မွေးတုန်းအားတယ် မွေးပီးမှ မအားလို့ ကလေးထိန်းကျောင်းပို့တဲ့ မိဘများကြည့်ပါ။

ကလေးကို ငိုလို့တဲ့ ပါးတွေချည်းရိုက်ပြီး ကိုင်ပေါက်နေတာ မကြည့်စရာပါ..။


လသားအရွယ်ကလေးငယ်တစ်ဦးကို နေ့ကလေးထိန်း အမျိုးသမီးတစ်ဦးက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကလေးငယ်ဟာ ဦးခေါင်းခွံအနောက်ဘက် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံအနောက်ဘက်ဒေသ ခါဂျာဆိုတဲ့အရပ်က နေ့ကလေးထိန်း မူကြိုတစ်ခုမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ မိဘနှစ်ဦးဟာ သူတို့ရဲ့ ကိုးလအရွယ်ကလေးငယ်ကို နေ့ကလေးထိန်းကျောင်း ပထမဆုံးပို့ခဲ့တဲ့ ရက်မှာပဲ ဒီလိုထိတ်လန့်စရာ ဖြစ်ရပ် ကြုံခဲ့ကြရတာဖြစ်ပါတယ်။

နေ့ကလေးထိန်းကျောင်းက ကလေးငယ်တွေကို စောင့်ရှောက်ပေးသူ အမျိုးသမီးဟာ ကိုးလအရွယ် ကလေးငယ်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေခဲ့တာ စီစီတီဗွီကတစ်ဆင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရစ်သီရှားလို့ အမည်ရတဲ့ အဆိုပါကလေးငယ်ဟာ ပထမဆုံးနေ့ကလေးထိန်းကျောင်းသွားပြီး မိဘတွေကလာခေါ်တဲ့အချိန်မှာ မျက်လုံးအောက်ဒဏ်ရာ ရနေခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် အိမ်ပြန်ရောက်တဲ့အခါလည်း ဘာမှမစားတော့ဘဲ ငြိမ်နေခဲ့တာကို ဖခင်ဖြစ်သူက သတိပြုမိခဲ့တာပါ။

ဒါတင်မကဘဲ ကလေးငယ်ရဲ့နောက်ဘက်မှာလည်း ဒဏ်ရာအချို့ တွေ့ခဲ့ရပါသေးတယ်။ နောက်တစ်နေ့ဆေးခန်းသွားပြတဲ့အခါ ကလေးငယ်ဟာ ဦးခေါင်းခွံနောက်ဘက် အတွင်းမှာကျိုးပဲ့တဲ့ ဒဏ်ရာရရှိနေတယ်ဆိုတာ မိဘနှစ်ပါးသိလိုက်ရပါတယ်။ ဒါ့အပြင် ဦးခေါင်းအတွင်း သွေးယိုစိမ့်မှုကိုလည်းခံစားနေခဲ့ရတာပါ။ အခုတော့ နေ့ကလေးထိန်းကျောင်းပိုင်ရှင်နဲ့ စောင့်ရှောက်ပေးသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Source : Mirror
duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...