖြစ်နိုင်ပါ
အချစ်ကြောင်းမသိပဲ ကစားမိလို့ ပျက်စီးသွားရင် ပြင်ဖို့ ခက်လိမ့်မယ် ညီမငယ်
ရေခပ်သွားတဲ့ ကောင်မလေးက လမ်းမှာချောလဲလို့
ကျကွဲသွားတဲ့အိုးကို ဘယ်လောက်ပင် မွမ်းမံပြီး ပြင်နေလည်း
ဒီအိုးနဲ့ ဒီနေ့အတွက် ဒီရေကို ခပ်နိုင်တော့မှာ မဟုတ်တော့သလို
အချစ်ဆိုတဲ့ လမ်းမပ်ါမှာ မတော်ချော်လဲ
အရှက်ကွဲခဲ့ရတဲ့ မိန်းကလေးတယောက်က
ဘယ်လိုပင်ပြုပြင် နေထိုင်သော်လည်း ဒီဘဝဒီခရီး
အတွက် အကောင်း မမြင်နိုင် တော့ပါ ညီမလေး
အိုးကွဲလျင် တခဏအတွင်း အစားထိုး ၀ယ်းယူလို့ သုံးနိုင်ပေမယ့်
မသိစိတ်နဲ့ ကွဲသွားဖူးတဲ့ အရှက်တရား
ကိုတော့ ဒီတဘဝအတွက် ပြန်လည် ရယူဖို့ဆိုတာ မလွယ်လောက်ပါ ညီမလေး
မလဲ မကွဲခင် အမြဲ တစွဲ သင်ယူလေ့လာပါ
ချစ်တယ်လို့ ပြောတိုင်းလည်းမယုံနဲ့
ယုံမိရင်တောင် မသနားမိဖို့ သတိထားပါ
ကိုယ့်ရဲ့သနားစိတ်အတွက် တဖက်လူက
အမှားများစွာ ပေးသွားနိုင်တယ် ညီမလေး...
လေးစားစွာဖြင့်
#ကျွဲကျောင်းသား(သံပုရာ)
0 comments :
Post a Comment