နောက်မီးလင်းမိတာကို ဘယ်သူမှရိုက်မစစ်ရပါဘဲ ကိုယ်တိုင်ဖော်လိုက်မိသလိုဖြစ်ပြီး ဟိုးလေးကျော်သွာ

ခရီးထွက်နေစဉ်မှာ ချစ်သူ ဆီကို ပုံတွေပို့ပေးခဲ့ပါတယ်။ သမီးရည်စားအချင်းချင်း ဖြစ်တဲ့အတွက် အပေါ်ပိုင်း ဟင်းလင်းပုံတွေ ပို့ပေးခဲ့တာသိပ်မဆန်းပေမယ့် ဆန်းတာက အလုပ်ရှင်သူဌေး နဲ့ အတူ သူမဟာ အခန်းတစ်ခုတည်းမှာပဲ တည်းခိုနေတာပါပဲ။
Jackie အမည်ရတဲ့ အမျိုးသမီးဟာ အတ္တလန္တာကို သူမရဲ့ ဘော့စ်နဲ့ စီးပွားရေးကိစ္စအတွက် ခရီးထွက်နေစဉ်မှာ ချစ်သူ Liam ဆီကို ပုံတွေပို့ပေးခဲ့ပါတယ်။ သမီးရည်စားအချင်းချင်း ဖြစ်တဲ့အတွက် အပေါ်ပိုင်း ဟင်းလင်းပုံတွေ ပို့ပေးခဲ့တာသိပ်မဆန်းပေမယ့် ဆန်းတာက အလုပ်ရှင်သူဌေး Tom နဲ့ အတူ သူမဟာ အခန်းတစ်ခုတည်းမှာပဲ တည်းခိုနေတာပါပဲ။
ဒါကို အကင်းပါးတဲ့ Liam က ချက်ချင်း သိရှိခဲ့ပါတယ်။ အစကတော့ Jackie က အဝေးရောက်နေသူမို့ ချစ်သူ ကျေနပ်စေဖို့ ၀တ်လစ်စလစ်ပုံတွေ ပို့ပေးခဲ့တာပါဘဲ။ ငါးကြော်ကြီးရှိပါရဲ့ ရေးထဲက ငါးပူတင်းကို မျက်စောင်းလှမ်းထိုးနေသေးတဲ့ သဘောပါ။ ဒါပေမယ့် Liam ဆိုတဲ့ ငါးပူတင်းက အကင်းပါးပြီး အဆိပ်ပြင်းပါတယ်။
အရင်ဆုံး သတိထားမိတာက Jackie ပို့ပေးတဲ့ ပုံထဲမှာ အစင်းကျား ခရီးဆောင် အိတ်တစ်လုံးပါဝင်လာခဲ့ပါတယ်။ Liam က ဒါကို မြင်ပြီး ဒီအိတ်ဟာ သူ့ချစ်သူ Jackie ရဲ့ အိပ်မဟုတ်ဖူးဆိုတာ ချက်ချင်းသိခဲ့ပါတယ်။ Jackie က ” ဟေ့ ဘေဘီ .. နောက်ဆုံးတော့ ဟိုတယ်အခန်းရပြီ … ရေချိုးရုံပဲရှိတော့တယ် … လေယာဉ်က နည်းနည်းနောက်ကျလို့ ဆောရီးနော်” ဆိုပြီး ဘရာဇီယာ၊ စကပ်အနက်နဲ့ပုံကို လှမ်းပို့ခဲ့ပါတယ်။
အဲဒီနောက် ဘရာကို ချွတ်ပြီး ထပ်ပို့လိုက်တဲ့ ပုံမှာ အစင်းကျား အိတ်ကို Liam က လှမ်းမြင်လိုက်ပါတယ်။ ” နေဦး အခန်းထဲမှာ မင်းတစ်ယောက်ထဲလား “ဆိုပြီး မေးတော့ Jackie က ” အစစ်ပေါ့ အတ္တလန်တာမှာ ဘယ်သူမှ အသိမှ မရှိတာ”ဆိုပြီး ဖြီးခဲ့ပါတယ်။

Liam က ” ဟုတ်ပြီ ဟုတ်ပြီ နင့်အခန်းနံပတ် ဘယ်လောက်လဲ ” ဆိုပြီး မေးတော့ ” 1422 မယုံရင် ဖုန်းခေါ်ကြည့်”ဆိုပြီးဖြစ်သွားပါတယ်။ အဲဒီနောက် Liam က ” ငါ ဟိုတယ်ကို ဆက်သွယ်ပြီးပြီး … နင့်နာမည်က 1422 မှာ စာရင်းမရှိပါဘူး … ဒါပေမယ့် 1422 ကို Tom က ယူထားပါတယ်လို့ ဟော်တယ်က ဖြေတယ် … ဒါက ရှင်းနေတာပဲ နင်က ငါ့ကို ငတုံးမှတ်နေတာလား “ဆိုပြီး ပြောခဲ့ပါတယ်။
 အဲဒီနောက် Liam ကပဲ ဆက်လက်ပြီး ” မင်းနဲ့ မင်းသူဌေး ခရီးတစ်ခု စီစဉ်ပြီဆိုကတည်းက မင်းတို့နှစ်ယောက် ပတ်သက်မှု ဘယ်လောက်လဲဆိုတာက ငါ သိတယ်ဟေ့ … နင် ဒုတိယပို့တဲ့ ပုံထဲမှာ အစင်းကျားနဲ့အိတ်က မင်းအိတ်မ
ဟုတ်ဘူး … လိမ်ဖို့ ကြိုးစားမနေနဲ့တော့ “စသဖြင့် ကြိမ်းမောင်းကာ ဇတ်လမ်းတစ်ခု အဆုံးသတ်သွားပါတယ်။ Jackie အတ္တလန္တာက ပြန်လာတဲ့အချိန် Liam ကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
နတ်စည်တော် (Shwemom)
source : thesun.co.uk


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...