မြန်မာနိုင်ငံရေးလောက ဖတ်ကြည့်သင့်ပါတယ်..။

စာမဖတ်ပဲ ကွန်မန့်ပေးသောသူများသည် ရောင်ဝါးမှန်း လူသိမည်။
မြန်မာနိုင်ငံရေးလောကကို ထိုင်းလူမျိုးတစ်ဦး၏အမြင်
ထိုင်း, မလေးရှား, အင်ဒိုနီးရှားနိုင်ငံတွေက မှုစလင်တွေက
မြန်မာသံရုံးတွေရှေ့ အမေစုအစိုးရကို ဆန္ဒပြနေကြပီ..မောင်တော ကုလားစစ်ဆင်ရေးကိစ္စနှင့်ပက်သက်ပီး
လူ့အခွင့်အရေးအကာကွယ်မှု့မပေးနိုင်လို့ ငြိမ်းချမ်းရေးနိုဗယ်ဆုကိုပါရုတ်သိမ်းပေးဖို့တောင်းဆိုနေကြလေရဲ့.. အမေစုဖိုတိုတွေ အာဏာရှင် လူ့အခွင့်ရေးဖောက်ပြန်သူတစ်ယောက်အဖြစ် ရေးသားမှတ်တမ်းတင်ကြပြီး ဆန္ဒထုတ်ဖော်နေကြပီဖြစ်သည်..
သူတို့ဘာကြောင့် အမေစုအစိုးရကို ဆန္ဒပြသလဲလို့ ကျနော်ကသိလျှက်နဲ့ ကျနော့နဲ့ခင်မင်တဲ့ ထိုင်းလူမျိုးတစ်ယောက်ကို မေးကြည့်တာ..
အောက်ပါအတိုင်းဖြေဆိုပါတယ်..
...........
အောင်ဆန်းစုကြည်အစိုးရဟာ ဒီမိုကရေစီအစိုးရဖြစ်တဲ့အလျှောက် လူမျိုးတိုင်းဘာသာတိုင်းအတွက် တရားဥပဒေဖော်ဆောင်ထားတဲ့အတိုင်း ဥပဒေအရ ကာကွယ်မှု့တွေပေးတဲ့ မှုဝါဒ အစိုးရဖြစ်တယ်..
ဒါပေမဲ့ မြန်မာပြည်ကို ခိုးဝင်လာ ပြည်တွင်းမွေးဖွားသူမှုစလင်တွေနဲ့ရောသောနေထိုင်ပြီး ရိုဟင်ဂျာ တိုင်းရင်သားလို့ တောင်းဆိုလာတဲ့ ဘင်္ဂါလီ ကုလားတွေဟာ အရင်အစိုးရတွေလက်ထက်က နယ်ထိန်း
မြို့ထိန်း ပြည်နယ်ထိန်းတွေကို ငွေကြေးမြောက်များမက်လုံးပေးပြီး လက်ဝါးချင်းရိုက်ထားနိုင်တော့ သူတို့အနေနဲ့ မြန်မာပြည်ထဲ အနေချောင် အစားချောင်နေခဲ့ကြရပြီး နောက်ဆုံးအင်အားများလာတာနဲ့အမျှ ရိုဟင်ဂျာလူမျိုးတိုင်းရင်းသားတွေပါလို့ ကမ္ဘာနိုင်ငံတွေသိအောင် ကြွေးကြော်နိုင်တဲ့အထိ လူမျိုးရေးအငြင်းပွားမှု့ပြသနာကကြီးထွားလာတာဖြစ်ပါတယ်..
အဲသလို ဆယ်စုနှစ်ချီ ဖြတ်သန်းလာနိုင်တဲ့ ဘင်္ဂါလီတွေဟာ အောင်ဆန်းစုကြည်ကို အမြင်လွှဲပြီး အကြီးကျယ်မျှော်လင့်ခဲ့တယ်ထင်ပါတယ်..ဘယ်လိုအမြင်လွှဲလဲဆိုတော့ ကမ္ဘာငြိမ်းချမ်းရေးနိုဗယ်ဆုရှင် အောင်ဆန်းစုကြည်ဟာ လူ့သားဝါဒတရားကို အလေးထားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အလျောက် သူမသာအစိုးရဖြစ်လာရင် ငါတို့ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးနိုင်တယ်လို့ ယုံကြည်ခဲ့ကြဟန်ရှိတယ်
ဒါဟာ အရမ်းလွဲတဲ့လွဲချော်မှု့ပါ.. ဘင်္ဂါလီတွေဟာ ဒီမိုကရေစီကို မခံစားဖူးတဲ့လူတွေဖြစ်နိုင်တယ် ဒါကြောင့်လဲ ဒီမိုကရေစီမှုဝါဒကိုနားမလည်ပဲ.. အလွဲတွေးခဲ့ကြတာလေ..
အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီမှုဝါဒရှင်စစ်စစ်ဖြစ်နေတော့.. ဘင်္ဂါလီတွေရဲ့ယုံကြည်ချက်က အလွဲကြီးလွဲခဲ့ရတယ်..
အောင်ဆန်းစုကြည်အစိုးရအဖွဲ့တက်လာပီးနောက်ပိုင်းမှာ ဘင်္ဂါလီ တွေဟာသူတို့ထင်ထားသလိုမျိုးမဟုတ်ပဲ..အစိုးရက လူ့အခွင့်အရေးနဲ့မသမာခိုးဝင်လူတန်းစား အဲဒီနှစ်ခုကိုခွဲထုတ်ပစ်လိုက်တယ်..
သဘောကတော့..ခိုးဝင်ကခိုးဝင်ပဲ..ဒါကြောင့် ဒီနိုင်ငံသားမဟုတ်အလျောက် အားလုံးကိုစီစစ်ပီး ကိုယ့်နေရာကိုယ်ပြန်နေကြရမယ်ဆိုတဲ့ သဘောမျိုးတွေဖြစ်လာတော့.. ဘင်္ဂါလီတွေဟာ အောင်ဆန်းစုကြည်လည်း အာလကားပဲ..ဆိုပြီးဖြစ်လာပါတယ်..အရင်ကလိုနေရာပြန်ရအောင် နယ်ထိန်း မြို့ထိန်း ပြည်နယ်ထိန်းတွေကို လက်ဝါးချင်းရိုက်နိုင်အောင်လည်းကြိုးစားကြသေးတယ်ထင်ပါတယ် ဒါပေမဲ့ အောင်ဆန်းစုကြည်အစိုးရက လာဘ်စားမှု့ကို အချိန်ပြည့်စောင့်ကြည့်နေတော့ ဘင်္ဂါလီတွေဟာ အရင်ကလိုမအောင်မြင်တော့ပဲ..နေမြေကျဉ်းလာတော့ နောက်ဆုံးဖြစ်ချင်ရာဖြစ် အစိုးရဋ္ဌာနကိုစပြီးအကြမ်းဖက်ကြတာပါပဲ..
အမေရိကန်ကိုအောင်ဆန်းစုကြည်သွားတုန်းက ဘင်္ဂါလီအကြမ်းဖက်မှု့ကြောင့် စစ်တပ်ကချေမှုန်းနေတာကို
ဘာကြောင့်လဲ လို့မေးတော့ အောင်ဆန်းစုကြည်က ဒီစစ်ပွဲဟာ ငါတို့တပ်မတော်ကလူ့အခွင့်အရေးချိုးဖောက်နေတာမဟုတ်ဘူး..အကြမ်းဖက်မှု့ကိုနှိမ်နင်းနေတာပါလို့ ဖြေကြားလိုက်တော့ တစ်ကမ္ဘာလုံး အသံတိတ်သွားခဲ့တယ်လေ..
အခုဆန္ဒပြနေသူတွေကတော့ ဒီစစ်ပွဲကို ရပ်လိုရပ်ငြား ဆန္ဒဖော်ထုတ်နေကြတာပါ ဘယ်သူမှသူတို့ဘက်ကအားမပေးခဲ့ပါဘူး..ငါတို့အစိုးရဘက်ကလည်း မြန်မာသံရုံးရှေ့ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒမဖော်ထုတ်ပဲ အကြမ်းဖက်မှု့မျိုးလုပ်ရင်တော့ ကိုယ့်နိုင်ငံသားဖြစ်ပေမဲ့လည်း သည်းခံမှာမဟုတ်ဘူးလို့ကြိုတင်ထုတ်ပြန်ထားပြီးသားပါ..
မင်းတို့က ငါတို့ထက်မဆိုးဘူး..မင်းတို့မှာက အရင်လူတွေလာဘ်စားပြီး ကုလားခေါ်သွင်းရုံ ငါတို့နိုင်ငံမှာက အရင်လူတွေ မှတ်ပုံတင်ပါထုတ်ပေးပီး နိုင်ငံသားအဖြစ်သတ်မှတ်ထားခဲ့တာကွာပါတယ်..
မင်းတို့နိုင်ငံက အချိန်တွေအများကြီးရပါသေးတယ်.. အောင်ဆန်းစုကြည်လုပ်ဆောင်သွားပါလိမ့်မယ် လူထုကသာ နောက်ကညီညီညာညာလိုက်ကြဖို့ အားမလျော့ဖို့အရေးကြီးတာပါ..ဟိုမင်းတို့ဘုန်းကြီးဟစ်တလာအဖွဲ့ကိုတော့ မပြောချင်တော့ပါဘူး
အားလုံးစည်းလုံးကြပါစေ..
ကျေးဇူးပါ ဖီးဖွန်လ်
.....
ကျနော်အဲသလိုနားထောင်ပြီး မြန်မာပြည်က အမျိုးချစ်တွေကသာ အမေစုကိုကုလားအားပေးစွပ်စွဲနေကြတာ သူတပါးနိုင်ငံသားတွေမြန်မာနိုင်ငံရေးအမြင်ပေါ်မှာ အမေစုကုလားအားပေးတယ်ဆိုတဲ့အချက်တစ်ချက်မှမပါဘူး..ဒီမိုကရေစီပေါ်ပေါက်ဖို့ နိုင်ငံရေးပြသနာအားလုံးကိုကြံကြံခံတွန်းလှန်သွားနေတဲ့ သဘောမျိုးတွေပဲပါတယ်..အမေစုဟာ ဒီမိုကရေစီဝါဒရှင်ပီပီ လူ့အခွင့်အရေးကိုဦးစားပေးသူတစ်ယောက်ဖြစ်ပေမဲ့..စည်းမျဉ်းစည်းခြား ချမတ်ထားလုပ်ဆောင်တဲ့သဘောမျိုးတွေပဲပါတယ်..
ကုလားတွေတောင်အရင်ကလိုအခွင့်အရေးမရတော့လို့ အမေစုအစိုးရကို မှုစလင်တွေကတောင် ဆန္ဒပြနေချိန် ကျနော်တို့မြန်မာပြည်က လူ့တစ်စုကတော့ အခုထိNLDတက်ရင်ကုလားပြည်ဖြစ်မယ်လုပ်နေကြသေးတာ အံသြမိပါရဲ့..
ကြည်ဖြူဇော်
https://www.facebook.com/kyiphyu.zaw.1/posts/197342764058135

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...