မြေနီကုန်း ငွေလဲကောင်တာ သေနတ်ဖြင့်ခြိမ်းခြောက်ဓားပြတိုက်ခံရ
အဆိုပါဓားပြတိုက်သူနှစ်ဦးက ငွေလဲသူဟန်ဆောင်ကာ နှစ်ကြိမ်လာရောက်ပြီး ဒုတိယအကြိမ်တွင် သေနတ်ဖြင့်ချိန်ပြီး မအော်နှင့်ဟုပြောဆိုကာ ငွေကြေးများကို ယူဆောင်သွားသည်ဟုဆိုသည်။
“တယောက်ကသေနတ်နဲ့ကျမကိုချိန်တယ်။ ကျန်တယောက်ကဦးလေးကို လေးခွနဲ့ချိန်တယ်။ ရှိတာတွေအကုန်ထုတ်ခိုင်းတာ။ ငွေကခွဲထည့်ထားတာဆိုတော့ ဒေါ်လာနဲ့မြန်မာငွေ ခန့်မှန်း သိန်း ၂၀၀ လောက် ပါသွားတယ်။ စီစီတီဗီတွေလည်း ဖျက်စီးသွားတယ်။ သေနတ်၂ ချက်လည်း ပစ်ဖောက်သွားတယ်”ဟု ပြောသည်။
ယင်းဓားပြတိုက်သူနှစ်ဦးသည် ငွေကြေးများယူဆောင်သွားပြီး အငှားယာဉ်ငှား၍မရသဖြင့် ၅၁ လိုင်းကားဖြင့် မြို့ထဲသို့တက်သွားသည်ဟု ကနဦးသတင်းအရ သိရသည်။
ကိုခက်
0 comments :
Post a Comment