လိမ္မာယဉ်ကျေးတဲ့ လူရည်သန့်ဖုတ်ကောင်တွေကိုပဲ အာမခံနဲ့သွင်းပေးမှာဖြစ်လို့ ဖုတ်ကောင်သောင်းကျန်းပြီးစရိုက်ကျမှာကို ပူစရာမလို
ဆောင်းရာသီအထူးအစီအစဉ်အနေနဲ့ ဆီလီကွန်အရုပ်များကို အထူးလျှော့ဈေးနဲ့ဖုတ်သွင်းပေးနေပါပြီ။
1/4 က လိမ္မာယဉ်ကျေးတဲ့ လူရည်သန့်ဖုတ်ကောင်တွေကိုပဲ အာမခံနဲ့သွင်းပေးမှာဖြစ်လို့ ဖုတ်ကောင်သောင်းကျန်းပြီးစရိုက်ကျမှာကို ပူစရာမလိုတော့ပါ။
ကိုယ်နဲ့ ပညာအရည်အချင်းနဲ့ဥာဏ်ရည်တူညီတဲ့ ဖုတ်ကောင်ကို မှာယူနိုင်တာကြောင့် စကားစမြည်ပြောဖို့လည်း အဆင်ပြေမှာပါ။
ဒါအပြင်ကိုယ်ကြိုက်တဲ့စရိုက်နဲ့ဖုတ်ကောင်ကို(သွေးအမျိုးအစားအလိုက်/မွေးနှစ်အလိုက်) ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် မျက်နှာကြောမတည့်မှာလည်းစိုးရိမ်စရာမလိုပါ။
ဖုတ်ကောင်မှာရှိရမယ့်အရည်အချင်းကိုလည်း အထူးရွေးချယ်မှာယူနိုင်ပါသေးတယ်(ဥပမာ - စာရင်းစစ်နိုင်နင်းရမည်၊ အင်္ဂလိပ်စာဘာသာပြန်တော်ရမည်၊ အနင်းအနှိပ်ကျွမ်းကျင်ရမည်)။
အရုပ်ထဲက ဖုတ်ကောင်ကို မလိုချင်တော့ဘူးဆိုရင်လည်း ဖုတ်ကောင်ချုပ်ထားတဲ့အင်းကွက်လေးကို မီးရှို့ပြာချ လိုက်ရုံပါပဲ။
တစ်ခါဖုတ်သွင်းထားရင် အင်းကွက်မီးမလောင်မချင်း အသက်ဝင်နေမှာဖြစ်လို့ ရေရှည်အတွက်လည်း အဆင်ပြေပါတယ်။ ပညာအရည်အချင်းနဲ့ စရိုက်ကိုလိုက်ပြီး ဖုတ်ကောင်ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။
ဘွဲ့မရ ဖုတ်ကောင် ငပျင်း(ထွေထွေထူးထူးခိုင်းမရ၊ ကြက်ဥပဲကြော်တတ်၊ ပြောလိုက်ရင်လည်း ချက်ချင်းမပေါက်ဘဲထူပိန်း) ဆို ဖုတ်သွင်းခ သုံးသိန်းရှိပြီး
PhD ဖုတ်ကောင်၊ ထူးချွန်ထက်မြက်သည့်ဖုတ်ကောင်ဆိုရင် အများဆုံး သိန်း နှစ်ဆယ်ထိ ရှိပါတယ်။ ၀ါရင့်ကျွမ်းကျင်တဲ့ အောက်လမ်းဆရာများကိုယ်တိုင် ကြီးကြပ်ပြီးဖုတ်သွင်းပေးမှာပါ။
ဖုတ်ကောင် ခိုင်းမကောင်းတော့ဘဲ ပေကပ်ကပ်လုပ်နေပြီဆိုရင် အပြင်ခဏလောက်ထွက်ခွင့်ပေးလိုက်ပါ။ သူဗိုက်ဆာနေလို့ပါ .. အစာရှာစားပြီးရင်ပြန်လာပါလိမ့်မယ်။
ခဏခဏ ပေကပ်ကပ်လုပ်နေရင်တော့ 1/4 ကိုပြန်လည်ဆက်သွယ်ပေးပါ။ အောက်လမ်းဆရာတစ်ယောက်လွှတ်ပြီး ဆေးကြိမ်လုံးနဲ့ ဆုံးမပေးပါမယ်။
ဖုတ်ကောင်မှာယူချင်တယ်ဆိုရင် အောက်မှာပေးထားတဲ့ link ကနေပြီး လိပ်စာ ဖုန်းနံပါတ်နဲ့ လိုတဲ့အချက်အလက်တွေ ဖြည့်ပေးခဲ့ပါ။
သင့်ရဲ့ ဆီလီကွန်ရုပ်ကို အိမ်တိုင်ရာရောက် လာသယ်ပြီးဖုတ်သွင်းပေးပါမယ်။ သင့်အိမ်ကနေ သေတ္တာနဲ့ထည့်ပြီးသယ်သွားတဲ့စီလီကွန်ရုပ်ဟာ လမ်းလျှောက်ပြီး အိမ်ပြန်လာတာကို အံ့သြဖွယ်တွေ့ရမှာပါ။
အချိန်အတိုင်းအတာကတော့ instock ရှိတဲ့ဖုတ်ဆို သုံးရက်အတွင်း သွင်းပေးမှာဖြစ်ပြီး ရှားပါးတဲ့ ဈေးကြီးတဲ့ဖုတ်တွေဆိုရင်တော့လိုက်ရှာဖမ်းရမှာဖြစ်လို့ တစ်လလောက်အထိ အချိန်ကြာနိုင်ပါတယ်။
ဖုတ်ကောင်အော်ဒါ link ပါ - https://goo.gl/forms/4qtg8PjkY4xJ6piy2
#ပေစိ
0 comments :
Post a Comment