ဇနီးမယားတယောက်ဆိုတာ..

ကြည့်ရန်နှိပ်ပါ။

ဇနီးတစ်ယောက်ရဲ့တန်ဖိုး

ရုပ်အဆင်းအဂါင်္လှပတဲ့ ဇနီးတစ်ယောက်ဟာ အပေါင်းအသင်းတွေကြား အမြင်တင့်ပါတယ်။ ပညာတတ်ပြီး အသိဉာဏ်ရှိတဲ့ ဇနီးမယားရဲ့ တန်ဖိုးဟာ လူတကာအလယ်မှာ...တင့်တယ်ပါတယ်။ စိတ်ရင်းကောင်းမွန်မှုရှိတဲ့ ဇနီးမယားရဲ့ တန်ဖိုးဟာဆွေမျိုးအသိုင်းအဝန်း ကြားမှာ... တင့်တယ်လွန်းလှတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့... ဇနီးမယားတစ်ယောက်ရဲ့တန်ဖိုးဟာ ခင်ပွန်းသည် ဒုက္ခရောက်နေချိန်မှာ တန်ဖိုးကြီးမားလွန်းလှပါတယ်။

 တိုင်ပင်ဖော်တိုင်ပင်ဖက်... အကြံကောင်းပေးနိုင်တဲ့ဇနီးမယား တစ်ယောက် ရထားရင်တော့... ခင်ပွန်းသည်ရဲ့ဘဝရဲ့အကောင်းဆုံး လက်ဆောင်ပါပဲ။ စားဖွယ်သောက်ဖွယ်ကောင်းကို စီမံချက်ပြုတ်တတ်တာဟာလည်း ခင်ပွန်းသည်တွေ အိမ်ကပ်ဆေးပဲလေ။ အတင်းအဖျင်းတွေမပြောတတ်ဘဲ လူမှုရေးပြဿ နာတွေမရှုပ်တတ်ရင်တော့ ဇနီးကောင်းတစ်ယောက်ပေါ့။ 

လောကဓံအတိုက်အခိုက်တွေကြုံလာရင် ဘာသာတရားနဲ့ နှစ်သိမ့်ပေးနိုင်သူကတော့ အမွန်မြတ်ဆုံးပါရမီဖြည့်ဖက်တစ်ဦးပဲပေါ့.... မိန်းမသားသဘာဝအားငယ်ချိန်မှာ ခင်ပွန်းဟာဖခင်တစ်ယောက်လို.... တိုင်ပင်စရာကိစ္စရပ်တွေမှာ အစ်ကိုတစ်ယောက်လို.. ခွင့်လွှတ်ရမယ့် အရာတွေမှာ မောင်တစ်ယောက်လို.. ဝါသနာတူတဲ့ အလုပ်တွေလုပ်ချိန်မှာ သူငယ်ချင်းလို... ခူးခပ်ကျွေးမွေးချိန်မှာ သားငယ်တစ်ယောက်လို... ပြုစုယုယချိန်မှာမှာ ချစ်သူတစ်ယောက်လို.... သဘောထား ခဲ့ရင်တော့ မယားမြတ်တစ်ယောက်ပေါ့ ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းတစ်ယောက်ကို နိဗ္ဗာန်အထိ ပါရမီဖြည့်နိုင်သလို...ငရဲရောက်အောင်လည်းလုပ်နိုင်ပါတယ်။ တကယ်ချစ်တတ်တဲ့ ဇနီးမယားဆိုတာ ခင်ပွန်းနှုတ်က ဖွင့်ဟစရာ မလိုဘဲ သူ့ရဲ့စိတ်ဆန္ဒကို အလိုလိုသိနေသူပဲပေါ့။

 မဟူရာ နတ်သမီး

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...