တစ်ပါးသူတစ်ယောက်က မိမိအကြောင်းတွေ အမြဲတွေးပြီး မိမိကို ချစ်စိတ်ဝင်လာအောင် ပြုလုပ်တဲ့ အစီအရင်

( လူတစ်ယောက် ကို ကိုယ့်အကြောင်းတွေ တွေးပြီး ချစ်စိတ် ဖြစ်လာစေမယ့် အစီအရင်လေးပါ ။ ) သောကြာ နေ့ညမှာ လုပ်ရမှာဖြစ်လို့
ဒီနေ့ ကြာသာပတေးနေ့လို့ ဆိုပါစို့...။
လုပ်ချင်သူတွေ မနက်ဖြန် ည အဆင်သင့် လုပ်လို့ရတာပေါဗျာ။ အဲ့ လုပ်ချင်မှလုပ်နော် ။ အတင်းမတိုက်တွန်းဘူး :-) ။ ယုံကြည်တယ်ဆိုရင်တော့လုပ်ပါ။ ကြိုက်တယ်ဆိုရင် ပြောပြပြီ။
ဒီအစီအရင်ကို သောကြာနေ့ ညဘက် အချိန်မှာ
လုပ်ရမှာပါ။ လသာနေဖို့လည်းလိုပါတယ် ။ လပြည့်စရာမလိုပါဘူး ၊ လရောင်ရှိနေရင်ရပါပြီ။
အစီအရင် လုပ်မည့်သူက အပြုခံရမယ့် သူ
( မိမိပြုစား ချင်သူ ) ရဲ့ နာမည်အရင်းကို သိထားဖို့လိုပါတယ်။
လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက :
၁ . ကလပ် ခွက် တစ်ခု
၂ . အနီရောင် ဖယောင်းတိုင် ၁ တိုင်
+++++++++++++++++++
သောကြာည တစ်ခုမှာ အိမ်အပြင်ဘက်ကိုထွက်ပြီး ပြုလုပ်ပါ။
စက်ဝိုင်းတစ်ခု ဆွဲ ပြီးတော့ စက်ဝိုင်းမြောက်ဘက် အစွန်းမှာ ကလပ် ကိုအသေအချာ ထားပါ ။
ရေ ကိုပိုင်စိုးသော ပုဂ္ဂိုလ် ၊ မြေကို ပိုင်စိုးသော ပုဂ္ဂိုလ် ၊ လေကို ပိုင်စိုးသော ပုဂ္ဂိုလ် ၊ မီးကို ပိုင်စိုးသော ပုဂ္ဂိုလ် များကို ဒီစက်ဝိုင်းအတွင်းရောက်လာစေရန် ဖိတ်ခေါ်ပါ၊
မိမိပြုစား မည့်သူ နာမည်တစ်လုံးကို ဖယောင်းတိုင် မှာထွင်းပါ ။
ဖယောင်းတိုင် ကို ကလပ်ဘေးမှာ စိုက်ပါ။ မီးမထွန်းပါနဲ့ဦး။
စက်ဝိုင်းအရှေ့မှာထိုင်ပြီး ။ စိတ်ကို စုစည်းထားပါ၊
ပြုစားလိုသူကို စိတ်ထဲမှာ မြင် လိုက်ပါ။
ပြီးတော့ဖယောင်းတိုင် အပေါ်ကို လရောင်ဖျာကျနေချိန်မှာ အောက်ပါ ဂါထာကိုရွတ်ဆိုပါ ။
......
.. Diana, Goddess of love,I ask that you hear me.Please let ( သင်ပြုစားမည့်သူ နာမည် )Send love towards me.So mote it be.
......
အဲ့နောက် ဖယောင်းတိုင် ကိုမီးထွန်းပြီး ၃ ကြိမ် ရွတ်ပါ။
....
... May you think about me day and night, ( သင့် ချစ်သူ နာမည် ).
....
ရွတ်ဆိုပြီးနောက် ဖယောင်းတိုင်ကို ကောက်ယူပြီး
နမ်းလိုက်ပါ ။
မီးတောက်ကို စိုက်ကြည့်ပြီး စိတ်ထဲမှာ သင်တို့၂ယောက် ချစ်နေကြတယ်လို့ စက္ကန့် ၃၀ လောက် ပုံဖော်လိုက်ပါ ။ ရေ မြေ လေ မီး စောင့် ပုဂ္ဂိုလ် များကိုလည်း ကျေးဇူးတင်ပါတယ် ဆိုတဲ့အကြောင်း ပြောပြီး ပြန်လွှတ်ပါ။
ပြီးရင်တော့ ဖယောင်းတိုင် ကို ပြန်ထားပြီး ၊
ဖယောင်းတိုင် မီးငြိမ်းတဲ့အထိ အဲ့အတိုင်းထားလိုက်ပါ ခင်ဗျာ ။
ဒါဆိုရင် အစီအရင် ပြီးပြည့်စုံ ပါပြီ။
ယုံကြည်ပါ က ပြုလုပ်နိုင်ပါတယ် ခင်ဗျာ ။
တစ်ခုကျန်ခဲ့တယ် ရေလေမြေမီး ဓါတ်ကြီးလေးပါး ကိုခေါ်တဲ့အခါ အရှင်ဘုရား တို့ ကြွပါ ဘုရားတို့ သုံးနှုန်းပင့် စရာမလိုပါဘူး။ ရေကို အစိုးရတဲ့ နတ်မင်း သနား ဂရုဏာ ထားပြီး ဒီစက်ဝိုင်းထဲ ၀င်ပေးပါ ။
ဆိုရင် လုံလောက် ပါပြီ။
အားလုံး ကိုကျေးဇူးအထူးတင်ပါတယ် ။
အဆင်ပြေကြပါစေ ...... ။ ။
........ ( နတ်ဆိုး ) ........
မှော်ပညာ အောက်လမ်းအကြောင်း တစေ့တစောင်း

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...