ထီးချိုင့်မြို့နယ်တွင် ဦးဇင်းတစ်ပါးမှ မုဒိန်းမှု ကျူး လွန်

 အော်ဟစ် အကူအညီ တောင်းမယ် လုပ်တော့ ပါးစပ်ကို ကိုက်ထားပြီး မအော် နိုင်အောင် လုပ်ထားပါတယ် ။ နောက်တော့...
ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ အလယ်တောအုပ်စု၊ အင်ကျင်းကုန်း ကျေးရွာ မှာ နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လည် ပိုင်းအချိန်မှာ မုဒိန်းမှု ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ် ။ 

အင်ကြင်းကုန်း ကျေးရွာနေ (မ....) အသက် (၁၈) နှစ်အား မိခင်များ တောင်ယာသို့ သွားနေခိုက် (မ....) တစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ အင်ကြင်းကုန်း ဘုန်းကြီးကျောင်းမှ ဦးဇင်းသုဘောဂ၊ ဝါတော် (၁၇) နှစ်ဝါ၊ အသက် (၃၆) နှစ်၊ လူအမည် မောင်နိုင် (ဘ) ဦးမိုး၊ မှ နေအိမ်ပေါ်သို့ တက်လာပြီး အိမ်ခန်းအတွင်း အတင်းဆွဲခေါ်ပြီး သားမယား ပြုကျင့် ခဲ့ပါတယ် ။ 
 "တစ်ယောက်တည်းအိမ်မှာ ရှိနေတဲ့ အချိန်မှာ ကျွန်မ နာမည်ကို ခေါ်ပြီး အိမ်ပေါ်ကို တက်လာခဲ့ပါတယ်။ ပြီးတော့ အိမ်ခန်းထဲ အတင်းဆွဲခေါ်ပြီး သားမယားပြုကျင့်တယ်။ အော်ဟစ် အကူအညီ တောင်းမယ် လုပ်တော့ ပါးစပ်ကို ကိုက်ထားပြီး မအော် နိုင်အောင် လုပ်ထားပါတယ် ။ နောက်တော့ ညီမလေး နေ့ကျောင်းဆင်း အပြန်မှာ အခုလို မဖွယ်မယာ ပြုကျင့်နေတာကို တွေ့မြင်သွားတဲ့အတွက် ဦးဇင်း မှ ကျောင်း ကို ပြန်သွားပါတယ်" ဟု (မ...) က ထွက်ဆို ထားသည် ။
၎င်းဖြစ်စဉ်အား မိဘများပြန်လာစဉ် ပြောပြပြီး နိုဝင်ဘာလ (၂၆) ရက်နေ့ မနက် (၂း၃၀) နာရီအချိန်တွင် တိုင်တန်းခဲ့ရာ ဦးဇင်း သုဘောဂ လူအမည် မောင်နိုင်အား (ပ) ၃၉၂/ ၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၇၆) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ထီးချိုင့် မြို့မရဲစခန်း မှ သိရှိရပါတယ် ။ 

(မိန်းကလေး အမည်နှင့် မိဘများအမည်အား ချန်လှပ် ထားသည် ကို စာဖတ်သူများ အနေနှင့် နားလည်ပေးစေ ချင်ပါသည် ။)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...