ရာသီခွင်အလိုက် မတူညီတဲ့ အနမ်းပုံစံတွေကို လေ့လာမယ်


သင့်ရာသီခွင်နဲ့ သင့်နမ်းပုံနဲ့ ကိုက်ညီလား? အပြည့်အစုံ လေ့လာမယ်..။


မွေးဖွားတဲ့လအလိုက် မတူညီတဲ့ ရာသီခွင်ပိုင်ရှင်တွေဟာ ကံကြမ္မာနဲ့ အမူအကျင့်မှာသာမဟုတ် အနမ်းအပေါ် တပ်မက်ပုံကလည်း မတူညီကြပါဘူးတဲ့။ ဒီတော့ ရာသီခွင်အလိုက် မတူညီတဲ့ အနမ်းပုံစံတွေကို လေ့လာရင်း သင်နဲ့ကိုက်ညီမှု ရှိမရှိ လေ့လာကြည့်ရအောင်။ 

Aries 
ရိုးမန့်စ်ဖြစ်တာကို ကြိုက်တတ်သူတွေဖြစ်ပြီး သွက်သွက်နဲ့ တပ်တပ်မက်မက် နမ်းရခြင်းကို နှစ်သက်ကြတယ်။ 

Taurus 
ခပ်ကြာကြာနဲ့ စွဲစွဲလမ်းလမ်း အကြင်နာပေးရတာကို နှစ်သက်ကြတယ်။ ထို့အတူ နက်နက်ရှိုင်းရှိုင်းနဲ့ အနမ်းပေးရတာကို သဘောကျတယ်။ 

Gemini 
နမ်းရင်းနဲ့ပဲ အနမ်းမှာ မျောပါသွားတတ်ကြသူတွေပါ။ အနမ်းပေးပြီးရင်လည်း ကျေကျေနပ်နပ် ပြုံးနေတတ်ကြပါသေးတယ်။ 

Cancer 
သူတို့ကလည်း ရိုးမန့်စ်တွေကို ခံမင်တတ်တဲ့ အမျိုးပါပဲ။ မိမိစိတ်ကျေနပ်ခြင်းထက် ချစ်သူက မိမိအနမ်းကို စွဲလမ်းစေဖို့ ပိုမိုအားထုတ်လေ့ ရှိကြပါတယ်။ 

Leo 
ခပ်ကြမ်းကြမ်းနဲ့ မက်မက်စက်စက် အနမ်းပေးရတာကို နှစ်သက်ကြသူတွေပါ။ နမ်းနေရင်းနဲ့ ခန္ဓာကိုယ်က လိုက်ပါလှုပ်ရှားတတ်ကြပါတယ်။ 

Virgo 
အနုအရွလေးတွေကို ခံမင်တတ်သူများဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း အကြင်နာပေးရခြင်းထက် နုနုရွရွနဲ့ စိမ်ပြေနပြေ အနမ်းပေးရခြင်းကို ပိုမိုခံမင်တတ်ကြပါတယ်။

Libra 
အနမ်းဟာ ချစ်ခြင်းတရားရဲ့ သင်္ကေတလို့ ယုံကြည်ကြသူတွေပါ။ ချစ်သူအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို အနမ်းရဲ့ အနုအရွတွေနဲ့ ထုတ်ဖော်ပြသလိုကြသူတွေ ဖြစ်ပါတယ်။ 

Scorpio 
နမ်းပြီဟေ့ဆိုရင်း ဦးဆောင်ရမှ ကျေနပ်တဲ့လူစားမျိုးပါ။ သူလိုချင်တဲ့ပုံစံနောက်ကို ချစ်သူက လိုက်ပေးနိုင်ရင် အလွန်ပဲကျေနပ်ကြပါတယ်။ 

Sagittarius 
သူတို့နဲ့ အနမ်းပေးခွင့်ရပြီဆိုရင်တော့ နမ်းရုံလေးနဲ့ ရပ်မနေပါနဲ့ ကိုယ်ခန္ဓာနဲ့ လက်တွေကလည်း အလိုက်သင့်လေး လှုပ်ရှားဆော့ကစားနေသင့်ပါတယ်။ 

Capricorn 
နေ့ရက်တိုင်းမှာ အနမ်းတွေကို ခုံမင်တမ်းတနေတတ်သူပါ။ ရင်ခုန်စိတ်လှုပ်ရှားရတဲ့ အနမ်းမျိုးကို သဘောကျနှစ်သက်ကြပါတယ်။ 

Aquarius 
အနမ်းလေးတစ်ခုပေးရုံနဲ့ အပြန်အလှန်နှောင်ဖွဲ့သွားရတာမျိုးကို မကြိုက်ပါဘူး။ French Kiss မှာတော့ ဆရာတစ်ဆူပါ။ 

Pisces 
အချိန်ကြာကြာလေးဆွဲပြီး အနမ်းပေးရတာကို နှစ်သက်သလို၊ အကြည့်ချင်းဆုံ ရင်ခုန်တတ်ကြသူတွေပါ။ နွေးနွေးထွေးထွေးနဲ့ ကြင်ကြင်နာနာ အကြင်နာပေးလိုကြသူတွေ ဖြစ်ပါတယ်။ 

Credit - Momolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...