ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထမြန်မာနိုင်ငံ တည်ထောင်သူအဖြစ် မြန်မာ့သမိုင်းမှာ ဖော်ပြမယ်


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စတုတ္ထမြန်မာနိုင်ငံတည်ထောင်သူအဖြစ် မြန်မာ့သမိုင်းရေးသားတဲ့နေရာမှာ အတိအလင်းဖော်ပြသွားမယ်လို့ မြန်မာ့သမိုင်းအဖွဲ့ အဖွဲ့ဝင်ဒေါက်တာတိုးလှက ပြောပါတယ်။ ပထမမြန်မာနိုင်ငံကိုတည်ထောင်သူက အနော်ရထာ၊ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်သူက ဘုရင့်နောင်၊ တတိယမြန်မာနိုင်ငံကို တည်ထောင်သူမှာ အလောင်းမင်းတရားအဖြစ် လူတိုင်းသိ ပြီးဖြစ်ပေမယ့် စတုတ္ထမြန်မာနိုင်ငံတည်ထောင်သူကို ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သမိုင်းမှာ အတိအလင်းဖော်ပြထားတာမရှိသေးကြောင်း ဒေါက်တာတိုးလှက ပြောပါတယ်။

"ကိုလိုနီခေတ်ကနေလွတ် မြောက်လာပြီး စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်ခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းလို့ အတိအလင်းဖော်ပြသွားမယ် "လို့ ဒေါက်တာတိုးလှက ဒီမိုကရေစီတူဒေးသတင်းစာကို နိုဝင်ဘာ ၁၄ ရက်က ပြောပါတယ်။ လွတ်လပ်ရေးရပြီးချိန်ကနေ ဒီနေ့အထိ သမိုင်းမှန်ပြုစုဖို့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ မြန်မာ့သမိုင်းအဖွဲ့ကိုလွန်ခဲ့တဲ့ အောက်တိုဘာလထဲမှာ  သမိုင်းပညာရှင် ၁၄ ဦးနဲ့  ဖွဲ့စည်းခဲ့ပြီး သမိုင်းမှန်ပြုစုမှု ကြာချိန်မှာ သုံးနှစ်ဝန်းကျင်ဖြစ်မယ်လို့ ဒေါက်တာတိုးလှက ပြောပါတယ်။ 

Source & Photo : Yangon Time

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...