သတင်းထောက်ကိုစိုးမိုးသတ်ဖြတ်ခံရမှုအကျဉ်း

Assissnation Case Study of Journelist Soe Moe
#ဖြစ်စဉ်
(13 - 12 - 2016) နံနက် (00:22) အချိန် အောင်ချမ်းသာနှင့်မြို့သစ်အကြား ခမရ (16) အနီး ပြည်ထောင်စုလမ်းမကြီးဘေး၌ ပွန်းပဲ့ဒဏ်ရာတစုံတရာမရှိသော လဲကျနေသောဆိုင်ကယ်နှင့် ၅၁ ပေ အကွာတွင် ကိုစိုးမိုး၏အလောင်းကို မှောက်လျက်အနေအထားဖြင့် ခရီးသွားမုံရွာမြို့ခံတစ်ဦးမှ စတင်တွေ့ရှိခဲ့ပြီး ရဲစခန်းနှင့် သတင်းထောက်များကို သတင်းပို့ခဲ့သည်။
#တွေ့ရှိရသောဒဏ်ရာများ
ဦးခေါင်းဝဲယာနှစ်ဖက်စလုံး မာကျောလေးလံသောဒဏ်ရာ ၂ ချက်
ဝဲဖက်နှဖူးတွင် မာကျောလေးလံဒဏ်ရာတစ်ချက်
မျက်နှာဖူးယောင်ဒဏ်ရာများ
#ထူးခြားချက်
ကျန်သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပွန်းပဲ့ဒဏ်ရာမရှိ
အဝတ်အစားများသန့်ရှင်းနေပြီး တွန့်ကြေခြင်းမရှိ
နောက်ဆုံးထွက်ခွါသည့်နေရာမှ ၂၂ မိနစ်အကြာတွင်တွေ့ရ။
#ရဲလုပ်ငန်း
ကနဦးစစ်ဆေးချက်များပြီး
မုံရွာမြို့မရဲစခန်းမှ
အမှုကြီးအမှတ်စဉ် ၁၀
ပုဒ်မ ၃၀၄
(ပ) အမှတ် ၁၅၆၄/၂၀၁၆ ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရ။
#မိသားစု
ဇနီးသည်နှင့် မူလတန်းကျောင်းတက်နေသည့်သားတစ်ဦးရှိ။

Credit - Kyaw Minn Htut

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...