မနောရဲ့ ကြာဖြူ နဲ့ ဗိုလ်အောင်ဒင်..ဆိုသည်မှာ..

မနောရဲ့ ကြာဖြူ နဲ့ ဗိုလ်အောင်ဒင်..ဆိုသည်မှာ..
ခင်ဗျားတို့ တစ်ချိန်လုံး ကြားကြားနေရတဲ့ မနောဆိုတဲ့ အဆိုတော်လေးမှာ ဇာတ်လမ်းလေးတွေ ရှိတယ်ဗျ။ “ကြာဖြူ ” ဆိုတာ တကယ်တော့ သူ့ငယ်ရည်းစား။ သူတို့ရွာမှာ အလှဆုံး ကွမ်းတောင်ကိုင်ပေါ့။ အလှူတော် မင်္ဂလာတွေမှာ သူမပါရင် မဖြစ်လေ။ ညနေ နေရီ နေရီဆိုရင် ကြာဖြူက သနပ်ခါးလေး လိမ်းပြီး ရေခပ်ဆင်းတဲ့ အချိန် ဘော်ဒီဂတ် လိုက်လုပ်ပေးခဲ့တာ။ စကားပြောရင် အေးဆေးပြီး တည်ငြိမ်နေသူလေး ကြာဖြူကလည်း သူ့ကို ဂရုစိုက်ရှာပါတယ်။ ဒါကြောင့် ဒီလို ဂရုစိုက်တာလေး ချစ်တယ် ဆိုပြီး မနောက ရည်းစားစကား ပြောခဲ့တာပေါ့။
ဒါပေမယ့် မနောဟာ သင်္ကြန်မှာ မုန်လုံး ရေပေါ်လုံးရင်း မိချောဆိုတဲ့ ကလေးမနဲ့ ငြိသွားလို့ ကြာဖြူက စိတ်ဆိုးပြီး အဆက်ဖြတ် သွားတယ်။ သူ့ခမြာ “ကြာဖြူရေ၊ ကြာဖြူရေ” ဆိုပြီး လွမ်းလို့ မဆုံးရှာဘူး။ မိချောကလည်း တကယ်တော့ သူ့ကို တကယ်ချစ်လို့ မဟုတ်ပါဘူး။ သူစီးနေတဲ့ ဆိုင်ကယ်ကြီး သဘောကျလို့ ချစ်ချင် ဟန်ဆောင်ခဲ့တာ။ ဖြစ်ချင်တော့ သူ့အိမ်က နွားကြီး အိုသွားလို့ နွားသတ်ရုံ ပို့လိုက်ရတဲ့အတွက် ဆိုင်ကယ်လေးရောင်း ပြီး နွားပြန်ဝယ်ခဲ့ရတယ်။
ဆိုင်ကယ် မရှိတဲ့နောက် မိချောက သူ့ကို အဖက် မလုပ်တော့ဘူး။ သူလည်း စိတ်ဆိုးဆိုးနဲ့ မိချောဆီက ၀ယ်ပေးထားတဲ့ အင်္ကျီတွေရော၊ အကြွေး ငါးထောင်ပါ ပြန်တောင်း ပါလေရော။
မိချောနဲ့ ခွာပြဲသွားတော့ အဆက်ဟောင်း ကြာဖြူကို ပြန်ကပ် တယ်လေ။ ကြာဖြူက သူကြီးသားနဲ့ ဘာလိုလို ဖြစ်နေတော့ ငါက ဗိုလ်အောင်ဒင် ဆိုပြီး ကြမ်းပြ၊ ရမ်းပြရ ပြန်ရော။ ကောင်မလေးကို မထိနဲ့၊ မိုက်ရင် ထွက်ခဲ့လို့ သူကြီးသားကို သွားဖြဲခဲ့တာလေ။ လူကြမ်းကြီး ပေမယ့် အသည်းကနုတဲ့ သူ့ကို သနားပါ ဆိုပြီး တောင်းပန်တာပေါ့။ ဒါပေမယ့် သူက ဘယ်လောက်ပဲ ခေါ်ပါ ပြောပါ နှုတ်ဆက်ပါလို့ ပြောနေပေမယ့် သစ္စာမရှိတဲ့ သူ့ကို ကြာဖြူက စိတ်ပြန် မလည်လာတော့ပါဘူး။ အချစ်စစ်ရဲ့ တန်ဖိုးကို သိသွားတဲ့ မနောဟာ နောက်ဆုံးမှာ အကောင်းဆုံး အရှုံးသမားဆိုတဲ့ ဘွဲ့ကိုပိုက်ရင်း သူတို့ရဲ့ ကမ်းစပ်က ဒဏ္ဍာရီ လေးကို အဆုံးသတ် လိုက်ပါတော့တယ်….
.
(ဖွဘုတ်ရဲ့ လမ်းချိုးလေးတစ်ခုမှာ မထင်မှတ်ပဲ အရင်ဘဝရေစက်ကြောင့် တွေ့လိုက်ရတဲ့ ပိုင်ရှင်မဲ့လို့ ပြောရတော့မယ့် စာစုလေးပါ) 😀
Credit – Ko Min

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...