လွန်ခဲ့တဲ့တစ်ပတ်က ကျွန်တော့်ရဲ့ကောင်မလေးက သူ့အိမ်ကို အလည်လာဖို့ ခေါ်တယ်။ သူ့အိမ်လည်း ကျွန်တော်ရောက်သွားရော ကျွန်တော့်ကောင်မလေးလည်းမရှိ တစ်အိမ်လုံးမှာ သူ့ညီမလေးတစ်ယောက်ပဲတွေ့တယ်။ သူ့ညီမလေး ဘယ်လောက် ညှို့အားပြင်းပြီး ဆွဲဆောင်မှုရှိလဲဆိုတာ ပြောရင် ယုံမှာတောင်မဟုတ်ဘူး။
ကြည့်ဦး.. အဲဒီနေ့မှာမှ အဲဒီကောင်မလေးက မီနီစကတ် တိုတိုလေးကို ဝတ်ထားပြီး အတွင်းခံဘရာစီယာလည်း ဝတ်မထားဘူး။ အဲဒီကောင်မလေးကပြောတယ်။ သူ့အစ်မက အခု အရေးကြီးကိစ္စနဲ့ အပြင်ကို ထွက်သွားတယ်။ ညနေမှ ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောပြဖို့ သူ့ကို မှာခဲ့တယ်တဲ့။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့က လက်ထပ်ဖို့ နှစ်ပတ်လောက်ပဲ လိုတော့တာ။ .
ဒါနဲ့ ကျွန်တော် အိမ်ထဲမှာ သူ့ညီမလေးနဲ့ စကားပြောနေတုန်း သူ့ညီမလေးက ကျွန်တော့်ကို တိုးတိုးလေးကပ်ပြောတယ်။ ကျွန်တော့်ကို သူသဘောကျနေတဲ့အကြောင်း၊ ဘယ်လိုမှလည်း ဆက်ပြီး မျိုသိပ်ထားလို့ မရတော့တဲ့အကြောင်း ပြောပါလေရောဗျို့။ သူ့အစ်မနဲ့ လက်မထပ်ခင်၊ ကျွန်တော့်တစ်ဘဝလုံးကို သူ့အစ်မဆီ လုံးဝ မပုံအပ်လိုက်ခင် ကျွန်တော်နဲ့ တစ်ကြိမ်လောက်ဖြစ်ဖြစ် အတူတူရှိနေချင်တယ်တဲ့။
သေဟဲ့.. ဆိုပြီး ကျွန်တော် တော်တော်လေး လန့်သွားတယ်။ ဘာစကားမှတောင် ပြန်မပြောနိုင်ဘူး။ ဒါနဲ့ အဲဒီကောင်မလေးက ဆက်ပြောပြန်တယ်။ “ညီမတော့ အိပ်ခန်းထဲ သွားတော့မယ်။ တကယ်လို့ နောက်ဆုံးအနေနဲ့အတူတူ ပျော်မြူးချင်ရင် ညီမဆီလာခဲ့ပါနော်”တဲ့။
ကျွန်တော် ချက်ချင်းပဲ ချာခနဲလှည့်ပြီး ကျွန်တော့် ကားဆီသွားဖို့ အိမ်ရှေ့တံခါးမကြီးဆီလျှောက်သွားလိုက်တယ်။ . တံခါးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ… ဟိုက်ရော့.. တစ်မိသားစုလုံးပါလား။ ကျွန်တော့်ရဲ့ ယောက္ခမလောင်း မိသားစုပေါ့ဗျာ။ အားလုံး လက်ခုပ်တွေ တီးနေကြတယ်။ ယောက္ခထီးကြီးဆို မျက်ရည်တွေဝဲလို့ ကျွန်တော့်ကို လာဖက်တယ်။
“အဖေတို့က သားရဲ့ကိုယ့်ကျင့်တရားကို စမ်းခဲ့တာကွ။ သားအောင်မြင်ခဲ့တယ်အတွက် အရမ်းကို ဝမ်းသာမိပါတယ်ကွာ။ သမီးအတွက် မင်းထက်သာတဲ့လူမျိုး ဘယ်မှာသွားရှာလို့ ရပါတော့မလဲ။ ကြိုဆိုပါတယ်ကွာ”တဲ့။
သင်ခန်းစာ – သင့်ရဲ့ကွန်ဒုံးကို ကားထဲမှာ အမြဲသိမ်းထားပါ။ ကျွန်တော်လည်း ကွန်ဒုံးကို ကားထဲမှာပဲ အမြဲသိမ်းထားပါတယ်..။
ဒီစာကို ဆုံးအောင်ဖတ်သွားသူတိုင်း ဖေ့ဘုတ်ကွန်မန့်မှာ ဘဘောကျ မကျ မန့်ခဲ့ပေးနော်..။
ဆိုက်ထဲ ၀င်မကြည့်တတ်တဲ့သူတွေ လေ့လာစေချင်လို့ပါနော်..။
Translated by Si Thu Htun
0 comments :
Post a Comment